ဇေဖနိအနာဂတ္တိကျမ်း  
 1
 1  ယုဒ ရှင်ဘုရင် အာမုန် သား  ယောရှိ မင်းလက်ထက်  ၊ ဟိဇကိ  ၊ အာမရိ  ၊ ဂေဒလိ  တို့မှ ဆင်းသက်သော ကုရှိ ၏သား  ဇေဖနိ သို့  ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊  2  ပြည် တပြည်လုံး ၌  ရှိလေသမျှ တို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား  မိန့်  တော်မူ၏။  3  လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ရှင်း မည်။ မိုဃ်း ကောင်းကင် ငှက် နှင့်  ပင်လယ် ငါး တို့ကို၎င်း၊ အဓမ္မ  လူတို့ နှင့်တကွ ပြစ်မှား စရာအကြောင်းတို့ကို၎င်းငါပယ်ရှင်းမည်။ မြေ တပြင်လုံး ၌ ရှိသောလူ သတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်း မည်ဟု ထာဝရဘုရား  မိန့် တော်မူ၏။  4  ယုဒ ပြည်သူ၊ ယေရုရှလင် မြို့ သားအပေါင်း တို့ကို ငါတိုက် ၍ ၊ ဤ  အရပ် ၌  ကျန် ကြွင်းသော ဗာလ  ဘုရား၏ တပည့်တို့နှင့်  ယဇ် ပုရောဟိတ်အမျိုးမျိုးတို့ကို၎င်း ၊  5  ကောင်းကင် တန်ဆာ များကို အိမ်မိုး ပေါ် မှာ ကိုးကွယ် သောသူ၊ ထာဝရဘုရား  နှင့်  မာလခံ ဘုရားကို တိုင်တည် လျက် ကျိန်ဆိုကိုးကွယ် သောသူတို့ ကို၎င်း ၊  6  ထာဝရဘုရား ၏နောက် တော်သို့ မလိုက်၊ ဆုတ်  သွားသောသူ၊ ထာဝရဘုရား  ကို မ  ရှာဖွေ ၊ မ  မေးမြန်း သောသူတို့ ကို၎င်း ငါပယ်ရှင်း မည်။  7  အရှင် ထာဝရဘုရား ၏ရှေ့ တော်၌  ငြိမ်ဝပ် စွာ နေကြလော့။ ထာဝရဘုရား  ၏နေ့ နီး ပြီ။ ထာဝရဘုရား  သည် မိမိယဇ် ပွဲတော်ကို ပြင်ဆင် ၍၊ ပွဲဝင် သောသူတို့ ကို သန့်ရှင်းစေတော်မူပြီ။  8  ထာဝရဘုရား ပွဲခံတော်မူသောနေ့  ၌  မင်း များ၊ ဆွေ တော် မျိုးတော်များနှင့်  ထူးခြားစွာ ဝတ် သောသူများ အပေါင်း တို့ကို ငါစစ်ကြော မည်။  9  သူတပါး၏အိမ်တံခါးခုံ ကို ကျော် ၍ အနိုင်အထက်  ပြုခြင်း၊ လှည့်စား ခြင်းအားဖြင့်ရသောဥစ္စာနှင့် မိမိ  သခင် ၏ အိမ် ကို ပြည့် စေသောသူအပေါင်း တို့ကိုလည်း ထို  နေ့ ၌  ငါစစ်ကြော မည်။  10  ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို  နေ့ ၌  ငါး တံခါးဝ မှာ  အော်ဟစ် သံ ကို၎င်း ၊ ဒုတိယ  မြို့၌  ငိုကြွေး မြည်တမ်းသံကို၎င်း ၊ တောင်ရိုး ၌  ပြင်း စွာချိုးဖျက် သံကို၎င်း ကြားရ၏။  11  မတ္တေရှ အရပ် သားတို့၊ ငိုကြွေး မြည်တမ်းကြလော့ ။ ကုန်သည် အပေါင်း တို့သည် ပြတ် ကြပြီ။ ငွေ ကို ဆောင် သောသူအပေါင်း တို့သည် ဆုံး  ကြပြီ။  12  ထို ကာလ ၌  ငါသည် မီးခွက် ကို ကိုင်၍ ယေရုရှလင်  မြို့ကို စစ်ကြောမည်။ ထာဝရဘုရား  သည် ကျေးဇူး ကိုလည်း မ  ပြု၊ အပြစ် ကိုလည်း  မ ပေးဟု အောက်မေ့ လျက်၊ မိမိ  တို့အနည် အဖတ်ပေါ် ၌ နေရာ  ကျသောသူ တို့ ကို  ငါစစ်ကြော မည်။  13  ထိုသူ တို့၏ဥစ္စာ ကို သူတပါးလုယူ ၍ ၊ သူ  တို့၏ နေရာ  သည် လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ အိမ် ကို ဆောက် သော်လည်း  မ နေ ရကြ။ စပျစ် ဥယျာဉ်ကို စိုက်  သော်လည်း စပျစ်ရည် ကို မ  သောက် ရကြ။  14  ထာဝရဘုရား ၏နေ့ ကြီး နီး ပြီ။ နီး  ပြီ။ အလျင်အမြန်  လာ၏။ ထာဝရဘုရား  ၏ နေ့  သိတင်း သည် နား၌ ခါး ၏။ ထိုနေ့၌ သူရဲ  သည် အော်ဟစ် လိမ့်မည်။  15  ထို နေ့ သည် အမျက် ထွက်သောနေ့ ၊ ဆင်းရဲ ပူပန်  ခြင်းကို ခံရသောနေ့  ၊ သုတ်သင် ပယ်ရှင်းဖျက်ဆီး ရာနေ့ ၊ အလင်း ကွယ်၍  မှောင်မိုက် သောနေ့ ၊ မိုဃ်းအုံ့ ၍  ထူထပ် သောမှောင်မိုက် ဖုံးလွှမ်းသောနေ့ ၊  16  ခိုင်ခံ့ သောမြို့ ၊ မြင့် သောရဲတိုက် တို့တဘက် ၌ တံပိုး  မှုတ်၍  ကြွေးကြော် ရာနေ့ ဖြစ်၏။  17  သူတို့သည် ထာဝရဘုရား  ကို  ပြစ်မှား သောကြောင့်  ၊ သူ  တို့ကို  ငါညှဉ်းဆဲ သဖြင့်  မျက်စိ မမြင်သော သူကဲ့သို့  သွား ကြလိမ့်မည်။ သူ  တို့အသွေး ကို မြေမှုန့် ကဲ့သို့ သွန်း ၍  အသား ကိုလည်း မစင် ကဲ့သို့ မှတ်ကြလိမ့်မည်။  18  ထာဝရဘုရား  အမျက် ထွက်တော်မူသောနေ့  ၌  သူ တို့ရွှေ ငွေ သည် သူ  တို့ကို မ  ကယ်တင် နိုင် ရာ။ ဒေါသ  အမျက်တော်မီး သည် တပြည်လုံး ကို လောင် လိမ့်မည်။ ပြည်သူ ပြည်သားအပေါင်း တို့ကို အလျင်အမြန် စီရင် ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။