ဇာခရိအနာဂတ္တိကျမ်း  
 1
 1  ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ အဋ္ဌမ  လ တွင် ၊ ဣဒေါ သား  ဗာရခိ ၏သား  ပရောဖက် ဇာခရိ သို့  ရောက် လာသော ထာဝရဘုရား  ၏နှုတ်ကပတ် တော်ဟူမူကား၊  2  ထာဝရဘုရား သည် သင် တို့ဘိုးဘေး များကို အလွန်အမျက် ထွက်တော်မူပြီ။  3  သို့သော်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ  ဘုရား၏အမိန့် တော်ကို သူ  တို့အား  ဆင့်ဆို ရမည် မှာ၊ ငါ့ ထံသို့ ပြန် ၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ငါသည်လည်း သင် တို့ရှိရာသို့ ပြန် လာမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။  4  ရှေး ပရောဖက် တို့က၊ သင် တို့မ ကောင်းသော လမ်း ၊ မ  ကောင်းသောအကျင့်  များကို ယခု  ကြဉ်ရှောင် ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  မိန့် တော်မူသည်ကို  ဆင့်ဆို လျက်  ကြွေးကြော် သော်လည်း နားမ ကြား ၊ ငါ့ စကားကို လည်း  နား မ ထောင်သော သင် တို့ဘိုးဘေး များကဲ့သို့ မ ပြု ကြနှင့်ဟု၊ ထာဝရဘုရား  မိန့် တော်မူ ၏။  5  ဘိုးဘေး တို့သည် အဘယ် မှာရှိကြသနည်း။ ပရောဖက် တို့သည် အစဉ်အမြဲ အသက်ရှင်  တတ်ကြ သလော  ။  6  ငါ ၏ ကျွန် ပရောဖက် တို့၌  ငါမှာ ထားသော ငါ ၏ ပညတ် စကား တို့သည် သင် တို့ဘိုးဘေး များကို မှီ ကြပြီ မ  ဟုတ်လော ။ သူတို့သည် သတိရ  ၍  ငါ တို့ကျင့်ကြံ ပြုမူ သည်နှင့် အလျောက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား  သည် ငါ တို့၌  စီရင် မည်ဟု အကြံ  ရှိတော်မူသည်အတိုင်း ၊ စီရင် တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့် တော်မူ၏။  7  ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ ဧကာ  ဒသမလ တည်းဟူသော ရှေဗတ် လ နှစ် ဆယ်လေး ရက်နေ့ တွင်၊ ထာဝရဘုရား  ၏နှုတ်ကပတ် တော်သည် ဣဒေါ သား ဖြစ်သော ဗာရခိ  ၏သား  ပရောဖက် ဇာခရိ သို့  ရောက် လာ၍၊  8  ညဉ့် အခါမြင် ရသောရူပါရုံဟူမူကား ၊ မြင်း နီ ကို  စီး သော လူ  တဦးသည် ထင်ရှား ၍  ချိုင့် တွင် ရှိသောမုရတု  တော၌  ရပ် ၏။ သူ့  နောက် မှာနီ သောမြင်း ၊ ညို  သော မြင်း၊ ဖြူ သောမြင်းတို့သည် ရှိကြ၏။  9  ငါကလည်း ၊ အိုသခင် ၊ ထို  သူတို့ကား အဘယ် သူနည်းဟုမေး  သော်၊ ငါ နှင့် ပြောဆို သော ကောင်းကင် တမန် က၊ ထို  သူ တို့ကား အဘယ် သူဖြစ်သည်ကို ငါ ပြ မည်ဟု ဆို  ပြီးမှ ၊  10  မုရတု တော၌  ရပ် သော လူ  က၊ ထို  သူတို့သည် မြေကြီး အရပ်ရပ် တို့ကို လှည့်လည်၍ သွား စေခြင်းငှါ ၊ ထာဝရဘုရား  စေလွှတ် တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော ၏။  11  ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး  အရပ်ရပ် တို့ကို လှည့်လည်၍ သွား ပါပြီ။ မြေကြီး  တရှောက်လုံး သည်အမှုမရှိ၊ ငြိမ်ဝပ် လျက်ရှိပါ၏ဟု၊ မုရတု  တော၌ ရပ် သော ထာဝရဘုရား  ၏ ကောင်းကင်  တမန်အား  ပြန်လျှောက် ကြ၏။  12  တဖန်  ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အို ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အနှစ် ခုနစ် ဆယ်ပတ်လုံးအမျက်ထွက် တော်မူသောယေရုရှလင် မြို့နှင့်  ယုဒ မြို့ များကို  အဘယ် မျှကာလ ပတ်လုံးမ သနား ဘဲ နေတော်မူမည်နည်းဟု မေးလျှောက် သော် ၊  13  ထာဝရဘုရား သည် ငါ နှင့် ပြောဆို သော ကောင်းကင်  တမန်အား  ကောင်း သောစကား ၊ နှစ်သိမ့် စေသော စကား  ပြန်ပြော တော်မူ၏။  14  ငါ နှင့်  ပြောဆို သော ကောင်းကင် တမန်ကလည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ  ဘုရား၏ အမိန့် တော်ကို  ဆင့်ဆို ၍  ကြွေးကြော် ရမည်မှာ၊ ငါသည် ယေရုရှလင် မြို့နှင့်  ဇိအုန် တောင်အဘို့  အလွန်ကြင်နာ သောစိတ်အား ကြီး၏။  15  ငြိမ်ဝပ် စွာနေသောတပါး အမျိုးသားတို့ကို အလွန် အမျက် ထွက်၏။ အကြောင်း မူကား၊ ငါ သည် ယေရုရှလင်မြို့ကို အနည်းငယ် အမျက် ထွက်သောအခါ  သူတို့သည် ဝိုင်း ၍  ညှဉ်းဆဲ ကြပြီ။  16  ထိုကြောင့် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကျေးဇူး ပြုချင်သောစိတ်နှင့်  ယေရုရှလင် မြို့သို့  ငါပြန် လာ ပြီ။ ဤ  မြို့တွင်  ငါ့ အိမ် ကို တည်ဆောက် ရမည်။ မြို့ ရွာကို လည်း  တိုင်းထွာ ရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  မိန့် တော်မူ၏။  17  တဖန်  ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ  ဘုရား ၏အမိန့် တော်ကို ဆင့်ဆို ၍  ကြွေးကြော် ရမည်မှာ၊ ငါ ၏ မြို့ရွာတို့သည် အရပ်ရပ် ၌ နှံ့ပြား၍ စည်ပင်ကြ လိမ့်မည်။ ထာဝရဘုရား  သည် ဇိအုန် တောင်သားတို့ကို နှစ်သိမ့်  စေဦးမည်။ ယေရုရှလင် မြို့သားတို့ကို  ရွေးကောက် ၍  ပြုစု ဦးမည်ဟု မိန့် တော်မူ၏။  18  တဖန်  ငါမျှော်ကြည့် ၍  ဦးချို လေး ချောင်းကို မြင် ၏။  19  ငါ နှင့်  ပြောဆို သော ကောင်းကင် တမန်အား  လည်း ၊ ထို  ဦးချိုတို့ကား အဘယ်သို့ နည်းဟု မေးမြန်း သော် ၊ ထို  ဦးချိုတို့သည် ယုဒ  ပြည်၊ ဣသရေလ  ပြည်၊ ယေရုရှလင်  မြို့တို့ကို အရပ်ရပ်သို့ ကွဲပြား စေသော ဦးချို ဖြစ်သည်ဟု ပြန်ပြော ၏။  20  ထာဝရဘုရား သည်လည်း  လက်သမား လေး ဦးတို့ကို ပြ တော်မူ၏။  21  ငါကလည်း၊ ဤ  သူတို့သည် အဘယ် အမှုကို ပြု ခြင်းငှါ  လာ ပါသနည်းဟု မေးလျှောက် သော် ၊ ကောင်းကင် တမန်က၊ ထို  ဦးချို တို့သည် အဘယ်သူမျှမျှော် ၍ မ  ကြည့်ဝံ့အောင်၊ ယုဒ  ပြည်သားတို့ကို ကွဲပြား စေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒ  ပြည်သား တို့ ကို ကွဲပြား စေခြင်းငှာ တိုက်လာသောထိုဦးချို တို့ကို ခြိမ်းမောင်း ၍၊ တပါး အမျိုး၏ ဦးချို တို့ကို ရှုတ်ချ သောသူ ဖြစ် ကြသည်ဟု ပြန်ပြော ၏။