တိတုဩဝါဒစာ  
 1
 1  မုသာ နှင့် ကင်းစင် တော်မူ သော ဘုရားသခင် သည်၊ ရှေး ကပ်ကာလ မ ရောက်မှီ ဂတိ  ထားတော်မူ၍၊ ငါ တို့ကိုကယ်တင် သော အရှင်ဘုရားသခင် ၏ ပညတ် တော်အတိုင်း  2  ငါ ၌အပ် ထားသော တရား  ဟောခြင်း၊ အခွင့်အားဖြင့် တော်လျော်သောအချိန် ၌၊ နှုတ်ကပတ် တရားတော်ကို ထင်ရှား စေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရ အသက် ကို မြော်လင့် သည်ဖြစ်၍၊ ဘုရား  ဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား  ကိုဝန်ခံ ခြင်းအလိုငှာ၎င်း  3  ဘုရားသခင် ရွေးကောက် တော်မူသော သူတို့၏ ယုံကြည် ခြင်းအလိုငှာ ၎င်း၊ ဘုရားသခင် ၏ ကျွန် တည်းဟူသော၊ ယေရှု ခရစ် ၏ တမန်တော် ဖြစ်သောငါပေါလု သည်  4  ဆက်ဆံ သောယုံကြည် ခြင်းအားဖြင့် ငါ့သား စစ် ဖြစ်သော တိတု  ကိုကြားလိုက်ပါ၏။ ငါ တို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှု ခရစ် နှင့်  ခမည်းတော် ဘုရားသခင့် အထံ တော်က ကျေးဇူး ၊ ကရုဏာ၊ ငြိမ်သက် ခြင်းရှိပါစေသော။  5  ငါ သည် သင့် ကို မှာထား ခဲ့နှင့်သည်အတိုင်း ၊ ကရေတေ  ကျွန်း၌  မ စုံလင်သမျှ တို့ကို ပြင်ဆင် ၍ ၊ မြို့ ရွာ များ၌  သင်းအုပ် တို့ကို ခန့်ထား စေခြင်းငှာ ၊ ထို  ကျွန်း၌ သင့် ကို ငါထား ခဲ့သတည်း။  6  အပြစ်တင် ခွင့်နှင့်ကင်းလွတ်သောသူ၊ မယား  တစ်ယောက်တည်း ရှိသောသူ ဖြစ် လျှင် ၎င်း၊ သူ၏သားသမီး  တို့သည် ကာမဂုဏ်၌  လွန်ကျူး သည်ဟု အပြစ်တင် ခြင်း၊ နား  မထောင်ခြင်းနှင့် လွတ်၍ ယုံကြည် လျှင်၎င်း၊ ထိုသို့သောသူကို ခန့်ထားအပ်၏။  7  အကြောင်းမူကား ၊ သင်းအုပ် သည် ဘုရားသခင် ၏ ဘဏ္ဍာစိုး  ကဲ့သို့ ၊ အပြစ်တင် ခွင့်နှင့် ကင်းလွတ်သော သူဖြစ် ရမည်။ ကိုယ် အလိုသို့ လိုက်တတ်သောသူ၊ စိတ်တို သောသူ၊ စပျစ်ရည် နှင့်ပျော်မွေ့သောသူ၊ သူတစ်ပါး ကို ရိုက်ပုတ်သောသူ၊ မ  စင်ကြယ်သောစီးပွားကို တပ်မက်သောသူ မ  ဖြစ် ရဘဲ  8  ဧည့်သည် ဝတ်ကိုပြုတတ်သောသူ၊ သူတော်ကောင်း နှင့်အဆွေဖွဲ့သောသူ၊ ဣန္ဒြေ စောင့်သောသူ၊ ဖြောင့်မတ် သောသူ၊ သန့်ရှင်း သောသူ၊ ကာမဂုဏ် ကို ချုပ်တည်းသောသူဖြစ်ရမည်။  9  စင်ကြယ် သော ဩဝါဒ အားဖြင့် တိုက်တွန်း သွေးဆောင်ခြင်းငှာ၎င်း၊ ငြင်းခုံ သောသူ တို့၏ စကား  ကို ချေခြင်းငှာ၎င်း တတ်နိုင် မည်အကြောင်း ၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ် ရမည်။  10  အကြောင်းမူကား၊ နား  မထောင်ဘဲအချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြား တတ်သောသူအများ  ရှိကြ၏။ အရေဖျားလှီး ခြင်းကို ခံသောသူ  တို့တွင်လည်း  အထူးသဖြင့် ရှိကြ၏။  11  ထိုသူ တို့၏နှုတ် ကိုပိတ်ရ မည်။ သူတို့သည် မ  စင်ကြယ်သော စီးပွား ကိုတပ်မက်လျက်၊ မ  ပေးအပ်သော ဩဝါဒ ကိုပေး၍၊ တစ်အိမ်ထောင် လုံး ကို မှောက်လှန် တတ်ကြ၏။  12  သူ တို့အပါအဝင် ၊ အမျိုးသား ချင်းပရောဖက်  ဆရာတယောက်က၊ ကရက် သားမြဲ ၊ မုသာ  စွဲလမ်း၊ သားရဲ  ကြမ်းကြုတ် ၊ စားကြူး တုတ်တုတ်၊ လူယုတ် ပေဟု စပ်ဆို သတည်း။  13  ဤ သက်သေ မှန် ၏။ ထိုကြောင့် ၊ သူ  တို့သည် ယုဒ  ဒဏ္ဍာရီ စကားကို၎င်း ၊ သမ္မာတရား  ကိုစွန့် သောလူ တို့၏ ပညတ် တို့ကို၎င်း  14  အမှု မ ထားဘဲ ယုံကြည် ခြင်းအမှု၌  စင်ကြယ် စေခြင်းငှာ ၊ သူတို့ကို ကျပ်တည်း စွာ ဆုံးမ  ပြစ်တင်လော့။  15  စင်ကြယ် သောသူတို့အား  ခပ်သိမ်း သောအရာတို့သည် စင်ကြယ် လျက်ရှိကြ၏။ မ  စင်ကြယ်၊ မယုံကြည် သောသူတို့အား အဘယ် အရာမျှမစင်ကြယ် ။ သူ  တို့၏ နှလုံးလည်း မ  စင်ကြယ်။ ကိုယ်ကိုကိုယ် သိသောစိတ်  လည်း မစင်ကြယ်။  16  သူတို့သည် ဘုရားသခင် ကို သိ  ယောင်ဆောင် သော်လည်း ။ အကျင့် အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ၏။ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ နားမထောင် သောသူ၊ ကောင်း သောအမှု တစ်ခုကိုမျှ ပြုတတ်သော ဉာဏ် မရှိသောသူဖြစ် ကြ၏။