ယောနဝတ္ထု။  
 1
 1  အမိတ္တဲ ၏သား  ယောန သို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊  2  သင်ထ ၍ နိနေဝေ  မြို့ ကြီး သို့  သွား ပြီးလျှင် ၊ ခြိမ်းချောက် သောစကားနှင့် ကြွေးကြော် လော့။ ထိုမြို့ပြုသောဒုစရိုက် အပြစ်သည် ငါ့ ရှေ့ သို့  တက် လာပြီဟု မိန့် တော်မူ၏။  3  သို့သော်လည်း ၊ ယောန  သည် ထာဝရဘုရား  ထံ  တော်မှ  တာရှု မြို့သို့ ပြေး မည့် အကြံရှိသည်နှင့် ထ  လျက်  ယုပ္ပေ မြို့သို့သွား ၍ ရောက်သဖြင့် ၊ တာရှု မြို့သို့သွား သော သင်္ဘော ကို တွေ့ကြုံ ၍  သင်္ဘော ခ ကို ပေး  ပြီးလျှင် ၊ ထာဝရဘုရား  ထံ တော်မှ  သင်္ဘောသား တို့နှင့်အတူ  တာရှု မြို့သို့  လိုက် ခြင်းငှါ သင်္ဘော ကို  စီး လေ၏။  4  ထာဝရဘုရား သည်လည်း  ပြင်းစွာ သောလေ ကို ပင်လယ် ပေါ် သို့ စေလွှတ် တော်မူသဖြင့် ၊ ပင်လယ် ၌  ကြီးစွာ  သော မိုဃ်းသက်မုန်တိုင်း ဖြစ် ၍ ၊ သင်္ဘော သည် ပျက်  လုသောလက္ခဏာ ရှိ၏။  5  ထိုအခါ  သင်္ဘောသား တို့သည် ကြောက်ရွံ့ ၍  အသီးအသီး မိမိ တို့ဘုရား ကို  အော်ဟစ် ကြ၏။ သင်္ဘော  ပေါ့ စေခြင်းငှါ ဝန် များကိုလည်း ပင်လယ် ထဲ သို့ ပစ်ချ ကြ ၏။ ယောန  မူကား ၊ သင်္ဘော ဝမ်း ထဲ သို့ ဆင်း ၍  အိပ်ပျော် လျက်နေ၏။  6  သင်္ဘော သူကြီးသည် လာ  ၍ ၊ အိုအိပ်ပျော် သောသူ ၊ အဘယ်သို့ နည်း။ ထ  လော့။ သင် ၏ဘုရား ကို ဆုတောင်း လော့။ ငါတို့အသက် လွတ်စေခြင်းငှါထိုဘုရား သည် ငါ တို့ ကို အောက်မေ့ ကောင်း အောက်မေ့လိမ့်မည်ဟု ဆို  ၏။  7  နောက် တဖန် သူတို့က၊ လာ  ကြ။ အဘယ်သူ ၏ အပြစ် ကြောင့် ဤ  အမှုရောက်သည်ကို ငါတို့သိ ရမည်အကြောင်း  စာရေးတံ ချ ကြကုန်အံ့ဟု တိုင်ပင် ၍ ၊ စာရေးတံ  ချ လျှင်  ယောန ၌  စာရေးတံ ကျ ၏။  8  တဖန်  သူတို့က၊ အဘယ်အပြစ် ကြောင့် ဤ  အမှု ရောက်သည် ကို ပြော ပါလော့။ သင် ဆောင်ရွက်သောအမှု  ကား၊ အဘယ်  အမှုနည်း။ သင်သည် အဘယ် အရပ်က  လာ သနည်း။ အဘယ်  ပြည် ၊ အဘယ် အမျိုးသား ဖြစ်သနည်း ဟု မေးမြန်း ကြသော်၊  9  ငါ သည် ဟေဗြဲ အမျိုးသားဖြစ်၏။ ရေ  မြေ ကို ဖန်ဆင်း တော်မူ သောကောင်းကင် ဘုံ၏အရှင်ဘုရား သခင်ထာဝရဘုရား ကို ကိုးကွယ် သောသူဖြစ်၏ဟု ဆို  လျှင် ၊  10  ထိုသူတို့သည် အလွန် ကြောက်ရွံ့ ၍ ၊ သင်သည် အဘယ်ကြောင့် ဤ သို့ပြု သနည်းဟုမေး  ကြ၏။ ယောန  သည် ထာဝရဘုရား  ထံ တော်မှ  မိမိ ပြေး ကြောင်းကို ဘော်ပြ  သောကြောင့် သူတို့သိ ကြ၏။  11  ထိုအခါ  ပင်လယ် ၌ လှိုင်းတံပိုးသည် တိုး  ၍ ထ  သောကြောင့်  သူတို့က၊ ငါ တို့၌  လှိုင်းတံပိုးငြိမ်း စေခြင်းငှါ သင့် ကို  အဘယ်သို့  ပြု ရပါမည်နည်းဟုမေး  ကြသော် ၊  12  ငါ့ ကိုချီ ၍  ပင်လယ် ထဲ သို့ ချ ပစ်ကြလော့။ သို့ပြုလျှင် ၊ လှိုင်းတံပိုးသည် သင် တို့၌  ငြိမ်း လိမ့်မည်။ ဤ  ပြင်းစွာ သော မိုဃ်းသက်မုန်တိုင်း သည် ငါ့ ကြောင့် သာ  သင် တို့အပေါ် သို့ ရောက်သည်ကို ငါ သိ ၏ဟု ပြန်ပြော သော်လည်း  ၊  13  သင်္ဘောသား တို့သည် ကမ်း သို့ ရောက် အံ့သောငှါ ပင်ပန်းစွာ တက် ခတ်ကြ၏။ သို့ရာတွင် ၊ သူ  တို့တဘက် ၌ လှိုင်းတံပိုးတိုး ၍  ထ သောကြောင့် ၊ သူတို့သည် မ  တတ်နိုင် သောအခါ ၊  14  အို  ထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တောင်းပန်  ပါ၏။ ဤ  သူ ၏အသက် ကြောင့်  အကျွန်ုပ်တို့သည် အကျိုး နည်း မ  ဖြစ်ပါစေနှင့်။ အပြစ် မရှိသောသူ၏အသက် သတ်  သောအပြစ်ကို အကျွန်ုပ် တို့၌  တင် တော်မ မူပါနှင့်။ အိုထာဝရဘုရား  ၊ ကိုယ်တော်သည် အလို  ရှိတော်မူသည် အတိုင်း  ပြု တော်မူ၏ဟု ထာဝရဘုရား  အား  ကြွေးကြော်  တောင်းပန် ပြီးမှ ၊  15  ယောန ကိုချီ ၍  ပင်လယ် ထဲ သို့ ချ ပစ်ကြ၏။ ထိုအခါ  ပင်လယ် လှိုင်းတံပိုးသည် ငြိမ်း လေ၏။  16  သင်္ဘောသား တို့သည်လည်း  ထာဝရဘုရား ကို အလွန် ကြောက်ရွံ့ သဖြင့်  ယဇ် ပူဇော် ၍  သစ္စာ ဂတိထားကြ ၏။  17  ယောန ကို မျို စေခြင်းငှါ ငါး ကြီး ကို ထာဝရဘုရား  ခန့် ထားတော်မူသည်နှင့်အညီ ၊ ယောန  သည် ငါး ၏ဝမ်း ထဲမှာ  သုံး ရက် ပတ်လုံးနေ ရ၏။