ယောဘဝတ္တု။  
 1
 1  ယောဘ အမည် ရှိသောသူတယောက်သည် ဥဇ  ပြည် ၌ နေ ၏။ ထို  သူ သည်စုံလင် ဖြောင့်မတ် ခြင်းရှိ ၏။ ဘုရား  သခင်ကို ကြောက်ရွံ သောသူ၊ မ  ကောင်းသောအကျင့်ကို  ရှောင် သောသူဖြစ်၏။  2  သား ခုနစ် ယောက်နှင့်  သမီး သုံး ယောက်ရှိ ၏။  3  သူ ၏ဥစ္စာ ကား၊ သိုး  ခုနစ် ထောင် ၊ ကုလားအုပ် သုံး ထောင် ၊ နွား ယှဉ်ငါး ရာ ၊ မြည်း မငါး ရာ ၊ ငယ်သား အတိုင်း မသိများ သည်ဖြစ်၍ ၊ ထို သူ သည် အရှေ့ မျက်နှာအရပ် သားတကာ တို့ထက်  သာ၍ကြီး သောသူဖြစ် ၏။  4  ယောဘ ၏ သား  တို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိ  တို့အိမ် ၌ ပွဲ ခံ သဖြင့် ၊ နှမ သုံး ယောက်ကို လည်းခေါ် ၍  အတူ စား သောက် လေ့ ရှိကြ၏။  5  ပွဲ ခံသောနေ့ ရက်လွန်သောအခါ ၊ ယောဘ သည်သူ တို့ကိုခေါ်၍  သန့်ရှင်း စေပြီးလျှင် နံနက် စောစောထ ၍  သူ တို့အရေ အတွက်အတိုင်း မီး  ရှို့သောယဇ်ကိုပူဇော် လေ့ရှိ၏။ အကြောင်း မူကား၊ ငါ့ သား တို့သည် မှားယွင်း ၍ စိတ် နှလုံးထဲ ၌ဘုရား သခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘ  အောက်မေ့ ၏။ ထိုသို့  ယောဘ သည် အစဉ် ပြု မြဲ ရှိ၏။  6  ဘုရား သခင်၏ သား  တို့သည်ထာဝရဘုရား ထံ တော်၌ ခစား  ခြင်းငှါ လာ ရသော နေ့ ရက်အချိန် ရောက်လျှင် ၊ စာတန် သည်လည်း  သူ တို့နှင့်ရောနှော၍လာ ၏။  7  ထာဝရဘုရား ကလည်း ၊ သင်သည်အဘယ် အရပ်က  လာ သနည်းဟုစာတန် ကို မေး တော်မူလျှင် ၊ စာတန် က၊ မြေကြီး ပေါ် မှာ လှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန် လျှောက်လေ၏။  8  ထာဝရဘုရား ကလည်း ၊ ငါ့ ကျွန် ယောဘ ကိုဆင်ခြင် ပြီလော။ မြေကြီး ပေါ် မှာသူ နှင့်  တူသောသူ တယောက်မျှမ ရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား  သခင်ကို ကြောက်ရွံ့ သောသူ၊ မ  ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်သည်ဟု စာတန် အား  မိန့် တော်မူ၏။  9  စာတန် ကလည်း ၊ ယောဘသည် အကျိုး မရဘဲ ဘုရား  ဝတ်ကို ပြုသလော။  10  ကိုယ်တော် သည် သူ့  ကိုယ်မှစ၍သူ့ အိမ် နှင့်  သူ့ ဥစ္စာ ရှိသမျှ  ပတ်လည် ၌ စောင်ရန်းကာ တော်မူသည် မဟုတ် လော။ သူ  ပြု လေသမျှတို့ကို ကောင်းကြီး ပေးတော်မူပြီ။ သူ့  သိုး နွားအစရှိသော တိရစ္ဆာန်တို့သည် မြေ ပေါ် မှာ အလွန်ပွားများ ကြပြီ။  11  ယခု မူကား ၊ လက် တော်ကိုဆန့် ၍ သူ  ၏ဥစ္စာရှိသမျှ ကို  ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌  ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရား  ကို ပြန် လျှောက်လေ၏။  12  ထာဝရဘုရား ကလည်း ၊ သူ ၏ဥစ္စာရှိသမျှ သည် သင့် လက် ၌ ရှိ၏။ သူ့  ကိုယ်တခုကိုသာ  မ ထိ မခိုက်နှင့်ဟု မိန့် တော်မူလျှင် ၊ စာတန် သည် ထာဝရဘုရား  ထံ တော်မှ  ထွက်သွား လေ၏။  13  တနေ့ သ၌ယောဘ ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် တွင် စား ၍  စပျစ်ရည် ကိုသောက် လျက် နေကြစဉ်၊  14  ယောဘ ထံ သို့ တမန် တယောက်လာ ၍ ၊ နွား တို့သည် လယ်ထွန် လျက်၊ သူ  တို့အနား မှာမြည်း မတို့သည် ကျက်စား လျက် ရှိကြသောအခါ၊  15  ရှေဘ အမျိုးသားတို့သည် တိုက် ယူ သွားကြပါပြီ။ လူ  စောင့်တို့ကိုလည်း  ထား နှင့် သတ် ၍ ကျွန်တော် တယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား  သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။  16  ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍၊ ဘုရား  သခင်၏မီး သည် မိုဃ်းကောင်းကင်  မှ  ကျ သဖြင့် ၊ သိုး များနှင့်  လူ စောင့်များတို့ကို  လောင် ၍ သူတို့သည်ကျွမ်း ကုန်ကြပါပြီ။ ကျွန်တော် တ ယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား  သိတင်းကြား ပြောရပါသည်ဟုလျှောက် လေ၏။  17  ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူ တယောက်သည်လာ ၍ ၊ ခါလဒဲ အမျိုးသားတပ် သုံး တပ် တို့သည် ချီ ၍  ကုလားအုပ် တို့ကို တိုက် ယူ သွားကြပါပြီ။ လူ  စောင့်တို့ကိုလည်း  ထား နှင့် သတ် ၍ ကျွန်တော် တ ယောက်တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား  သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။  18  ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍ ၊ ကိုယ်တော် ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် ၌  စား ၍  စပျစ်ရည် ကို သောက် လျက်နေကြသောအခါ၊  19  တော မှ လေ ကြီး လာ၍ အိမ် လေး ထောင့် ကို တိုက် သဖြင့် ၊ အိမ်သည် ထိုလုလင် တို့အပေါ် ၌ပြိုလဲ ပါ၏။ သူတို့သည်သေ ၍  ကျွန်တော် တ ယောက်တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား  သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။  20  ထိုအခါ  ယောဘ သည် ထ  ၍  မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း  ရိတ် ၍  မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင် ၊ ငါသည် အဝတ် မပါဘဲ အမိ  ဝမ်း ထဲက ထွက် လာ၏။  21  အဝတ် မပါဘဲ အမိဝမ်းထဲ သို့ ပြန် သွားတော့မည်။ ထာဝရဘုရား  ပေး တော်မူ၏။ ထာဝရဘုရား  လည်း  ရုပ်သိမ်း တော်မူ၏။ ထာဝရဘုရား  ၏ နာမ  တော်သည် မင်္ဂလာ ရှိပါစေသတည်းဟု ဆို  လေ၏။  22  ယောဘ သည် ဤ  အမှုများ နှင့် တွေ့ကြုံသော်လည်းမ မှားယွင်း။ ထာဝရဘုရား ကိုလည်းအပြစ်  မ တင်ဘဲနေ၏။