ဟောရှေအနာဂတ္တိကျမ်း  
 1
 1  ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ယောသံ  မင်း၊ အာခတ်  မင်း၊ ဟေဇကိ  မင်း၊ ဣသရေလ  ရှင်ဘုရင် ယောရှ သား  ယေရောဗောင် မင်းတို့လက်ထက် ၊ ဗေရိ  ၏ သား  ဟောရှေ သို့  ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် အစအဦးဟူမူကား၊  2  သင် သွား ၍ ပြည်တန်ဆာ မိန်းမ နှင့်တကွ သူဘွားမြင်သော သားသမီး  တို့ကို သိမ်းပိုက် လော့။ အကြောင်း မူကား၊ ပြည်သား တို့သည် ထာဝရဘုရား  ကိုစွန့်ပစ် ၍ အထပ်ထပ်မှားယွင်း ကြပြီဟု ဟောရှေ အား  မှာ ထားတော်မူသည် အတိုင်း ၊  3  ဟောရှေသည်သွား ၍  ဒိဗလိမ် သမီး ဂေါမာ ကို သိမ်းပိုက် သဖြင့် ၊ သူသည် ပဋိသန္ဓေ  ယူ၍  ဟောရှေ ၌  သား ယောက်ျားကို ဘွားမြင် လေ၏။  4  ထာဝရဘုရား ကလည်း ၊ ထို  သားကို  ယေဇရေလ  အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ခဏကြာ ပြီးမှ ယေဇရေလ အသက် ကိုသတ်သောအပြစ်ကြောင့်၊ ယေဟု  အမျိုး ကို  ငါသည် ဒဏ်ပေး ၍  ဣသရေလ အမျိုး ၏ နိုင်ငံ ကို ဆုံး  စေမည်။  5  ဣသရေလ လေး ကို ယေဇရေလ  ချိုင့် ၌  ငါချိုး  သောနေ့  ခြင်းတွင်  ထို အမှုပြည့်စုံ လိမ့်မည်ဟု မိန့် တော်မူ ၏။  6  တဖန် ပဋိသန္ဓေ ယူ၍  သမီး ကိုဘွားမြင် လေ၏။ ထို  သမီးကို လောရုဟာမာ  အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ငါသည် ဣသရေလ  အမျိုး ကို နောက်  တဖန် မ  သနား မစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်း မည်။  7  ယုဒ အမျိုး ကိုကား ၊ သနား  စုံမက်ဦးမည်။ သို့ရာတွင် ၊ လေး  ၊ ထား  ၊ စစ်တိုက် လက်နက်၊ မြင်း ၊ မြင်း စီးသူရဲ အားဖြင့် မ ကယ်တင် ၊ သူ  တို့၏ ဘုရား  သခင်ထာဝရဘုရား  အားဖြင့် ကယ်တင် မည်ဟု မိန့် တော်မူ၏။  8  လောရုဟာမာ ကို နို့  ခွါသောအခါ ၊ အမိသည် ပဋိသန္ဓေ  ယူပြန်၍  သား ယောက်ျားကို ဘွားမြင် လေ၏။  9  ထို သားကိုလောအမ္မိ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ သင် တို့သည် ငါ ၏လူ မ ဟုတ်။ ငါ သည် လည်း  သင် တို့၏ ဘုရားသခင်မ ဟုတ် ။  10  သို့ရာတွင် ၊ ဣသရေလ  အမျိုးသား တို့သည် မ  ခြင် နိုင်၊ မ  ရေတွက် နိုင်သော သမုဒ္ဒရာ  သဲလုံး နှင့်အမျှ များ ကြလိမ့်မည်။ သင် တို့သည် ငါ ၏ လူ  မ ဟုတ်ဟု ထိုသူ  တို့အား  ပြောဆို ရာ အရပ် ၌ ပင်လျှင်၊ သူ  တို့သည်  အသက်ရှင် တော်မူသောဘုရား သခင်၏သား ဟု ခေါ်ဝေါ်  ခြင်းကိုခံရကြလိမ့်မည်။  11  ထိုအခါ ယုဒ  အမျိုးသား တို့နှင့်  ဣသရေလ အမျိုးသား တို့သည် စုဝေး  ပေါင်းဘော်၍ ၊ မင်း တဦးတည်း ကို ချီးမြှောက် သဖြင့်  ထိုပြည် ထဲက  ထွက်လာ ကြ လိမ့်မည်။ ယေဇရေလ  နေ့ သည် ကြီးမြတ် သောနေ့ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။