ဟဂ္ဂဲအနာဂတ္တိကျမ်း  
 1
 1  ဒါရိ မင်းကြီး နန်းစံနှစ် နှစ် ၊ ဆဌမ  လ တ ရက် နေ့ တွင် ၊ ပရောဖက် ဟဂ္ဂဲ အားဖြင့် ယုဒ မြို့ဝန် ၊ ရှာလသေလ သား  ဇေရုဗဗေလ နှင့်  ယဇ်ပုရောဟိတ် မင်း  ယောဇဒက်  သား  ယောရှု ဆီသို့  ထာဝရဘုရား ၏နှုတ်ကပတ် တော် ရောက် လာ၍၊  2  ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  မိန့်  တော်မူသည်ကား၊ အချိန် မ ရောက် သေး၊ ထာဝရဘုရား  ၏ အိမ် တော်ကို တည်ဆောက် ရသောအချိန် မရောက်သေး ဟု၊ ဤ  လူ များ ပြောဆို ကြသည်မှာ၊  3  ပရောဖက် ဟဂ္ဂဲ အားဖြင့် ထာဝရဘုရား ၏ နှုတ်ကပတ်  တော်ရောက် လာသည်ကား၊  4  အချင်းလူတို့၊ သင် တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံ သော အိမ် ၌  နေ ချိန် ရှိလျက်ပင်၊ အိမ် တော်ပျက်  လျက် နေရမည်လော။  5  ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  မိန့် တော်မူသည်ကား၊ ကိုယ်ကျင့်သောအကျင့်  တို့ ကို ဆင်ခြင် ကြလော့။  6  သင်တို့သည် များစွာ သော မျိုးစေ့ ကို ကြဲသော်လည်း  အသီးအနှံနည်းပါး ရ ၏။ စား  ရသော်လည်း ဝ စွာ မ  စားရကြ။ သောက် ရသော်လည်း ဝစွာ မ  သောက် ရကြ။ အဝတ်ကို ဝတ် ရသော်လည်း နွေး စွာ မ  ဝတ်ရကြ။ အလုပ် လုပ်၍ အခ  ကို ခံရသော်လည်းမ လုံသော အိတ် ထဲမှာ သိုထားရကြ၏။  7  ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  မိန့်  တော်မူသည်ကား၊ ကိုယ် အကျင့် တို့ကို ဆင်ခြင် ကြလော့။  8  တောင် ပေါ်သို့ တက် သွား၍  သစ်သား ကို ဆောင် ခဲ့ပြီးလျှင် အိမ် တော်ကို ဆောက် ကြလော့။ ငါသည် လည်း  အားရ ၍  ငါ၏ဘုန်း သည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား  မိန့် တော်မူ၏။  9  သင်တို့သည် များစွာ ရမည်ဟု မြော်လင့် သော်လည်း  ရသောဥစ္စာခေါင်းပါး ရ၏။ အိမ် သို့ ရောက် သောအခါ  ငါမှုတ် လိုက်၏။ အဘယ်ကြောင့် နည်းဟု၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား  မေး တော်မူ၏။ ငါ့ အိမ်  သည် ပျက် လျက်ရှိသောကြောင့် ၎င်း ၊ သင် တို့သည် အသီးအသီး  မိမိ တို့အိမ် သို့  ပြေး သောကြောင့်၎င်း ဖြစ်သတည်း။  10  ထိုကြောင့် သင် တို့အပေါ် မှာ မိုဃ်း ခေါင် သဖြင့် နှင်း မကျရ။ မြေ သည်လည်း  အသီးအနှံ ကို မ  ပေးရ။  11  မြေ ပေါ် ၌၎င်း ၊ တောင် ပေါ် ၌၎င်း ၊ ဆန် စပါး၊ ချိုသောစပျစ်ရည် ၊ ဆီ  အပေါ် ၌၎င်း ၊ မြေ ထဲကထွက် သမျှ  အပေါ် ၌၎င်း ၊ လူ  သတ္တဝါတိရစ္ဆာန် အပေါ် ၌၎င်း ၊ လုပ်ဆောင်  သမျှ အပေါ် ၌၎င်း ၊ သွေ့ခြောက် ခြင်းဘေးကို ငါမှာ  လိုက်လေပြီဟု မိန့်တော်မူ၏။  12  ထိုအခါ  ရှာလသေလ သား  ဇေရုဗဗေလ နှင့်  ယဇ်ပုရောဟိတ် မင်း  ယောဇဒက် သား  ယောရှု မှစ၍ ကျန်  ကြွင်းသော သူ  အပေါင်း တို့သည် မိမိ  တို့ဘုရား သခင်ထာဝရဘုရား ၏အမိန့် တော်ကို၎င်း ၊ မိမိ  တို့ ဘုရား  သခင်ထာဝရဘုရား စေခိုင်း တော်မူသောပရောဖက် ဟဂ္ဂဲ စကား ကို၎င်း နားထောင် သဖြင့် ၊ ထာဝရဘုရား  ရှေ့ တော်၌  ကြောက်ရွံ့ ကြ၏။  13  ထိုအခါ  ထာဝရဘုရား မှာ ထားတော်မူသည် အတိုင်း  ထာဝရဘုရား ၏ တမန် ဟဂ္ဂဲ က၊ ငါ သည် သင် တို့နှင့်အတူ ရှိ၏ဟု၊ ထာဝရဘုရား  မိန့် တော်မူကြောင်းကို လူ  များတို့အား  ဆင့်ဆို လေ၏။  14  ထာဝရဘုရား သည်လည်း၊ ယုဒ  မြို့ဝန် ၊ ရှာလသေလ သား  ဇေရုဗဗေလ နှင့်  ယဇ်ပုရောဟိတ် မင်း  ယောဇဒက် သား  ယောရှု မှစ၍ကျန် ကြွင်းသော သူ  အပေါင်း တို့ ကို နှိုးဆော် တော်မူသောအားဖြင့် ၊  15  ဒါရိ မင်းကြီး နန်းစံနှစ် နှစ် ၊ ဆဌမ  လ နှစ်ဆယ် လေး ရက်နေ့ တွင် ၊ သူတို့သည် လာ  ၍  မိမိ တို့ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  ၏အိမ် တော်၌  အလုပ် လုပ် ကြ၏။