ထွက်မြောက်ရာ  
 1
 1  မိမိ တို့ အိမ်သူအိမ်သား ပါ လျက်၊ အဘယာကုပ် နှင့်အတူ အဲဂုတ္တု ပြည်သို့ ရောက် လာသောဣသရေလ သား တို့၏အမည် ဟူမူကား၊  2  ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ၊  3  ဣသခါ ၊ ဇာဗုလုန် ၊ ဗင်္ယာမိန်၊  4  ဒန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာ တည်း။  5  ယာကုပ် အမျိုးသား ပေါင်း ကား၊ ခုနစ်ဆယ် တည်း။ ယောသပ် သည် အဲဂုတ္တု  ပြည်၌ ရှိ နှင့်သတည်း။  6  ယောသပ် နှင့် အစ်ကို များမှစ၍ ၊ ထို ကာလ အမျိုးသားအပေါင်း တို့သည် သေ  ကြကုန်၏။  7  ဣသရေလ အမျိုးသား တို့သည် သားကိုဘွား ၍ အလွန်တိုး ပွား များပြား သဖြင့် ၊ အလွန် အားကြီး၍ တပြည် လုံး၌ နှံ့ပြား ကြလေ၏။  8  ထိုနောက် မှအဲဂုတ္တု ပြည်၌ ယောသပ် ကို မ  သိ သော ရှင်ဘုရင် သစ် ပေါ် လာ၏။  9  ထိုရှင်ဘုရင်ကလည်း၊ ဣသရေလ  အမျိုးသား တို့သည် ငါ တို့ထက် သာ၍များ ကြ၏။ သာ၍အားကြီး ကြ၏။  10  လာ ကြ၊ သူ  တို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြား ကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက် လျှင် ငါ တို့ရန်သူ ဘက်သို့ ဝင်စား ၍ ငါ တို့ကို တိုက် သဖြင့် ၊ ပြည် တော်ထဲက ထွက်သွား ကြလိမ့်မည်ဟု မိမိ  လူ တို့အား ဆို လေ၏။  11  ထို့ကြောင့် အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက် ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ် ခန့်ထား ကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သို ထားဘို့ ၊ ပိသုံ မြို့ နှင့် ရာမသက် မြို့ကို တည်ဆောက် ရကြ၏။  12  သို့သော်လည်း ၊ နှိပ်စက် ခြင်းကိုခံရသည်အတိုင်း ၊ တိုးပွား များပြား လျက် ရှိကြ၏။ သူ  တို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ် ၍၊  13  အလွန် ကြမ်းတမ်းစွာညှဉ်းဆဲ ကြ၏။  14  သရွတ် နှင့် အုတ် လုပ် သောအမှု၊ လယ် လုပ်သောအမှုအမျိုးမျိုး ၌ ခဲယဉ်းစွာစေခိုင်း ၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌ လည်း ခဲယဉ်း စွာ စေခိုင်းကြ၏။  15  ရှိဖရ နှင့် ပုအာ အမည် ရှိသောဟေဗြဲ ဝမ်းဆွဲမတို့ကို ၊ အဲဂုတ္တု ရှင်ဘုရင် က၊  16  သင် တို့သည် ဟေဗြဲ မိန်းမတို့အား ဝမ်းဆွဲ လုပ်၍ မွေးရာ အရပ်၌ စောင့် နေသောအခါ ၊ ယောက်ျား ဖြစ်လျှင် သေ စေ၊ မိန်းမ ဖြစ်လျှင် အသက်ရှင် စေဟု အမိန့် တော် ရှိ၏။  17  ဝမ်းဆွဲ မတို့သည် ဘုရားသခင် ကိုကြောက်ရွံ ၍ ၊ အဲဂုတ္တု ရှင်ဘုရင် မိန့် တော်မူသည်အတိုင်း မ ပြု ၊ ယောက်ျား တို့ကို အသက်ချမ်းသာ ပေးကြ၏။  18  အဲဂုတ္တု ရှင်ဘုရင် သည်လည်း ၊ ဝမ်းဆွဲမ တို့ကို ခေါ် ၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ ပြု သနည်း။ ယောက်ျား တို့ကိုအဘယ်ကြောင့်အသက် ချမ်းသာပေးသနည်းဟုမေး စစ်သော်၊  19  ဝမ်းဆွဲမ တို့က၊ ဟေဗြဲ မိန်းမတို့သည်၊ အဲဂုတ္တု  ၊ မိန်းမ ကဲ့သို့ မဟုတ် ၊ သန်စွမ်း သောကြောင့် ၊ ဝမ်းဆွဲမ မ ရောက် မှီ သား  ကိုဘွားတတ်ကြ၏ဟု ပြန်လျှောက် လေ၏။  20  ထိုကြောင့် ဘုရားသခင် သည် ဝမ်းဆွဲမ တို့ကို ကျေးဇူးပြု တော်မူ၏။ ထိုလူ  အမျိုးသည်လည်း များပြား ၍ အလွန် အားကြီး ကြလေ၏။  21  ဝမ်းဆွဲမ တို့သည် ဘုရားသခင် ကို ကြောက်ရွံ့ သောကြောင့် ၊ သူ တို့အိမ်သူအိမ်သား များကို ပြုစု တော်မူ ၏။  22  ဖာရော ဘုရင်ကလည်း ၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင် သောသူငယ် ယောက်ျား အပေါင်းတို့ကို မြစ် ထဲသို့ ချပစ် စေ။ မိန်းမ ကိုမူကား အသက်ရှင် စေဟု မိမိ  လူ အပေါင်း တို့ကို မှာ ထားတော်မူ၏။