အာမုတ်အနာဂတ္တိကျမ်း။  
 1
 1  ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ဣသရေလ  ရှင်ဘုရင် ယောရှ ၏သား  ယေရောဗောင် မင်းတို့လက်ထက် ၊ မြေကြီး မ  လှုပ် မှီနှစ် နှစ် အထက်က၊ သိုးထိန်း စုအဝင်ဖြစ်သော တေကော  ရွာသားအာမုတ် သည် ဣသရေလ  ပြည်အတွက်  ခံရ သောဗျာဒိတ်တော်စကား ဟူမူကား၊  2  ထာဝရဘုရား သည် ဇိအုန် တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရုရှလင် မြို့ထဲက အသံ ကို လွှင့် တော်မူသောကြောင့်  ၊ သိုးထိန်း နေရာ တို့သည် ညှိုးငယ် ၍ ၊ ကရမေလ  တောင်ထိပ် သည် နွမ်းရိ လိမ့်မည်။  3  ထာဝရဘုရား  မိန့် တော်မူသည်ကား ၊ ဒမာသက် မြို့သည် ဂိလဒ် ပြည်ကို စပါးနယ်ရာ သံ ယန္တရား စက်တို့ နှင့်  ကြိတ်နယ်သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့်  ငါသည် ဒဏ် မ ပေးဘဲမနေ။  4  ဟာဇေလ မင်းမျိုး အပေါ် သို့ မီး  ကိုလွှတ် ၍ ၊ ဗင်္ဟာဒဒ် မင်း၏ဘုံ ဗိမာန်တို့ကို လောင် စေမည်။  5  ဒမာသက် မြို့ တံခါးကန့်လန့်ကျင် တို့ကိုချိုး မည်။ အာဝင်ချိုင့် သား တို့ကို၎င်း၊ ဗေသေဒင် မြို့၌  မင်း ပြုသောသူတို့ ကို၎င်း ပယ်ဖြတ် မည်။ ရှုရိ ပြည်သား တို့သည် ကိရ  မြို့သို့  သိမ်း သွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား  မိန့် တော်မူ၏။  6  တဖန်ထာဝရဘုရား  မိန့် တော်မူသည်ကား ၊ ဂါဇ မြို့သည် ချုပ်ထား သောသူ အပေါင်း တို့ကို ဧဒုံ  မင်း၌  အပ် ခြင်းငှါ သိမ်း သွားသောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့်  ငါသည် ဒဏ် မ ပေးဘဲမနေ။  7  ဂါဇ မြို့ရိုး အပေါ် သို့ မီး  ကိုလွှတ် ၍  ဘုံ ဗိမာန်တို့ကို လောင် စေမည်။  8  အာဇုတ် မြို့သား တို့ကို ၎င်း ၊ အာရှကေလုန် မြို့၌  မင်း ပြုသောသူတို့ကို၎င်း ပယ်ဖြတ် မည်။ ဧကြုန် မြို့ကိုလည်း  တိုက် ၍  ကျန်ကြွင်း သော ဖိလိတ္တိ  လူတို့သည် ပျက်စီး ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား  မိန့် တော်မူ၏။  9  တဖန် ထာဝရဘုရား  မိန့် တော်မူသည်ကား ၊ တုရု  မြို့သည် ညီအစ်ကို ချင်းဖွဲ့သောမိဿဟာယ ကို မ  စောင့် ၊ ချုပ် ထားသော သူ  အပေါင်း တို့ကို ဧဒုံ  မင်း၌ အပ် သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့်  ငါသည် ဒဏ်  မ ပေးဘဲမနေ။  10  တုရု မြို့ရိုး အပေါ် သို့ မီး  ကိုလွှတ် ၍  ဘုံ ဗိမာန်တို့ကို လောင် စေမည်။  11  တဖန် ထာဝရဘုရား  မိန့် တော်မူသည်ကား ၊ ဧဒုံ  ပြည်သည် သနား  သောစိတ်ကိုချုပ်တည်း ၍ ၊ ညီအစ်ကို ကို ထား  နှင့် လိုက် သောအပြစ်၊ ဒေါသ စိတ်နှင့် အစဉ်အမြဲ ဆွဲဖြတ် ၍  အစဉ်အမြဲ အငြိုး ထား သော အပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့်  ငါသည်ဒဏ် မ ပေးဘဲမနေ။  12  တေမန် မြို့အပေါ် သို့ မီး  ကိုလွှတ် ၍ ၊ ဗောဇရ  မြို့၏ ဘုံ  ဗိမာန်တို့ကို လောင် စေမည်။  13  တဖန် ထာဝရဘုရား  မိန့် တော်မူသည်ကား ၊ အမ္မုန် ပြည်သား တို့သည် မိမိ  တို့နေရာ ကို ကျယ် စေခြင်းငှါ ၊ ကိုယ်ဝန် ဆောင်သော ဂိလဒ် ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲ သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့်  ငါသည် ဒဏ် မ ပေးဘဲမနေ။  14  ရဗ္ဗာ မြို့ရိုး ကို  မီး ရှို့ ၍  ဘုံ ဗိမာန်တို့ကို လောင် စေမည်။ စစ်တိုက် သောနေ့ ၌  အော်ဟစ် ခြင်း၊ မိုဃ်းသက်မုန်တိုင်း ရောက်သောနေ့ ၌  လွင့်သွားခြင်း ရှိလိမ့်မည်။  15  သူ တို့ရှင်ဘုရင် ကိုယ်တိုင်မှစ၍ ၊ မှူး တော်မတ်တော်များတို့သည် သိမ်း သွားခြင်းကို ခံရ ကြလိမ့်မည်ဟု ထာဝရဘုရား  မိန့် တော်မူ၏။