ရှင်ပေတရု 
ဩဝါဒစာဒုတိယစောင်။  
 1
 1  ယေရှု ခရစ် ၏ကျွန် တမန်တော် ငါရှိမုန် ပေတရု သည် ကယ်တင် တော်မူသောအရှင်၊ ငါ တို့ဘုရားသခင် ယေရှု ခရစ် ၏ ဖြောင့်မတ် ခြင်းတရားကို ငါ တို့ ယုံကြည် သည်နည်းတူ ၊ မြတ်စွာသော ယုံကြည်ခြင်း ကို ရသောသူ  တို့အား ကြားလိုက်ပါ၏။  2  ဘုရားသခင် ကို၎င်း ၊ ငါ တို့သခင် ယေရှု ကို၎င်း၊ သိသောဉာဏ် အားဖြင့် ၊ ကျေးဇူး တော်နှင့်  ငြိမ်သက် ခြင်းသည် သင် တို့၌များပြား ပါစေသော။  3  ထိုသို့နှင့်အညီ ငါ တို့ကိုဘုန်းတန်ခိုး တော်နှင့် ခေါ် တော်မူသော ဘုရား  ကို သိသောဉာဏ် အားဖြင့် ၊ ငါ တို့အားအသက် ရှင်ခြင်း၊ ဘုရား  ဝတ်၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှ တို့ကို ဘုရား  တန်ခိုး တော်သည် ပေး  သနားတော်မူပြီ။  4  ထိုသို့သောအားဖြင့် လည်း အလွန်ကြီးမြတ် ၍  အဘိုး ထိုက်သော ဂတိ  များကို ငါ တို့၌အပ်ပေး တော်မူပြီ။ အကြောင်းမူကား၊ ထို ဂတိတော် များ ကို အမှီပြု ၍ သင်တို့သည် လောကီ  တပ်မက် ခြင်းအညစ်အကြေး နှင့် ကင်းလွတ် သဖြင့်၊ ဘုရား  ပကတိ ကိုဆက်ဆံ ရသောသူ ဖြစ် ကြမည်အကြောင်း တည်း။  5  ထိုသို့ အလိုငှာ၊ သင် တို့သည် ယုံကြည် ခြင်း၌  သီလ ကို၎င်း ၊ သီလ  ၌  ပညာ ကို၎င်း၊  6  ပညာ ၌  ကာမဂုဏ် ချုပ်တည်းခြင်းကို၎င်း ၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်းခံ ခြင်းကို၎င်း၊ သည်းခံ ခြင်း၌  ဘုရား ဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊  7  ထိုမွေ့လျော် ခြင်း၌  ညီအစ်ကို စုံမက်ခြင်းကို၎င်း ၊ ညီအစ်ကို စုံမက်ခြင်း၌  ချစ် ခြင်းမေတ္တာကို၎င်း၊ အလွန် ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။  8  အကြောင်းမူကား ၊ ထိုပါရမီ တို့သည် သင် တို့၌ ရှိ ၍  ကြွယ်ဝ လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌  မ ပျင်းရိ စေခြင်းငှာ၎င်း၊ အကျိုးမဲ့ မ ဖြစ်စေခြင်းငှာ၎င်း၊ ပြုပြင်တတ်ကြ၏။  9  ထို ပါရမီနှင့် ကင်း သောသူ မူကား ၊ မျက်စိ ကန်း၏။ ကိုယ်မျက်စိကိုကိုယ်ပိတ် ၏။ မိမိ  အပြစ် ဟောင်း  ဆေးကြော ကြောင်းကို မေ့လျော့ ၏။  10  ထိုကြောင့် ၊ ညီအစ်ကို တို့၊ သင် တို့ခံရ သော ခေါ် တော်မူခြင်းနှင့်  ရွေးချယ် တော်မူခြင်းကို တည်မြဲ စေခြင်းငှာသာ၍ ကြိုးစား အားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍၊  11  ငါ တို့ကို ကယ်တင် တော်မူသောအရှင်သခင်  ယေရှု ခရစ် ၏ ထာဝရ  နိုင်ငံ တော်ထဲသို့ ဝင်စား ခြင်းအခွင့် ကို သင် တို့အားကြွယ်ဝ စွာပေး သနားတော်မူလတံ့။  12  ထိုကြောင့် ၊ ယခု  ဟောပြောသောသမ္မာတရား ကို သင်တို့သည် နားလည် ၍ တည်ကြည် ခြင်းရှိသော်လည်း ၊ ဤသို့သောစကားများနှင့် သင် တို့အား အစဉ်မပြတ် သတိပေး မည် အမှုကို ငါမမေ့မလျော့။  13  ငါ တို့သခင် ယေရှု ခရစ် သည် ဗျာဒိတ် ပေးတော်မူသည်အတိုင်း ၊  14  ငါ တည်းခို ရာတဲကို မ  ကြာမမြင့်မှီ ငါပစ် သွားရမည်အရာ ကို ငါသိမှတ် ၍၊ ဤ  တဲ ၌  ရှိ နေစဉ်ကာလ ပတ်လုံး ၊ သင် တို့ကို သတိပေး  ၍  နှိုးဆော် အပ်သည်ဟု ငါသဘော ရှိ၏။  15  ထိုမှတစ်ပါး ၊ ငါ စုတေ့သည်နောက် ၊ သင် တို့သည် ဤ  အရာများကို အစဉ် မှတ်မိ စေခြင်းငှာငါ ကြိုးစားအားထုတ်မည်။  16  ငါ တို့သခင် ယေရှု ခရစ် ၏ တန်ခိုး တော်ကို၎င်း ၊ ကြွလာ တော်မူခြင်းကို၎င်း၊ သင် တို့အား ကြားပြော သောအခါ၊ ငါတို့သည် ပရိယာယ် နှင့် ပြင်ဆင် သော ဒဏ္ဍာရီ  စကားကိုမ လိုက် ၊ ဘုန်း အာနုဘော်တော်ကို ကိုယ်တိုင် မြင် သော သူ  ဖြစ် ကြ၏။  17  အဘယ်သို့ နည်းဟူမူကား၊ ဤသူ  သည် ငါ  နှစ်သက် မြတ်နိုးရာ၊ ငါ ၏ ချစ်သား  ပေတည်းဟူသောအသံ တော်သည်၊ ထူးမြတ် သောအရောင်အဝါ တော်ထဲက၊ ထိုသခင် သို့ရောက် သောအခါ၊ ခမည်းတော် ဘုရားသခင့် အထံ တော်မှ ဂုဏ်သရေ ဘုန်း အာနုဘော်ကိုခံရ တော်မူ၏။  18  ကောင်းကင် က ရောက်လာ သော ထို  အသံ တော် ကို ငါ တို့သည် သန့်ရှင်း သောတောင် ပေါ်မှာ သခင် ဘုရား နှင့်အတူ ရှိ သောအခါကြား ရကြ၏။  19  ထိုမှတစ်ပါး၊ သာ၍ မြဲမြံသော အနာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ် နှလုံးထဲ၌ အာရုဏ်တက် ၍  ကြယ်နီပေါ်ထွက် သည် ကာလ  တိုင်အောင် ၊ ထို အနာဂတ္တိ  စကား တော်ကို မှောင်မိုက် အရပ် ၌  ထွန်းလင်း သောဆီမီး ကဲ့သို့ မှတ် ၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။  20  ကျမ်းစာ ၌ပါသော အနာဂတ္တိ  စကားမည်သည်ကား ၊ ကိုယ် အလိုအလျောက်အနက် မ ပေါ်ဟု ရှေ့ဦးစွာ သိမှတ် ကြလော့။  21  အကြောင်းမူကား ၊ အနာဂတ္တိ  စကားသည် လူ  အလို အားဖြင့်ဖြစ် ဘူးသည်မ ဟုတ်၊ ဘုရားသခင် ၏ သန့်ရှင်း သောသူ တို့သည် သန့်ရှင်းသော ဝိညာဉ် တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ  ၍ ဟောပြော ကြ၏။