ယေရမိမြည်တမ်းစကား 
နိဒါန်း 
ယေရမိမြည်တမ်းစကားသည်ကဗျာငါးပုဒ် ကိုစုဆောင်းထားချက်များဖြစ်သည်။ ခရစ်တော် မပေါ်ထွန်းမီ ၅၈၆ ခုနှစ်တွင်ယေရုရှလင်မြို့ ဖျက်ဆီးခံရခြင်းအကြောင်းနှင့်ဆိုင်၍လည်း ကောင်း၊ နောက်ဆက်တွဲပျက်စီးယိုယွင်းမှုနှင့် ပြည်နှင်ဒဏ်ခံရမှုနှင့်ဆိုင်၍လည်းကောင်း ငိုကြွေးမြည်တမ်းချက်များဖြစ်သည်။ ကျမ်း စောင်တစ်စောင်လုံးလိုလို၌ပင်ဝမ်းနည်းပူ ဆွေးမှုဖော်ပြနေသည့်သဘောလက္ခဏာ ကိုတွေ့ရသော်လည်း ဘုရားသခင်အား ယုံကြည်ကိုးစားခြင်းနှင့်အနာဂတ်အတွက် မျှော်လင့်ချက်ကိုဖော်ပြသည့်သဘောလက္ခ ဏာကိုလည်းတွေ့ရသည်။ ခရစ်တော်မပေါ် ထွန်းမီ ၅၈၆ ခုနှစ်တွင်တွေ့ကြုံရသည့်ဘေး ဒုက္ခအတွက်အထိမ်းအမှတ်ပွဲအဖြစ် ကျင်းပသောအစာရှောင်မှုနှင့်ဝမ်းနည်း ကြေကွဲမှုပြုသည့်နှစ်ပတ်လည်နေ့များ ၌ ဂူး(ယုဒ) လူမျိုးတို့ကိုးကွယ်ဝတ်ပြု ရာတွင်ဤကဗျာများကိုအသုံးပြု လေသည်။ 
အကြောင်းအရာအကျဉ်းချုပ် 
ယေရုရှလင်မြို့ဝမ်းနည်းမှုများ ၁:၁-၂၂ 
ယေရုရှလင်မြို့အားပြစ်ဒဏ်ခတ်မှု ၂:၁-၂၂ 
ပြစ်ဒဏ်ခတ်မှုနှင့်မျှော်လင့်ချက် ၃:၁-၆၆ 
ယေရုရှလင်မြို့ပျက်စီးယိုယွင်းခြင်း ၄:၁-၂၂ 
ကရုဏာသက်တော်မူရန်ဆုတောင်းခြင်း ၅:၁-၂၂  
 1
ယေရုရှလင်မြို့၏ဝမ်းနည်းမှုများ 
 1 အခါတစ်ပါးကလူစည်ကားခဲ့သည့် 
ယေရုရှလင်မြို့သည်အထီးကျန်ဖြစ်လျက် နေ၏။ 
အခါတစ်ပါးကကမ္ဘာ၏ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရဖူးသော်လည်း 
ယခုအခါသူသည်မုဆိုးမနှင့်တူတော့၏။ 
မြို့တကာတွင်ဂုဏ်ကြက်သရေအရှိဆုံးမြို့သည် ကျွန်ဘဝသို့သက်ဆင်းရလေပြီ။ 
 2 သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ 
မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ 
သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား 
နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ 
သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ 
ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။ 
 3 ယုဒပြည်သားတို့သည်ပြည်နှင်ဒဏ်သင့်လျက် ခိုကိုးရာမဲ့ဖြစ်ကာကျွန်ခံနေရကြ၏။ 
သူတို့သည်အိမ်ပိုင်ယာပိုင်မရှိဘဲတိုင်းတစ် ပါးတွင် နေထိုင်ရကြလေသည်။ 
ရန်သူများဝိုင်းလျက်လွတ်မြောက်ရန်လမ်းမရှိကြ။ 
 4 နေ့ကြီးရက်ကြီးများတွင်ကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော်သို့လာမည့်သူမရှိ။ 
ဗိမာန်တော်တွင်သီချင်းဆိုသူ 
အမျိုးသမီးပျိုတို့သည်ဝမ်းနည်းကြေကွဲလျက် ရှိကြ၏။ 
ယဇ်ပုရောဟိတ်တို့သည်လည်းညည်းတွားမှုမှ တစ်ပါး အဘယ်သို့မျှမပြုနိုင်။ 
မြို့တံခါးများသည်လူဆိတ်ညံလျက်နေ၏။ ဇိအုန်မြို့သည်ဝေဒနာခံစားနေရသည်။ 
 5 သူ၏ရန်သူများသည်သူ့ကိုအနိုင်ရကာမိမိတို့ အာဏာစက်အောက်တွင်ထားရှိကြ၏။ 
သူသည်မြောက်များစွာသောအပြစ်တို့ကို ကူးခဲ့သည်ဖြစ်၍ 
ထာဝရဘုရားသည်သူ့အားဆင်းရဲဒုက္ခ ရောက်စေတော်မူ၏။ 
သူ၏သားသမီးများသည်သုံ့ပန်းများ ဖြစ်ရကြလေပြီ။ 
 6 ယေရုရှလင်မြို့၏ကြီးကျယ်ခမ်းနားမှုသည် 
ရှေးအတိတ်ကာလ၏ဖြစ်ရပ်တစ်ခုသာလျှင် ဖြစ်လေတော့၏။ 
သူ၏ခေါင်းဆောင်များသည်မုဆိုးတို့၏ဘေးမှ ထွက်ပြေးကြသည့်သမင်များနှင့်တူ၏။ 
သူတို့သည်အားအင်ကုန်ခန်းလုမတတ်ဖြစ်ကာ နားနေစားသောက်မှုပြုရန်စားကျက်ကိုမရှာနိုင်။ 
 7 အထီးကျန်ယိုယွင်းပျက်စီးလျက်ရှိသော 
ယေရုရှလင်မြို့သည်ရှေးခေတ်ဟောင်းကမိမိ ကြီးကျယ်ခမ်းနားမှုကိုပြန်လည်သတိရမိ၏။ 
ရန်သူ့လက်သို့ရောက်ချိန်၌သူ့အားကယ်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ 
သူ့အားနှိမ်နင်းအောင်မြင်သူတို့သည် သူ၏ပြိုလဲမှုကိုပြက်ရယ်ပြုကြ၏။ 
 8 သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။ 
အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။ 
သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ 
ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။ 
 9 သူ၏ညစ်ညမ်းမှုကိုအလွယ်တကူ တွေ့မြင်နိုင်သော်လည်း 
သူသည်မိမိကြုံတွေ့ရမည့်ကံကြမ္မာကို အမှုထားပုံမပေါ်။ 
သူ၏ပြိုလဲမှုမှာကြောက်မက်ဖွယ်ကောင်း လှ၏။ 
သူ့အားအဘယ်သူမျှလည်းနှစ်သိမ့်မှု မပေးနိုင်ကြ။ 
ရန်သူများအနိုင်ရ၍သွားသဖြင့်သူသည် မိမိအား 
ကရုဏာထားတော်မူပါရန်ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုလေသည်။ 
 10 ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ 
သူသည်လူမျိုးခြားတို့အားထာဝရဘုရား 
ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် 
ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။ 
 11 သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။ 
သူတို့သည်အသက်ဆက်လက်ရှင်နိုင်ရေးအတွက် 
မိမိတို့ဥစ္စာဘဏ္ဍာများကိုအစားအစာနှင့် လဲလှယ်ရကြ၏။ 
ထိုမြို့က``အို ထာဝရဘုရားကျွန်တော်မျိုးကို ကြည့်ရှုတော်မူပါ။ 
ကျွန်တော်မျိုးစိတ်ဆင်းရဲခြင်းခံနေရသည်ကို ကြည့်ရှုတော်မူပါ'' ဟုအော်ဟစ်တောင်းပန်၏။ 
 12 သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ 
``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ 
ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ 
ထိုဝေဒနာသည်ထာဝရဘုရား 
အမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။'' 
 13 ``ကိုယ်တော်သည်အထက်မှမီးကို 
စေလွှတ်တော်မူသဖြင့်ထိုမီးသည်ငါ၏ကိုယ်ခန္ဓာ အတွင်း၌တောက်လောင်လျက်ရှိပါ၏။ 
ကိုယ်တော်သည်ငါ့အားထောင်ချောက်ထောင်၍ ဖမ်းပြီးလျှင်မြေပေါ်သို့လှဲချတော်မူပါ၏။ 
ထိုနောက်စွန့်ပစ်တော်မူကာတစ်နေ့လုံး ဝေဒနာခံ၍နေစေတော်မူပါ၏။'' 
 14 ``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။ 
ယင်းတို့ကိုစုစည်းပြီးလျှင်ငါ၏လည်တွင် ဆွဲထားတော်မူသည်ဖြစ်၍ 
ငါသည်အပြစ်ဝန်ထုပ်လေးလံမှုဖြင့် အားအင်ချည့်နဲ့ရလေပြီ။ 
ထာဝရဘုရားသည်ငါ့အားရန်သူများ လက်သို့အပ်တော်မူပါ၏။ 
ငါ့မှာလည်းသူတို့အားခုခံနိုင်စွမ်းမရှိပါ။'' 
 15 ``ထာဝရဘုရားသည်ငါ၏ဘက်မှ 
စွမ်းရည်အကြီးဆုံးစစ်သည်တော်တို့ကို ပျက်ရယ်ပြုတော်မူပါ၏။ 
ကိုယ်တော်သည်ငါ၏လူငယ်လူရွယ်များကို 
သုတ်သင်ချေမှုန်းရန်တပ်မတော်ကိုစေလွှတ် တော်မူပါပြီ။ 
ထာဝရဘုရားသည်ငါ၏လူတို့အား 
စပျစ်သီးနယ်ရာကျင်းမှစပျစ်သီးများ ကဲ့သို့ ကြေမွစေတော်မူပါ၏။'' 
 16 ``ထို့ကြောင့်ငါ၏မျက်စိများမှမျက်ရည်တို့သည် ယိုစီး၍နေပေသည်။ 
ငါ့အားအဘယ်သူမျှနှစ်သိမ့်မှုကိုမပေးနိုင်။ 
အဘယ်သူမျှစိတ်အားတက်ကြွလာအောင် မပြုနိုင်။ 
ရန်သူများသည်ငါတို့ကိုအနိုင်ရကြလေပြီ။ 
ငါ၏လူတို့တွင်လည်းအဘယ်ဥစ္စာပစ္စည်းမျှ မကျန်မရှိတော့ပါ။'' 
 17 ``ငါသည်မိမိလက်များကိုကမ်းလှမ်းပါ သော်လည်း ငါ့အားကူညီမည့်သူတစ်ဦးတစ်ယောက်မျှ မရှိ။ 
ထာဝရဘုရားသည်ငါ့အားတိုက်ခိုက်ရန် 
အရပ်တကာမှရန်သူများကို ဆင့်ခေါ်တော်မူလေပြီ။ 
သူတို့သည်ငါ့ကိုရွံရှာဖွယ်ကောင်းသည့် အရာဟု မှတ်ယူကြပါ၏။'' 
 18 ``သို့ရာတွင်ထာဝရဘုရားသည် တရားမျှတတော်မူပါသည်။ 
အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်တော်၏ အမိန့်တော်ကိုလွန်ဆန်ခဲ့သောကြောင့်တည်း။ 
အရပ်တကာရှိလူတို့ငါပြောဆိုသည်ကို နားထောင်ကြလော့။ 
ငါ၏ဝေဒနာကိုကြည့်ရှုကြလော့။ 
ငါ၏သားပျိုသမီးပျိုတို့သည်သုံ့ပန်း အဖြစ် ခေါ်ဆောင်ခြင်းကိုခံရကြလေပြီ။'' 
 19 ``ငါသည်မိမိမဟာမိတ်များထံတွင်အကူအညီ တောင်းခံပါသော်လည်းသူတို့ကငြင်းဆန်ခဲ့ကြ၏။ 
ယဇ်ပုရောဟိတ်များနှင့်ခေါင်းဆောင်များသည် အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် 
အစားအစာရှာဖွေလျက်နေစဉ်လမ်းများပေါ်၌ သေဆုံးရကြပါ၏။'' 
 20 ``အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးပူပင်သောကဖြစ်လျက် ရှိသည်ကိုလည်းကောင်း၊ 
ကျွန်တော်မျိုး၏စိတ်ဝိညာဉ်သည်ပြင်းစွာ 
ဒုက္ခရောက်လျက်နေသည်ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ 
ကျွန်တော်မျိုးသည်မိမိအပြစ်များကြောင့် စိတ်နှလုံးကြေကွဲလျက်နေပါ၏။ 
လမ်းပေါ်တွင်လူသတ်မှုကိုတွေ့ရပါ၏။ 
အိမ်တွင်း၌ပင်သေမင်းကိုတွေ့ရှိရပါ၏။'' 
 21 ``ကျွန်တော်မျိုး၏ညည်းတွားသံများကို နားထောင်တော်မူပါ။ 
ကျွန်တော်မျိုးအားနှစ်သိမ့်မှုပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား 
ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့စေတော်မူသဖြင့် ရန်သူတို့ဝမ်းမြောက်ကြပါ၏။ 
ကိုယ်တော်ရှင်ကတိထားတော်မူသည့်နေ့ရက် ကာလကိုကျရောက်စေတော်မူပါ။ 
ရန်သူများအားကျွန်တော်မျိုးနည်းတူ ဒုက္ခတွေ့စေတော်မူပါ။'' 
 22 ``သူတို့အားမိမိတို့ယုတ်မာမှုအပေါင်းအတွက် အပြစ်ဒဏ်စီရင်တော်မူပါ။ 
ကျွန်တော်မျိုးအားမိမိ၏အပြစ်များအတွက် 
ဆုံးမတော်မူသကဲ့သို့သူတို့ကိုလည်း ဆုံးမတော်မူပါ။ 
ကျွန်တော်မျိုးသည်စိတ်ဆင်းရဲ၍ညည်းတွားပါ၏။ 
ကျွန်တော်မျိုး၏စိတ်နှလုံးသည်လည်း ညှိုးငယ်လျက်ရှိပါ၏'' ဟူ၍တည်း။