10
 1  နောက် မိုဃ်းရွာရာကာလ တွင်  မိုဃ်း ရွာစေမည် အကြောင်း၊ ထာဝရဘုရား  ထံ တော်၌ ဆုတောင်း ကြလော့။ ထာဝရဘုရား  သည် လျှပ်စစ် ကိုပြင်ဆင် ၍  များစွာမိုဃ်း ရွာ စေသဖြင့်၊ ခပ်သိမ်း သောလူတို့အဘို့  လယ်ပြင် ၌  အပင်  ပေါက်စေတော်မူမည်။  2  တေရပ်ရုပ်တု တို့သည် အနတ္တ  စကားကို ပြော ကြ၏။ ပရောဖက် လုပ်သောသူတို့ သည် မုသာ  ရူပါရုံကိုမြင် ၍ ၊ မ  မှန်သော အိပ်မက် ကို ဟောပြော ကြ၏။ အချည်းနှီး နှစ်သိမ့် စေကြ၏။ ထိုကြောင့် ၊ သိုးစု  ကဲ့သို့ လည်  သွား၍ သိုးထိန်း မ ရှိသောကြောင့် ဆင်းရဲ ခံရကြ၏။  3  သိုးထိန်း တို့ကို ငါ အမျက် ထွက် ၍ ၊ ဆိတ်ထီး တို့ကို စစ်ကြော သဖြင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  သည် မိမိ  သိုးစု ယုဒ အမျိုး ကို အကြည့်အရှု ကြွလာ ၍  ၊ ဘုန်း တော်ကို ဆောင်သော စစ်တိုက် မြင်း ကဲ့သို့ ဖြစ် စေတော်မူမည်။  4  ထိုအမျိုး ထဲက  တိုက်ထောင့် အမြစ်ကျောက်၊ တံစို့  ၊ စစ်တိုက် လေး ၊ မင်း ဖြစ်သော လူအပေါင်း တို့သည် ထွက် ကြလိမ့်မည်။  5  သူတို့သည် စစ်တိုက် ရာတွင်  လမ်း ၌ ရှိသောရွှံ့  ကိုနင်း သော စစ် သူရဲကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထာဝရ  ဘုရား ၏ ကျေးဇူးတော်ကို ခံရသောကြောင့် ၊ စစ်တိုက် ၍  မြင်း စီး သူရဲတို့ကို အရှက် ခွဲကြလိမ့်မည်။  6  ယုဒ အမျိုး ကိုလည်း  ငါခိုင်ခံ့ စေမည်။ ယောသပ်  အမျိုး ကိုလည်း  ငါကယ်တင် မည်။ သူ  တို့ကို သနား  စုံမက်သောကြောင့် နေရာ ချမည်။ သူ  တို့သည် နှင်ထုတ် ခြင်းကို မ  ခံဘူးသကဲ့သို့ ဖြစ် ကြလိမ့်မည်။ ငါ သည် သူ  တို့၏ဘုရား သခင် ထာဝရဘုရား  ဖြစ်၍ သူ တို့စကားကို နားထောင် မည်။  7  ဧဖရိမ် အမျိုးသားတို့သည် သူရဲ  ကဲ့သို့ ဖြစ် ၍ ၊ စပျစ်ရည် နှင့်ဝသကဲ့သို့ ဝမ်းမြောက် ကြလိမ့်မည်။ သား  မြေးတို့သည် မြင် လျက်  ဝမ်းမြောက် ၍ ၊ ထာဝရဘုရား  ကို အမှီပြု လျက် ရွှင်လန်း ကြလိမ့်မည်။  8  သူ တို့ကို ငါနှိုးဆော် ၍  စုဝေး စေမည်။ သူ  တို့သည် ငါ၏ရွေးနှုတ် ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြား ကြလိမ့်မည်။  9  သူ တို့ကို တပါး အမျိုးသားတို့တွင်  မျိုးစေ့ကဲ့သို့ငါကြဲ သဖြင့် ၊ ဝေး  သောပြည်၌  ငါ့ ကိုအောက်မေ့ ၍ ၊ သားမြေး တို့နှင့်တကွ အသက်ရှင် လျက်  ပြန် လာကြလိမ့်မည်။  10  သူ တို့ကို အဲဂုတ္တု  ပြည် မှ  တဖန်  ငါဆောင် ခဲ့ဦးမည်။ အာရှုရိ ပြည်မှ  ခေါ်၍ စုဝေး  စေမည်။ ဂိလဒ် ပြည်  နှင့်  လေဗနုန် ပြည်သို့  တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့ နေစရာဘို့ မြေမလောက်နိုင်။  11  ပင်လယ် အလယ် ၌ ရှောက်သွား ၍  ညှဉ်းဆဲ လျက် ၊ ပင်လယ် တံပိုးများကို  ဒဏ်ခတ် တော်မူမည်။ မြစ် ၌ နက်နဲ သောအရပ်ရှိသမျှ တို့လည်း  ခန်းခြောက် ကြ လိမ့်မည်။ အာရှုရိ ပြည်၏မာန ကို နှိမ့်ချ ၍ ၊ အဲဂုတ္တု  မင်း၏ အာဏာ  သည်လည်း  ကွယ်ပျောက် လိမ့်မည်။  12  သူ တို့ကို ထာဝရဘုရား  အားဖြင့် ငါခိုင်ခံ့ စေမည်။ နာမ  တော်ကို  အမှီပြုလျက်  လှည့်လည်၍ သွား ကြလိမ့်မည် ဟု ထာဝရဘုရား  မိန့် တော်မူ၏။