22
 1  တဖန်  ၊ ကျောက် သလင်းကဲ့သို့ ကြည်လင် ၍၊ ဘုရားသခင် နှင့်  သိုးသူငယ် ၏ ပလ္လင် တော်ထဲက ထွက်  သော၊ အသက် ရေစီး ရာမြစ် ကို ကောင်းကင်တမန်သည် ငါ့ အား ပြ လေ၏။  2  မြို့ လမ်းမ အလယ် ၌ ၎င်း၊ ထိုမြစ် နှစ်ဘက်၌၎င်း၊ အသက် ပင် ရှိ၏။ ထိုအသက်ပင်သည် အသီး  တဆယ့်နှစ် မျိုးကို သီး  တတ်၏။ မိမိအသီး  ကိုလည်း လ  တိုင်းပေး  တတ်၏။ အရွက် သည်လည်း လူ အမျိုးမျိုးတို့၏ အနာ  ရောဂါငြိမ်းစရာတို့ဖြစ်၏။  3  နောက်တစ်ဖန် ကျိန် ခြင်းဘေးတစုံတခု မျှမ ရှိ ။ ထိုမြို့ ၌  ဘုရားသခင် နှင့်  သိုးသူငယ် ၏ ပလ္လင် တော်ရှိ ၍ ဘုရားသခင် ၏ ကျွန် တို့ သည် ဘုရား  ဝတ်ကို ပြုကြ လိမ့်မည်။  4  မျက်နှာ တော်ကိုမြင် ရ၍  သူ တို့နဖူး ၌ လည်း  နာမ တော်ရေးထား လျက်ရှိလိမ့်မည်။  5  ထိုမြို့၌ညဉ့် မ ရှိ ရ၊ ဆီမီး  ကိုအလို မ ရှိ ။ နေ  ၏ အရောင် ကိုလည်း  အလိုမရှိ။ အကြောင်းမူကား ၊ ထာဝရ  အရှင်ဘုရားသခင် သည် သူ  တို့၌  ရောင်ခြည် တော်ကို လွှတ်တော်မူ၍  သူတို့သည် ကမ္ဘာ  အဆက်ဆက်စိုးစံ ရ ကြလတံ့။  6  ကောင်းကင်တမန်ကလည်း ၊ ဤ  စကား သည် သစ္စာ  စကား၊ ဟုတ်မှန် သောစကားဖြစ်၏။ ပရောဖက်  တို့၏ ဝိညာဉ် ကို အစိုးရသော ထာဝရ  အရှင်ဘုရားသခင် သည်၊ ကာလ  မကြာမမြင့်မှီဖြစ် ရ မည် အမှုအရာ များကို မိမိ  ကျွန် တို့အား ပြ စေခြင်းငှာ၊ ကောင်းကင် တမန်တော်ကို စေလွှတ် တော်မူပြီ။  7  ငါသည်အလျင်အမြန် လာ မည်။ ဤ  စာစောင် ၏ အနာဂတ္တိ  စကား ကိုစောင့်ရှောက် သောသူ သည် မင်္ဂလာ ရှိ၏ဟု ပြောဆို ၏။  8  ငါ ယောဟန် သည် ဤအရာ  များကို ကြား မြင် ၏။ ကြား မြင် ပြီးလျှင် ၊ ထို  အရာများကို ပြ သော ကောင်းကင် တမန်၏ ခြေ ရင်း၌ ကိုးကွယ် အံ့သောငှာပြပ်ဝပ် ၏။  9  သူကလည်း ၊ မ  ပြုပါနှင့်။ ငါကား၊ သင် ၏ လုပ်ဘော် ဆောင်ဘက်ဖြစ် ၏။ သင် ၏ အစ်ကို ပရောဖက်  တို့နှင့် ဤ စာစောင် ၏ စကား  ကို စောင့်ရှောက် သော သူ  တို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင် ကိုကိုးကွယ် လော့ဟုပြောဆို ၏။  10  တစ်ဖန်တုံ ၊ ငါ့ အားမိန့် တော်မူသည်ကား၊ ဤ  စာစောင် ၏ အနာဂတ္တိ  စကား ကို တံဆိပ် မ ခတ်နှင့်။ အကြောင်းမူကား၊ ကာလ  အချိန် ရောက် လုနီးပြီ။  11  မတရား သောသူ သည် မတရား  သဖြင့် ပြုစေ ဦး။ ညစ်ညူး သောသူ သည် ညစ်ညူး စေဦး။ ဖြောင့်မတ် သောသူ သည်ဖြောင့်မတ် စေဦး။ သန့်ရှင်း သောသူ သည် သန့်ရှင်း စေဦး ။  12  ငါသည်အလျင်အမြန် လာ မည်။ ငါ သည် အကျိုး  အပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ ၊ လူအသီးသီး  တို့အား မိမိ  တို့အကျင့် အတိုင်း  ဆပ်ပေး မည်။  13  ငါ သည် အာလဖ  ဖြစ်၏ ဩမေဃ  လည်း ဖြစ်၏။ အဦးဆုံး  သောသူ ၊ နောက်ဆုံး သော သူ  ဖြစ်၏။ အစ  နှင့်  အဆုံး လည်း ဖြစ်၏။  14  အသက် ပင် နှင့်ဆိုင်၍၊ မြို့ တံခါး အတွင်း သို့ ဝင် အံ့သောငှာပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာ ရှိကြ၏။  15  ပြင် ၌ကား၊ ခွေး ဖြစ်သောသူ ၊ ပြုစား တတ်သောသူ၊ မတရား  သောမေထုန်၌မှီဝဲသောသူ၊ လူ  အသက်ကို သတ်သောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သစ္စာ  ပျက် ခြင်းကို နှစ်သက် ၍  ပြု သောသူအပေါင်း တို့သည် ရှိကြ၏။  16  ငါ ယေရှု သည် အသင်းတော် တို့အဘို့ ဤအရာ  များကို သင် တို့အားသက်သေခံ စေခြင်းငှာ၊ ငါ ၏ ကောင်းကင် တမန်ကို စေလွှတ် ၏။ ငါ သည်ကား၊ ဒါဝိဒ် ၏ အမြစ်  ဖြစ် ၏။ အနွယ် လည်း ဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက် ကြယ် လည်းဖြစ်၏။  17  ဝိညာဉ် တော်နှင့်  မင်္ဂလာဆောင်သတို့သမီး က လာ  ခဲ့ပါဟု ဆို  ကြ၏။ ကြား သောသူ ကလည်း ၊ လာ  ခဲ့ပါ ဟုဆို  ပါစေ ၊ ရေငတ် သောသူ သည် လာ  ပါစေ။ အလိုရှိ  သော သူ  သည် အဘိုး  ကိုမပေးဘဲ အသက် ရေ ကို ယူ  ပါစေ။  18  ဤ စာစောင် ၏ အနာဂတ္တိ  စကား ကို ကြား သော သူအပေါင်း တို့အားငါ သက်သေခံ သည်ကား၊ အကြင်သူ သည် ဤအရာတို့၌၍ ထပ် အသစ်သွင်း၏။ ဤ  စာစောင်  ၌  ရေး ထားသော ဘေးဒဏ် တို့ကို ထိုသူ  အပေါ်သို့ ဘုရားသခင် သက်ရောက် စေတော်မူမည်။  19  အကြင်သူ သည် ဤ  စာစောင် ၏ အနာဂတ္တိ  စကား အချို့ကို နှုတ်ပယ် ၏။ ဤ  စာစောင် ၌  ရေး ထား သော အသက် ပင် နှင့် ၎င်း၊ သန့်ရှင်း သောမြို့ တော်နှင့် ၊ ထိုသူ  စပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည်။  20  ငါသည် အလျင်အမြန် လာ မည်မှန် ပေ၏ဟု၊  21  ဤအရာ များကို သက်သေခံ သောသူ  မိန့် တော်မူ၏ အာမင်  ၊ သခင် ယေရှု ကြွလာ တော်မူပါ။ ငါတို့သခင်  ယေရှု ခရစ်၏ ကျေးဇူး တော်သည် သန့်ရှင်းသူ အပေါင်း  တို့၌  ရှိစေသတည်း ။