5
 1  ငါ့ သား ၊ သင်သည် သမ္မာ  သတိရှိ၍ ၊ သင့် ၏နှုတ်ခမ်း သည် သိပ္ပံ  အတတ်ကို စောင့် မည်အကြောင်း၊  2  ငါ့ ပညာ ကို မှတ် ကျုံး၍၊ ငါ ပေးသောဉာဏ် သို့ သင့် နား ကို လှည့် လော့။  3  အကြောင်း မူကား၊ အမျိုး ပျက်သောမိန်းမ၏ နှုတ်ခမ်း သည် ပျားလပို့ ကဲ့သို့ယိုတတ် ၍ ၊ သူ ပြော သောစကား သည် ဆီ  ထက် ချော သော်လည်း၊  4  အဆုံး ၌ကား ၊ သူ သည်ဘင်းခါးရွက် ကဲ့သို့ ခါး ၍၊ သန်လျက် နှင့်အမျှ ထက် ၏။  5  သူ ၏ခြေ တို့သည် သေ  ခြင်းသို့ဆင်း ၍၊ သူ  သွား ရာလမ်း သည် မရဏာ  နိုင်ငံသို့ ရောက်တတ်၏။  6  သင်သည်အသက် လမ်း ကို မ  ဆင်ခြင် ရအောင်၊ သူ့  ထုံးစံ ဓလေ့တို့သည် တရွေ့ရွေ့ ပြောင်းလဲသဖြင့်၊ သင်သည် နား  မ လည်နိုင်ရ။  7  သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ဟောပြော ချက်တို့ကို မ ပယ် ကြနှင့်။  8  ထိုသို့သောမိန်းမ ကို ဝေး စွာရှောင်သွားလော့။ သူ့  နေရာ တံခါးဝ သို့ မ ချဉ်း နှင့်။  9  သို့မဟုတ် သင်သည် ကိုယ် ဂုဏ် အသရေကို သူတပါး ၌ ၎င်း၊ ကိုယ် အသက် ကို ကြမ်းတမ်း သောသူတို့ ၌  ၎င်း အပ် လိမ့်မည်။  10  တပါးအမျိုးသား တို့သည် သင် ၏စည်းစိမ် နှင့် ပြည့်ဝ ကြလိမ့်မည်။ သင် လုပ် ၍ ရသောဥစ္စာသည် တပါး အမျိုးသားအိမ် သို့ ရောက်လိမ့်မည်။  11  နောက်ဆုံး ၌ သင့် အသား ၊ သင့် ကိုယ် ကာယ ဆွေးမြေ့ သောအခါ၊  12  ငါသည် သွန်သင် ခြင်းကို မုန်း လေပြီတကား။ ဆုံးမ  ခြင်းကို စိတ် နှလုံးထဲမှာ မထီမဲ့မြင် ပြုလေပြီ တကား။  13  ငါ့ ဆရာ တို့၏ စကား  ကို နား မ ထောင်ဘဲ၊ ငါ့ အား သွန်သင် သောသူတို့ ၏စကားကို နား  မ ခံဘဲနေလေပြီ တကား။  14  စည်းဝေး သော ပရိတ်သတ် များအလယ် ၌ ဒုစရိုက် မျိုးကို ကုန်စင် လုသည်တိုင်အောင် ငါပြု လေပြီ တကားဟု မြည်တမ်း ရလိမ့်မည်။  15  ကိုယ် ဆိုင်သော ရေ  အိုး ကို သုံး၍ ၊ ကိုယ် ရေတွင်း ထဲက ထွက် သော စမ်းရေကို သောက် လော့။  16  သင် ၏ စမ်းရေ များပြား ၍၊ လမ်း များအနား မှာ စီးသော မြစ် များ ဖြစ်စေလော့။  17  တပါး အမျိုးသားနှင့် ပေါင်းဘက်၍ မ ဆိုင်စေဘဲ၊ ကိုယ် တပါး တည်းသာ ဆိုင် စေလော့။  18  သင် ၏စမ်းရေ တွင်း၌မင်္ဂလာ ရှိ စေ၍ ၊ အသက် အရွယ် ပျိုစဉ် ကာလ၊ ပေါင်းဘော်သော မယား  နှင့်အတူပျော်မွေ့ လော့။  19  သူသည်စုံမက် တတ်သော သမင်မ ၊ နှစ်လိုဘွယ် သော ဒရယ်မ ကဲ့သို့ဖြစ်၍ ၊ သူ ၏သားမြတ် တို့သည် သင် ၏အလိုဆန္ဒ ကို အစဉ်ပြေစေ၍၊ သူ့  ကိုချစ် သောစိတ် နှင့် အစဉ် ယစ်မူး လျက်နေလော့။  20  ငါ့ သား ၊ သင်သည် အမျိုး ပျက်သောမိန်းမနှင့် အဘယ် ကြောင့်ယစ်မူး သနည်း။ ပြည်တန်ဆာ မ၏ ရင်ပတ် ကိုအဘယ်ကြောင့် ဘက်ယမ်း သနည်း။  21  လူ သွားလာသမျှသော လမ်း တို့သည် ထာဝရဘုရား  မျက်မှောက် တော်၌ ရှိကြ၍ ၊ သွား လာသမျှ သော အခြင်းအရာ တို့ကို စူးစမ်း တော်မူ၏။  22  အဓမ္မ လူသည် မိမိ  ပြုသော ဒုစရိုက်အပြစ် ဖြင့် ဘမ်းမိ ခြင်း၊ မိမိ  အပြစ် ကြိုး တို့ဖြင့် ချည်နှောင် ခြင်းကို ခံရလိမ့်မည်။  23  သူ သည် အလွန် မိုက် သောကြောင့် မှားယွင်း ၍ ၊ သွန်သင် ခြင်းကို မ  ခံရဘဲသေ သွားရလိမ့်မည်။