55
 1  အို ရေ ငတ်သောသူအပေါင်း တို့၊ ရေ  ရှိရာသို့ လာ ကြလော့။ ငွေ မ ရှိသောသူ တို့၊ လာ  ကြ။ ဝယ် ၍  စား သောက်ကြလော့။ ငွေ မ ပါ ဘဲ၊ အဘိုး  ကို မ ပေးဘဲလာ ၍ စပျစ်ရည် နှင့်  နို့ ကို ဝယ် ကြလော့။  2  အစာ မ ဟုတ်သောအရာအဘို့ သင်တို့ငွေ ကို၎င်း၊ အမွတ်မ ပြေ နိုင်သောအရာအဘို့  သင်တို့ဥစ္စာ ကို၎င်း၊ အဘယ်ကြောင့် ကုန် စေကြသနည်း။ ငါ့ စကားကို  စေ့စေ့နားထောင် လျက် ၊ ကောင်း သောအစာကို စား  ကြလော့။ သင် တို့၏ဝိညာဉ် သည် ချို သောအရာတို့၌  မိမိကိုမိမိ မွေ့လျော် စေလိမ့်မည်။  3  နူးညွတ်သော နား  နှင့် ငါ့ ထံသို့ လာ ကြလော့။ နားထောင် ကြလော့။ သို့ပြုလျှင် သင် တို့၏ ဝိညာဉ် သည် အသက် ရှင်ရလိမ့်မည်။ ငါသည်လည်း ၊ သင် တို့နှင့်  ထာဝရ  ပဋိညာဉ် ပြု ၍၊ ဒါဝိဒ် ၌ မြဲမြံ သော ကျေးဇူးတော်ကို သင်တို့အားပေး မည်။  4  ကြည့် ရှုလော့။ ထိုသူ  ကို ဥပဇ္ဈာယ် ဆရာဖြစ်စေ ခြင်းငှါ ၎င်း၊ စီရင် အုပ်စိုးသော အရှင် ဖြစ်စေခြင်းငှါ၎င်း၊ လူမျိုး တို့အား ငါပေး ပြီ။  5  ကြည့်ရှုလော့။ သင်သည် မ  သိ ဘူးသော လူမျိုး ကို ခေါ် လိမ့်မည်။ သင့် ကို မ  သိ ဘူးသော လူမျိုး တို့သည်လည်း ၊ သင် ၏ဘုရား သခင်ထာဝရဘုရား ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားကြောင့် ၊ သင့် ထံသို့ ပြေး လာကြလိမ့်မည်။ ထိုဘုရားသည် သင် ၏ဘုန်း ကို ပွင့်စေတော်မူ၏။  6  တွေ့ နိုင်သည် ကာလတွင်  ထာဝရဘုရား ကို ရှာ ကြလော့။ နီး  တော်မူသည်ကာလတွင်  ဆုတောင်း ပဌနာပြုကြလော့။  7  ဆိုး သောသူသည် မိမိ  လမ်း ကို၎င်း ၊ မတရား သောသူ သည် မိမိ  အကြံ တို့ကို၎င်းစွန့်ပစ် ၍ ၊ ထာဝရဘုရား  ထံ တော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် သနား  တော်မူလိမ့်မည်။ ငါ တို့ ဘုရား  သခင့်ထံ တော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင်အထူးသဖြင့်အပြစ်ကို လွှတ် တော်မူလိမ့်မည်။  8  ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ ၏ အကြံအစည် သည် သင် တို့၏ အကြံအစည် နှင့်မ တူ။ ငါ ၏ အကျင့် သည်လည်း  သင် တို့၏ အကျင့် နှင့်မ တူ။  9  မိုဃ်းကောင်းကင် သည် မြေကြီး ထက် သာ၍မြင့်  သကဲ့သို့ ၊ ငါ ၏အကျင့် သည် သင် တို့၏အကျင့် ထက် ၎င်း  ၊ ငါ ၏အကြံအစည် သည် သင် တို့၏ အကြံအစည် ထက်၎င်း သာ၍  မြင့် ၏။  10  မိုဃ်းရေ နှင့်  မိုဃ်းပွင့် တို့သည် မိုဃ်းကောင်းကင် မှ  ဆင်းသက် ၍  နောက်တဖန်မ ပြန် ၊ မြေသည် မျိုးစေ့ကြဲ  သောသူအား  မျိုးစေ့ ကို၎င်း၊ အစာစား  သောသူအား  အစာ ကို၎င်း ပေး  မည်အကြောင်း ၊ မြေ ကို စို  စေသဖြင့်၊ အပင် ပေါက် စေ၍ ၊ အသီးကို သီး  စေသကဲ့သို့၊  11  ထိုအတူ  ငါ ၏နှုတ်ကပတ် စကား သည် ဖြစ် လိမ့်မည်။ အကျိုး မရှိဘဲ ငါ့ ထံသို့ မ ပြန် ရ။ ငါ့အလို ကို ပြည့်စုံ စေမည်။ ငါစေခိုင်း သော အမှု ၌ အောင် လိမ့်မည်။  12  သင်တို့သည် ဝမ်းမြောက် သောစိတ် နှင့် ထွက် ၍ ၊ ချမ်းသာ စွာ  ပို့ ခြင်းကိုခံ ရကြလိမ့်မည်။ တောင် ကြီး တောင် ငယ်တို့သည် သင် တို့ရှေ့ မှာ သီချင်း ဆိုသံနှင့် ကြွေးကြော်  ၍ ၊ တော ၌ရှိသမျှ သော အပင် တို့သည် လက်ခုပ် တီး  ကြလိမ့်မည်။  13  အမျိုးမျိုးသော ဆူး  ပင်အရာ ၌ ထင်းရူး ပင်နှင့်  မုရတု ပင်တို့သည် ပေါက် ကြလိမ့်မည်။ ထိုအမှုသည်ထာဝရဘုရား ရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မ  ပျောက်  မပျက်ရသောထာဝရ သက်သေ ဖြစ် ရလိမ့်မည်။