31
 1  စစ်ကူ တောင်းအံ့သောငှါ အဲဂုတ္တု  ပြည် သို့ သွား  ၍၊ မြင်း တို့ကို အမှီပြု လျက်  များ စွာသော ရထား  တို့ကို၎င်း၊ အားကြီး သော မြင်းစီး သူရဲတို့ကို ၎င်း ခိုလှုံလျက်၊ ဣသရေလ  အမျိုး၏ သန့်ရှင်း သော ဘုရားကို မ  မြော်လင့် ၊ ထာဝရဘုရား  ကို မ  ရှာ ဘဲ နေသော သူတို့သည် အမင်္ဂလာ ရှိကြ၏။  2  ထိုဘုရားသည် ဉာဏ် တော်ကျယ်၍ ၊ သူတို့အပေါ် မှာ ဘေး  ကိုသက်ရောက် စေတော်မူမည်။ စကား  တော်မ ပျက် ဘဲ၊ ဆိုး  သောလူမျိုး ကို၎င်း၊ မတရား  သဖြင့် ပြု သောသူတို့ဘက်မှာ နေ  သောသူတို့ကို၎င်းတဘက်၌ ထ  တော်မူမည်။  3  အဲဂုတ္တု ပြည်သားတို့သည် ဘုရား  မ ဖြစ်၊ လူ  သက်သက်ဖြစ်ကြ၏။ သူ  တို့မြင်း သည်လည်း  ဝိညာဉ် မ ဖြစ်၊ အသား  သက်သက်ဖြစ်၏။ ထာဝရဘုရား  သည် လက်  တော်ကို ဆန့် တော်မူသောအခါ၊ မစ  တတ်သောသူသည် လဲ  လိမ့်မည်။ မစ  အပ်သောသူလည်း ဆုံး လိမ့်မည်။ အလုံးစုံ  တို့သည် အတူ  ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။  4  ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ ခြင်္သေ့ နှင့်  ခြင်္သေ့ သငယ်သည် လုယူရာ အကောင် ပေါ် မှာနေသောအခါ၊ သိုးထိန်း အလုံး အရင်း၏ ဆီးတားအော်ဟစ် ခြင်းကို မ  ကြောက် ၊ သူ တို့ပြုသောအသံ ဗလံအားဖြင့်  အရှုံး မ ခံသကဲ့သို့၊ ထိုနည်းတူ ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် မိမိ  တောင် တည်းဟူသောဇိအုန်  တောင် တော်ဘက် မှာ စစ်တိုက် ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။  5  ငှက် သည် သားငယ်ကို အုပ် တတ်သကဲ့သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  သည် ယေရှုရှလင်  မြို့ကို ကွယ်ကာ တော်မူမည်။ ကွယ်ကာ စောင့်မ၍ အပြစ် မပေး၊ ကယ်တင် တော်မူမည်။  6  အိုဣသရေလ အမျိုးသား တို့၊ သင်တို့သည် အလွန်  လွှဲ ရှောင်ပယ်ထားသော ဘုရား  ထံ တော်သို့ ပြန် လာ ကြလော့။  7  အကယ်စင်စစ်လူ အပေါင်းတို့သည် မိမိ  လက်  ဖြင့် အသီးအသီးလုပ် သော ငွေ ရုပ်တု ၊ ရွှေ ရုပ်တု တည်း ဟူသော၊ ပြစ်မှား ရာအရာများကို ထို  ကာလ ၌  ပစ် လိုက် ကြလိမ့်မည်။  8  အာရှုရိ လူသည်လည်း ၊ ကြီးမြတ် သောသူ၏ ထား  မဟုတ် သော ထား  ဖြင့် ဆုံး လိမ့်မည်။ ယုတ် သောသူ၏ထား မဟုတ် သော ထားသည် သူ့  ကိုဖျက်ဆီး လိမ့်မည်။ သူသည် လည်း ထား  ဘေးမှ  ပြေး ၍ ၊ သူရဲ တို့သည် ကျွန် ခံ ရကြ လိမ့်မည်။  9  သူသည်လည်း  ကြောက်လန့် သဖြင့် ၊ မိမိ ခိုင်ခံ့ သော မြို့ကိုလွန် သွား၍ ၊ သူ ၏ မှုးမတ် တို့သည် နိမိတ် ကို မြင်လျှင်  စိတ်ပျက် ကြလိမ့်မည်ဟု ဇိအုန် တောင်ပေါ် မှာမီးလျှံ ၊ ယေရှုရှင် မြို့၌  မီးဖို ရှိသော ထာဝရဘုရား  မိန့် တော်မူသတည်း။