4
 1  တဖန်တုံ ၊ အချင်းလူသား ၊ အုတ် ပြားကိုယူ ၍  သင့် ရှေ့ မှာထား  ပြီးလျှင် ၊ ယေရုရှလင် မြို့ ပုံကို ရေး  လော့။  2  မြို့ ကို ဝိုင်း ၍ မြို့ ပြင် ၌ တပ် တည် လော့။ မြေရိုး  ကိုလည်း ဖို့ လော့။ တပ် သားတို့ကိုလည်း ခင်းကျင်း လော့။ မြို့ ပတ်လည် တွင် ဝက်ခွ တိုင်တို့၌  တုံးတို့ကိုလည်း ဆွဲ ထားလော့။  3  ထိုမှတပါး ၊ သံ  ပြား ကိုယူ ၍ ၊ သင် နှင့် မြို့ စပ်ကြား မှာ သံ  ရိုး ဖြစ်စေခြင်းငှါ ထောင် ပြီးလျှင် ၊ မြို့ တဘက် ၌ သင် ၏မျက်နှာ ကိုထား လော့။ ထိုသို့ ဝိုင်း ထားသဖြင့် ၊ ထိုမြို့ သည်ဝိုင်း ထားခြင်းကိုခံရမည်။ ဤ  သည်ကား ဣသရေလ  အမျိုး အား  နိမိတ် လက္ခဏာဖြစ် လိမ့်မည်။  4  ထိုမှတပါး ၊ သင် သည် လက်ဝဲ နံစောင်း ဖြင့် အိပ်  ၍ ၊ ဣသရေလ  အမျိုး ၏အပြစ် ကို ထိုနံစောင်း၌ တင် ထား လော့။ ထိုသို့  အိပ် ရသော နေ့ရက် အရေအတွက် အတိုင်း  သူ တို့အပြစ် ကိုခံရ မည်။  5  အကြောင်း မူကား၊ အရက် သုံး ရာ ကိုး ဆယ် အရေအတွက် အတိုင်း ၊ သူ  တို့အပြစ် နှင့်ယှဉ်သော နှစ် ပေါင်းကိုသင် ၏အပေါ် ၌ ငါ တင် ထားပြီ။ ထိုသို့  ဣသရေလ အမျိုး ၏ အပြစ် ကို သင်သည် ခံရ  မည်။  6  ထို နေ့ရက်စေ့ ပြီးမှ ၊ တဖန် လက်ျာ နံစောင်း ဖြင့်  အိပ် ၍၊ အရက် လေးဆယ် ပတ်လုံးယုဒ အမျိုး ၏ အပြစ် ကိုခံ  ဦးလော့။ နှစ် အစား ၌ ရက် ကို ငါထား ပြီ။  7  သင်သည် ယေရုရှလင် မြို့ကို  ဝိုင်း ထားသည် အမှုမှာ၊ မျက်နှာ ထား ၍  လက်ရုံး ကိုဆန့် လျက် ၊ မြို့ တဘက်  ၌ ပရောဖက် ပြုရမည်။  8  ငါသည် သင့် ကို ချည်နှောင် ၍  ဝိုင်း ထားခြင်းအမှုကို ပြုရသော ကာလ  မ စေ့ မှီ၊ သင် သည် တဘက် မှ  တဘက် သို့  မ စောင်း ရ။  9  ထို မှတပါး၊ ဂျုံ ဆန်၊ မုယော  ဆန်၊ ပဲ  ဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက် ဆန်တို့ကို ယူ၍ အိုး  တလုံး ၌  ရောနှော လျက်ထားရမည်။ နံစောင်း တဘက်ဖြင့်  အိပ် ရသော နေ့ရက်  သုံးရာ ကိုးဆယ်ပတ်လုံး၊ ထို  ရောနှောသောဆန်ကို မုန့် လုပ် ၍  စား ရမည်။  10  ထို မုန့် ကို တနေ့  တနေ့လျှင် အကျပ် နှစ်ဆယ် စီ ချိန် ၍  စား ရမည်။  11  ရေ ကိုလည်း တနေ့ တနေ့လျှင်  တဗတ် စီခြင် ၍  သောက် ရမည်။  12  မုယော မုန့်ပြား ကို စားသကဲ့သို့စားအံ့သောငှါ၊ လူ  များရှေ့ တွင် လူ  ၏မစင် နှင့် ဖုတ် ရမည်။  13  ထိုသို့  ငါနှင်ထုတ် ရာအရပ် ၊ တပါးအမျိုးသား တို့ နေရာ  ၌ ၊ ဣသရေလ  အမျိုး တို့သည် ညစ်ညူး သောမုန့် ကို စား  ရကြမည်ဟု ထာဝရဘုရား  မိန့် တော်မူ၏။  14  ငါကလည်း၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ်  သည် ညစ်ညူး ခြင်းသို့ မ  ရောက်ပါသေး။ အလိုလို သေ  သောအကောင်၊ သားရဲ  ကိုက်၍ သေသောအကောင်၊ ရွံ့ရှာဘွယ် သောအကောင်၏ အသား  ကို ငယ် သော အသက်အရွယ်မှစ၍ ယခု တိုင်အောင် အကျွန်ုပ် သည် မ  စား ပါဟု လျှောက် လျှင် ၊  15  လူ ၏မစင် အရာ ၌ နွား ချေး ကို ငါပေး ၏။ နွားချေးနှင့်သင့် မုန့် ကို ဖုတ် ရမည်ဟု မိန့် တော်မူ၏။  16  တဖန်တုံ ၊ အချင်းလူသား ၊ ယေရုရှလင် မြို့၌  မုန့် အထောက် အပင့်ကို ငါ ချိုး မည်။ မြို့သားတို့သည် မုန့် ကိုချိန် လျက် ၊ စိုးရိမ် သောစိတ် နှင့် စား ရကြမည်။ ရေ  ကိုလည်း  ခြင် လျက် ၊ မိန်းမော တွေဝေခြင်းနှင့်  သောက်  ရကြမည်။  17  မုန့် နှင့် ရေ ခေါင်းပါး သဖြင့် ၊ မြို့သားတို့သည် တညီတညွတ်တည်းမိန်းမော တွေဝေ၍ ၊ မိမိ  တို့အပြစ်  ကြောင့်  ပိန်ကြုံ ခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။