11
 1  သင် ၏အစာ ကို ရေ  ပေါ် မှာပစ် ချလော့။ ကာလ  ကြာမြင့် မှ တဖန်တွေ့ လေဦးမည်။  2  လူခုနစ် ယောက်မက၊ ရှစ် ယောက်တို့အား  ဝေမျှ  လော့။ မြေ ပေါ် မှာအဘယ် အမှု ရောက် မည်ကို သင်မ သိ။  3  မိုဃ်းတိမ် တို့သည် မိုဃ်းရေနှင့်ပြည့် သောအခါ  မြေ ပေါ် မှာရွာ တတ်၏။ သစ်ပင် သည် တောင် ဘက်သို့  လဲ သည်ဖြစ်စေ ၊ မြောက် ဘက်သို့ လဲသည်ဖြစ်စေ၊ လဲ  သောအရပ် ၌ နေရာ  ကျ၏။  4  လေ ကိုမှတ် တတ်သောသူသည်မျိုးစေ့ကိုမ ကြဲ။ မိုဃ်းတိမ် တို့ကို ပမာဏ  ပြုတတ်သောသူသည် လည်း စပါး ကိုမ ရိတ်ရာ။  5  နံဝိညာဉ် သွားရာလမ်း ကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း ၌ အရိုး တို့သည် အဘယ်သို့ တိုးပွား သည်ကို၎င်း မ  သိ နိုင်သကဲ့သို့ ၊ အလုံးစုံ တို့ကို ဖန်ဆင်း တော်မူသောဘုရား သခင်၏အမှုတော် တို့ကို မ  သိ နိုင်။  6  နံနက် အချိန်၌  မျိုးစေ့ ကိုကြဲ လော့။ ညဦး  အချိန်၌  လည်း  မ ကြဲ ဘဲမနေနှင့်။ အကြောင်း မူကား၊ အဘယ် အရာ သည် အကျိုး ရှိမည်ကို၎င်း၊ နှစ်ပါး စလုံးတို့သည် အညီအမျှ အကျိုး ရှိမည်ကို၎င်းမ သိ နိုင်။  7  အကယ် စင်စစ်အလင်း သည်ချို ၏။ နေ  ရောင်ခြည် ကိုမြင် ၍  ပျော် ပါးစရာရှိ၏။  8  သို့ရာတွင် ၊ လူ သည်အသက်တာ ရှည် ၍  အစဉ်  ရွှင်လန်း သော်လည်း ၊ မှောင်မိုက် ကာလ ကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့် လိမ့်မည်။ ဖြစ် လတံ့သမျှ တို့သည် အနတ္တ  သက်သက်ဖြစ်ကြ၏။  9  အချင်းလူပျို ၊ အသက် ပျိုသောအခါ  ပျော်မွေ့ လော့။ အသက် ပျိုစဉ် ကာလတွင် စိတ် ရွှင်လန်း ခြင်း ရှိလော့။ ကိုယ် အလို ရှိရာလမ်း နှင့် ၊ ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင် ၊ ထိုအမှုအလုံးစုံတို့ကို ဘုရား  သခင်စစ်ကြော ၍ ၊ သင့် ကို အပြစ်ပေး တော်မူမည် ဟု အောက်မေ့ လော့။  10  သို့ဖြစ်၍ ၊ စိတ် ညှိုးငယ် ခြင်းအကြောင်း နှင့် ၊ ကိုယ်  ဆင်းရဲ ခြင်းအကြောင်း ကို ပယ်ရှား လော့။ အသက် ငယ် ခြင်းအရာနှင့်  အရွယ် ပျိုခြင်းအရာသည် အနတ္တ  ဖြစ်၏။