9
 1  အထက်ဆိုခဲ့ပြီးသော အမှု အရာအလုံးစုံ တို့ကို ငါ သည် စုံစမ်း ခြင်းငှါ ဆင်ခြင် ရသည်ကား၊ ဖြောင့်မတ် သောသူနှင့်  ပညာရှိ သောသူတို့သည် သူ  တို့ပြုသောအမှု  များနှင့်တကွ ၊ ဘုရား သခင်၏ လက် တော်၌  ရှိကြ၏။ ချစ် တော်မူသောလက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့်အဘယ်သူ မျှမ သိနိုင်။  2  ခပ်သိမ်း သောသူတို့ သည် ခပ်သိမ်း သောအမှုအရာတို့နှင့် ဆက်ဆံ ကြ၏။ တရား  သောသူနှင့်  မ တရား သောသူ၊ ကောင်း သောသူနှင့်  မကောင်းသောသူ၊ စင်ကြယ် သောသူနှင့်  မ စင်ကြယ်သောသူ၊ ယဇ် ပူဇော်သောသူနှင့်  ယဇ် မ ပူဇော်သောသူ၊ အပြစ် မရှိသောသူနှင့်  အပြစ် ရှိသောသူ၊ ကျိန်ဆို သောသူနှင့်  ကျိန်ဆို ခြင်းကို ကြောက်  သောသူတို့သည် တခု  တည်းသောအမှုနှင့် တွေ့ကြုံကြတတ် ၏။  3  နေ အောက် မှာ ပြု သမျှ သောအမှု၌ ပါသောဝမ်းနည်း  စရာဟူမူကား ၊ ခပ်သိမ်း သောသူတို့သည် တခု  တည်း သောအမှု နှင့် တွေ့ကြုံရကြ၏။ အကယ် စင်စစ်လူ သား တို့ ၏ စိတ် နှလုံးသည် ဒုစရိုက် သဘောနှင့်ပြည့် ၏။ အသက်ရှင်  စဉ်အခါ ၊ သူ တို့သည် ရူး  သောစိတ် ကို စွဲလမ်း၍ ၊ နောက် တဖန် သေ  သွားတတ်ကြ၏။  4  အသက်ရှင် သော လူစုအပေါင်း နှင့်  ဆိုင် သေး သောသူသည် မြော်လင့် စရာရှိ ၏။ အသက်ရှင် သောခွေး  သည် သေ  သောခြင်္သေ့ ထက်  သာ၍ကောင်းမြတ် ၏။  5  အသက်ရှင် သောသူသည် မိမိသေ  ရမည်ကို သိ  ၏။ သေ  သောသူမူကား၊ အဘယ် အရာကိုမျှမ သိ။ အကျိုး အပြစ်ကိုလည်း မ ခံရ။ သူ့  ကိုလည်း  မေ့လျော့ တတ် ကြ၏။  6  သူ ၏ချစ် ခြင်း၊ မုန်း ခြင်း၊ ငြူစူ ခြင်းလည်း  ပျောက်ပျက်  ၏။ နေ  အောက် မှာ ပြု သမျှ သောအမှု၌  သူတပါး နှင့်  ရောနှော ၍ မ  ဆိုင်ရ။  7  သွား လော့။ ဝမ်းမြောက် သောစိတ်နှင့်  အစာစား  လော့။ ရွှင်လန်း သောစိတ် နှင့်  စပျစ်ရည် ကို သောက်  လော့။ သင် ပြုသောအမှု တို့ကို ဘုရား  သခင်ဝန်ခံ တော်မူ၏။  8  သင့် အဝတ် လည်း ၊ အစဉ် ဖြူစင် ပါလေစေ။ သင့် ခေါင်း သည်လည်း နံ့သာ  ဆီမ ခန်း မခြောက်စေနှင့်။  9  နေ အောက် မှာ ပေး  သနားတော်မူသောအနတ္တ  အသက် ကာလပတ်လုံး ၊ သင်ချစ် သောမယား နှင့်  ရွှင်လန်း စွာ အသက် ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင် ၍  နေ အောက် မှာကြိုးစား အားထုတ်ရာ၌  သင် ခံရသောအကျိုး ပေတည်း။  10  ဆောင်ရွက် စရာအမှုရှိသမျှ ကိုကြိုးစား အားထုတ် ၍ ဆောင်ရွက် လော့။ အကြောင်း မူကား၊ သင် ယခု သွား ၍ ရောက်ရလတံ့သောအရပ်  တည်းဟူသော မရဏာ  နိုင်ငံလုပ်ဆောင် ခြင်းမ ရှိ။ ကြံစည် ခြင်းမရှိ။ သိပ္ပံ  အတတ် မရှိ။ ပညာ  မရှိပါတကား။  11  တဖန်  နေ အောက် မှာရှိသော အမှုအရာတို့ကို ငါပြန် ၍ ကြည့်ရှု သောအခါ၊ လျင်မြန် သောသူသည် ပြိုင် ၍ ပြေးသော်လည်း မ နိုင်တတ်။ ခွန်အား ကြီးသောသူသည် စစ်တိုက် ၍  မ အောင်တတ်။ ပညာရှိ သောသူသည် ဝစွာ မ  စား တတ်။ ဉာဏ် ကောင်းသောသူသည် စည်းစိမ် ကို မ  ရတတ်။ လိမ္မာ  သောသူသည် သူတပါးရှေ့၌ မျက်နှာ မ ရတတ်။ ခပ်သိမ်း သောသူ တို့၌  ကာလ အချိန်စေ့ခြင်း၊ အဆင်သင့် ခြင်းရှိသည်အတိုင်း ဖြစ် တတ်သည်ကို ငါမြင် ၏။  12  လူ သည် မိမိ  ကာလ အချိန်ကိုမ သိ တတ်။ ဘေး  ပြု ရာ ပိုက်ကွန် အုပ်မိ သော ငါး ကဲ့သို့ ၎င်း၊ ကျော့ကွင်း ၌  ကျော့မိ သော ငှက် ကဲ့သို့ ၎င်း၊ လူ  သား တို့သည် ဘေး  ပြုရာ ကာလ  ထဲသို့  အမှတ်တမဲ့ ရောက် ၍  ကျော့မိ တတ်ကြ၏။  13  နေ အောက် မှာ ငါတွေ့မြင် ၍  ချီးမွမ်း ဘွယ်သော ပညာ  ဟူမူကား၊  14  မြို့သား နည်း သောမြို့ ငယ် တမြို့ရှိ၏။ ကြီး သော ရှင် ဘုရင်တပါးသည်လာ ၍ ၊ ထိုမြို့ ပြင် မှာ ကြီးစွာ သော တပ် တို့ကို တည် ၍ ဝိုင်း ထား၏။  15  ထိုမြို့ ၌ နေ သောဆင်းရဲသား ပညာရှိ  တယောက်သည် မိမိ  ပညာ အားဖြင့် ထိုမြို့ ကို ကယ်တင် ၏။ သို့သော်လည်း ၊ ထို ဆင်းရဲသား ကို အဘယ်သူ မျှမ အောက်မေ့။  16  ထိုအခါ  ငါဆို သည်ကား၊ ပညာ  သည် ခွန်အား ထက်  သာ၍ကောင်းမြတ် ၏။ သို့သော်လည်း ၊ ဆင်းရဲ သောသူ၏ ပညာ  ကို မထီမဲ့မြင် ပြုတတ်ကြ၏။ သူ  ၏စကား ကို နား  မ ထောင်တတ်ကြ။  17  အုပ်စိုး သောသူသည် မိုက် သောသူတို့တွင်  ကြွေးကြော်  သောအသံကို နားထောင်ကြသည်ထက် ၊ ငြိမ်ဝပ် ရာ၌  ပညာရှိ ပြောသောစကား ကို သာ၍နားထောင် တတ် ကြ၏။  18  ပညာ သည် စစ် လက်နက် ထက် သာ၍ကောင်း မြတ် ၏။ ဒုစရိုက် ကိုပြုသောသူသည်လည်း ၊ ကောင်း သော အမှုအများ ကို ဖျက်ဆီး တတ်၏။