12
 1  ထို ကာလ ၌  သင့် အမျိုးသား ချင်းတို့၏အမှုကို စောင့် သော အရှင် ကြီး မိက္ခေလ သည် ပေါ် လာလိမ့်မည်။ လူမျိုး တစုံတမျိုးမျှဖြစ် သည်ကာလမှစ၍ထို ကာလ တိုင်အောင် ၊ မ  ဖြစ် စဖူးသော  ဆင်းရဲ ဒုက္ခကပ်ကာလ သည် ရောက် လိမ့်မည်။ ထို  ကာလ အခါ စာစောင် ၌  စာရင်း ဝင်သမျှ သောသင်  ၏အမျိုးသား ချင်းတို့သည် ကယ်လွှတ် ခြင်းသို့ ရောက်ကြလိမ့်မည်။  2  ထိုကာလအခါ မြေ မှုန့် ၌ အိပ်ပျော် သော သူများ တို့သည် နိုး  ကြလိမ့်မည်။ အချို့ တို့ကား၊ ထာဝရ  အသက် ရှင်ခြင်းနှင့်၎င်း  ၊ အချို့ တို့ကား၊ ရှက် ကြောက်ခြင်း၊ ထာဝရ  အသရေ ပျက်ခြင်းနှင့်၎င်း နိုးကြလိမ့်မည်။  3  ပညာ ရှိသောသူတို့ သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင် အဝါကဲ့သို့ ၎င်း  ၊ လူအများ တို့ကို ဖြောင့်မတ် ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့ သည်လည်း၊ ကြယ် များကဲ့သို့ ၎င်း အစဉ် အမြဲထွန်းလင်း ကြလိမ့်မည်။  4  သင် ဒံယေလ မူကား ၊ အမှုကုန် ရသည် ကာလ  တိုင်အောင် ၊ ဤစကား  တော်တို့ကို ပိတ် ၍  စာစောင် ကို တံဆိပ် ခတ်ထားလော့။ အများ သောသူတို့ သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာ  တိုးပွား လိမ့်မည်ဟု ပြောဆို ၏။  5  ထိုအခါ  ငါ ဒံယေလ သည် ကြည့်ရှု လျှင် ၊ အခြား သောသူနှစ် ပါးတို့သည် မြစ် ကမ်း တို့၌ တဘက် တပါး  စီရပ် နေကြ၏။  6  တပါးကလည်း၊ အံ့ဘွယ် သော ဤအမှုအရာတို့သည် မ  ကုန်စင် မှီ အဘယ် မျှလောက် ကြာလိမ့်မည်နည်းဟု ပိတ်ချော ကိုဝတ် လျက်၊ မြစ် ရေ ပေါ် မှာရှိသော လူ  ကို မေးမြန်း ၏။  7  ပိတ်ချော ကိုဝတ် လျက် မြစ် ရေ ပေါ် မှာရှိသော  လူ ကလည်း၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံးဖြစ်လိမ့်မည်။ သန့်ရှင်း သောသူ တို့ ၏ အစွမ်း သတ္တိကို အရပ်ရပ်သို့ ဖြန့် လွှင့်ခြင်းအမှုပြီး သောအခါ ၊ ထို  အမှု အရာ အလုံးစုံ  တို့သည် ကုန်စင် ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင် သို့ ချီ လျှက် ၊ ကမ္ဘာ  အဆက်ဆက်အသက် ရှင်တော်မူသောဘုရားကို တိုင်တည် ၍ ကျိန်ဆိုသည် ကို ငါကြား ၏။  8  ထိုစကားကို ငါ ကြား ၍  နား မ လည်သောကြောင့် ၊ သခင် ဘုရား၊ ဤ  အမှုအရာတို့သည် အဘယ် သို့ကုန်စင် ပါမည်နည်းဟု မေးလျှောက် လျှင် ၊  9  ထိုသူက ဒံယေလ  ၊ သင်သွား လော့။ ထိုစကား  သည် အမှုကုန် ရသည်ကာလ တိုင်အောင် ပိတ် ၍  တံဆိပ် ခတ်ထားလျက်ရှိ၏။  10  လူအများ တို့သည် သန့်ရှင်း ဖြူစင် ခြင်းသို့ ရောက်၍  စုံစမ်း ခြင်းကိုခံရကြလိမ့်မည်။ မ  တရားသောသူတို့ သည် မ  တရားသဖြင့် ပြု၍ တယောက် မျှ နား  မ လည်ရ။ ပညာ  ရှိသောသူတို့ မူကား  ၊ နားလည် ကြ လိမ့်မည်။  11  နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ၍၊ ဖျက်ဆီး တတ်သော ရွံ့ရှာ ဘွယ်အရာသည် ပေါ်လာပြီးမှ ၊ အရက် တထောင် နှစ် ရာကိုး ဆယ်ကြာလိမ့်မည်။  12  အရက် တ ထောင်သုံး ရာ သုံး ဆယ်ငါး ရက်တိုင်အောင်  ငံ့လင့် ၍  မှီ သောသူသည် မင်္ဂလာ ရှိ၏။  13  သင် မူကား ၊ အဆုံး  မဖြစ်မှီတိုင်အောင် သွား  လော့။ ငြိမ်ဝပ် စွာ နေရလိမ့်မည်။ နေ့ရက် ကာလ ကုန်စင် ပြီးမှ၊ ကိုယ် အရိပ် အရာကိုခံ၍ ပေါ် ရလိမ့်မည်ဟုဆို၏။