3
 1  အိုဣသရေလ အမျိုးသား တို့၊ အဲဂုတ္တု  ပြည် မှ  ငါနှုတ်ဆောင် သော  အမျိုးသား အပေါင်း တို့၊ သင် တို့ကို  ရည်မှတ်၍ ငါထာဝရဘုရား  မိန့် တော်မူသောစကား ကို နားထောင် ကြလော့။  2  မြေကြီး ပေါ်မှာနေသောအမျိုးသား အပေါင်း တို့တွင်  သင် တို့တမျိုး တည်းကိုသာ ငါလက်ခံ သောကြောင့် ၊ သင် တို့အပြစ် ရှိသမျှ တို့ကို ငါစစ်ကြော မည်။  3  လူနှစ် ဦးသည် သဘော  မ တူလျှင် ၊ ပေါင်းဘော် ၍ ခရီးသွား နိုင်သလော ။  4  ခြင်္သေ့ သည် ဘမ်းစရာ မ ရှိလျှင် ၊ တော  ၌ ဟောက် လိမ့်မည်လော ။ ခြင်္သေ့ပျို သည် အဘယ်အရာကိုမျှမ ဘမ်းမိ လျှင် ၊ တွင်း ထဲက  အသံ ပြု လိမ့်မည်လော ။  5  မြေ ပေါ်မှာ ကျော့ကွင်း နှင့်မ ထောင် လျှင် ၊ ငှက် ကို ကျော့မိ လိမ့်မည်လော ။ ထောင် ထားသော ကျော့ကွင်း ၌  အဘယ်အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွား လိမ့်မည်လော ။  6  မြို့ ထဲမှာ  တံပိုး မှုတ် လျှင် ၊ မြို့သား တို့သည် မ  ကြောက် မလန့်ဘဲနေကြလိမ့်မည်လော။ ထာဝရဘုရား  စီရင် တော်မ မူဘဲ ဘေး  တစုံတခုသည် မြို့ ထဲမှာ  ရောက် လိမ့်မည်လော။  7  အကယ် စင်စစ်အရှင် ထာဝရဘုရား သည် မိမိ  ကျွန် ပရောဖက် တို့အား  မဘော် မပြဘဲ အဘယ်အမှုကိုမျှ စီရင် တော်မ မူ။  8  ခြင်္သေ့ ဟောက် သောအခါ၊ အဘယ် သူမျှမ ကြောက် မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင် ထာဝရဘုရား  မိန့် တော်မူသောအခါ၊ အဘယ် သူသည် ပရောဖက် မ ပြုဘဲနေလိမ့်မည်နည်း။  9  အာဇုတ် မြို့ ဘုံ  ဗိမာန်တို့နှင့်  အဲဂုတ္တု ပြည် ဘုံ ဗိမာန်တို့တွင်  သိတင်းကြားပြော ရမည်မှာ ၊ ရှမာရိ တောင် တို့ အပေါ် မှာစုဝေး ၍ ၊ ရှမာရိ မြို့ထဲမှာ  ရုန်းရင်းခတ် ခြင်းအမှုကို၎င်း ၊ မြို့ ထဲမှာ  ညှဉ်းဆဲ ခံရသောသူတို့ကို၎င်း ကြည့်ရှု ကြလော့။  10  မြို့သားတို့သည် တရား  သောအမှုကို မ  ပြု တတ်၊ အနိုင်အထက် ပြု၍  လုယူ သောဥစ္စာကို ဘုံ  ဗိမာန်တို့၌  သိုထား တတ်ကြသည်ဟု ထာဝရဘုရား  မိန့် တော်မူ၏။  11  ထိုကြောင့် ၊ အရှင် ထာဝရဘုရား  မိန့် တော်မူသည်ကား ၊ ရန်သူ တို့သည် ရှမာရိပြည် ကိုဝိုင်း ပြီးလျှင် ၊ သင် ၏အစွမ်း သတ္တိကို နှိမ့်ချ ၍ ၊ ဗိမာန် တို့ကို ဖြိုဖျက် ကြလိမ့်မည်။  12  ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိုးထိန်း သည် ခြင်္သေ့ နှုတ် ထဲက  ခြေ နှစ်ခု ၊ သို့မဟုတ် ၊ နားရွက် တပိုင်း ကို နှုတ်ယူ သကဲ့သို့ ရှမာရိ မြို့၌  ခုတင် ထောင့် ၊ ဒမာသက် မွေ့ရာ ဖုံပေါ်မှာ ထိုင် သော ဣသရေလ  အမျိုးသား တို့ကို နှုတ်ယူ ရလိမ့်မည်။  13  ကောင်းကင်ဗိုလ်ခြေ ကို အစိုးပိုင်သော ဘုရား  သခင်၊ အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကို သင်တို့သည် နားထောင် ၍  ယာကုပ် အမျိုးသား တို့အား  ဆင့်ဆို ရမည်မှာ၊  14  အကယ် စင်စစ်ဣသရေလ အမျိုး၏ အပြစ် တို့ကို စစ်ကြော သောနေ့ ၌ ၊ ဗေသလ  ယဇ် ပလ္လင်တို့ကို ငါစစ်ကြော လျက် ၊ ယဇ် ပလ္လင်ဦးချို တို့ကိုဖြတ် ၍  မြေ ပေါ် သို့ချ မည်။  15  ဆောင်း ကာလ၌  စံသောနန်းတော် နှင့် နွေ ကာလ၌စံသော နန်းတော် တို့ကို ငါထိခိုက် ၍ ၊ ဆင်စွယ် ဖြင့်  ပြီးသော အိမ် တို့ကိုဖျက်ဆီး မည်။ ဘုံ  ဗိမာန်တို့သည်လည်း  ဆုံး ကြလိမ့်မည်ဟု ထာဝရဘုရား  မိန့် တော်မူ၏။