120
ကူမတော်မူရန်ဆုတောင်းပတ္ထနာ 
 1 ငါသည်ဒုက္ခရောက်စဉ်အခါထာဝရဘုရား ကို ဟစ်ခေါ်ပါ၏။ 
ကိုယ်တော်သည်လည်းထူးတော်မူပါ၏။ 
 2 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးအားလိမ်လည်တတ်သူများ နှင့် လှည့်စားတတ်သူများ၏လက်မှကယ်တော် မူပါ။ 
 3 အချင်းလိမ်လည်တတ်သူတို့၊ 
သင်တို့အားဘုရားသခင်သည်အဘယ်သို့ စီရင်တော်မူလိမ့်မည်နည်း။ 
သင်တို့အားကိုယ်တော်သည်အဘယ်သို့ ဒဏ်ခတ်တော်မူလိမ့်မည်နည်း။ 
 4 စစ်သည်တို့၏ထက်မြက်သောမြားဖြင့်လည်း ကောင်း၊ 
ရဲရဲတောက်ပူလောင်သည့်မီးခဲဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူလိမ့်မည်။ 
 5 သင်တို့နှင့်ငါနေရသည်မှာမေရှက်ပြည်၌ နေထိုင်ရသကဲ့သို့လည်းကောင်း၊ 
ကေဒါ19 * မေရှက် ကေဒါ။ ကွာဝေးသောဒေသနှစ်ခု။ ၎င်းဒေသများ တွင်နေထိုင်သူတို့သည်လူရိုင်းများဟုယူ ဆသည်။ အမျိုးသားများနှင့်အတူ နေထိုင်ရသကဲ့သို့လည်းကောင်းဆိုးရွားပါ၏။ 
 6 ငါသည်ငြိမ်းချမ်းရေးကိုမုန်းသောသူတို့နှင့် နေရသည်မှာကြာမြင့်လွန်းလေပြီ။ 
 7 ငါသည်ငြိမ်းချမ်းရေးအကြောင်းပြောဆို သောအခါ သူတို့ကစစ်တိုက်ရန်ပြောဆိုကြ၏။ 
19120:5 * မေရှက် ကေဒါ။ ကွာဝေးသောဒေသနှစ်ခု။ ၎င်းဒေသများ တွင်နေထိုင်သူတို့သည်လူရိုင်းများဟုယူ ဆသည်။