11
ထာဝရဘုရားကိုယုံကြည်အားကိုးခြင်း9 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်သည်။ 
 1-3 ငါသည်ထာဝရဘုရား၏ထံတော်တွင်ခိုလှုံ ပါ၏။ 
``တိုင်းပြည်ငြိမ်ဝပ်ပိပြားမှုမရှိသောအခါ 
သူတော်ကောင်းတို့သည်အဘယ်သို့မျှမတတ် နိုင်။ 
သူယုတ်မာတို့သည်သူတော်ကောင်းတို့ကို 
ချောင်းမြောင်းပစ်ခတ်ရန်လေးကိုတင်၍မြားကို ချိန်ရွယ်လျက်နေလေပြီ။ 
ထိုကြောင့်``တောင်ပေါ်သို့ငှက်ကဲ့သို့ ပျံတက်လော့'' ဟု 
ငါ့အားသင်တို့ပြောဆိုကြသည်မှာလွန်စွာ မိုက်မဲလေစွတကား။ 
 4 ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ၏။ 
ကိုယ်တော်၏ပလ္လင်တော်သည်ကောင်းကင်ဘုံ တွင် ရှိတော်မူ၏။ 
ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး ကြည့်ရှုတော်မူ၍ 
သူတို့ပြုသောအမှုအရာများကိုသိမြင် တော်မူ၏။ 
 5 ကိုယ်တော်သည်သူတော်ကောင်းကိုလည်းကောင်း၊ 
သူယုတ်မာကိုလည်းကောင်းစစ်ဆေး ကြည့်ရှုတော်မူ၏။ 
တရားလက်လွတ်ပြုမူသောသူတို့ကို လွန်စွာမုန်းတော်မူ၏။ 
 6 ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ 
မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ 
သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။ 
 7 ထာဝရဘုရားသည်ဖြောင့်မှန်တော်မူ၍ အကျင့်ကောင်းကိုနှစ်သက်တော်မူ၏။ 
အကျင့်ကောင်းကိုပြုသူတို့သည်ကိုယ်တော်၏ မျက်နှာတော်ကိုဖူးမြင်ရကြလိမ့်မည်။