4
 1  ထိုနောက်မှ ငါကြည့် လျှင် ၊ ကောင်းကင် ၌  တံခါး ဖွင့် ထားလျက်ရှိ၏။ ရှေ့ဦးစွာ ကြား ရသော အသံ  ဟူမူကား၊ ဤအရပ် သို့တက် လော့။ နောင် ကာလ၌ ဖြစ် ရ မည်အရာ တို့ကို ငါပြ မည်ဟု ငါ နှင့် ပြော လျက်ရှိ သောတံပိုး  ခရာသံ ကဲ့သို့  မြည်လေ၏။  2  ထိုအခါဝိညာဉ် တော်ကို ငါ သည်ချက်ခြင်း ခံရ၍၊ ကောင်းကင် ဘုံ၌  ပလ္လင် တစ်ခုတည် လျက်ရှိ၏။ ပလ္လင် ပေါ်မှာ ထိုင် သော သူလည်း ရှိ၏။  3  ထိုသူ ၏ အဆင်း အရောင်သည် နဂါးသွဲ့ ကျောက် ၊ ပတ္တမြား ကျောက်နှင့်တူ ၏။ ပလ္လင် ၏ ပတ်ဝန်းကျင် ၌ကား ၊ မြ ကျောက် အဆင်း အရောင်နှင့်တူ သော သက်တံ့ ရှိ၏။  4  ထို ပလ္လင် ၏ ပတ်ဝန်းကျင် ၌ အခြားသော ပလ္လင် နှစ်ဆယ် လေး  ပလ္လင် ရှိ၏။ ထို  ပလ္လင် တို့အပေါ် ၌အသက်ကြီး သူနှစ်ဆယ် လေး ပါးတို့သည် ဖြူ သောအဝတ် ကို ဝတ်ဆင် လျက်၊ ခေါင်း ပေါ်၌ ရွှေ သရဖူ ကို ဆောင်းလျက် ထိုင် နေကြ၏။  5  ပလ္လင် တော်ထဲက လျှပ်စစ် ပြတ် ၏။ စကားပြော သံ၊ မိုဃ်းကြိုး သံလည်း မြည်၏။ ပလ္လင် တော်ရှေ့ ၌ ဘုရားသခင် ၏ဝိညာဉ် ခုနစ် ပါးတည်းဟူသောမီးခွက် ခုနစ် လုံးတို့သည် ထွန်း လျက်ရှိ ကြ၏။  6  ပလ္လင် တော်ရှေ့ ၌လည်း ၊ ကျောက် သလင်းနှင့် တူ  သော ဖန် ရေကန် ရှိ၏။ ပလ္လင် တော်၏အတွင်း ၌ ၎င်း၊ ပတ်ဝန်းကျင် ၌၎င်း၊ မျက်စိ နှင့်တစ်ကိုယ်လုံးပြည့် သော သတ္တဝါ လေး ပါးရှိ၏။  7  ပဌမ သတ္တဝါ သည် ခြင်္သေ့ နှင့်တူ ၏။ ဒုတိယ  သတ္တဝါ သည် နွား  သူငယ်နှင့်တူ ၏။ တတိယ  သတ္တဝါ သည် လူ  မျက်နှာ ရှိ ၏။ စတုတ္ထ  သတ္တဝါ သည် ပျံ လျက်ရှိသော ရွှေလင်းတ နှင့်တူ ၏။  8  ထိုသတ္တဝါ လေး ပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တစ် ပါးတစ် ပါးလျှင် အတောင် ခြောက် ခုစီ ရှိ ၍၊ အတွင်း ၌ မျက်စိ နှင့်ပြည့် ကြ၏။ သူတို့ကလည်း၊ အနန္တ  တန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ် ကာလ အစဉ် ရှိတော်မူသော ထာဝရ  အရှင်ဘုရားသခင် သည် သန့်ရှင်း တော်မူ၏။ သန့်ရှင်း တော်မူ၏ နေ့  ညဉ့် မပြတ်ငြိမ် ၍  မ နေ ဘဲ ပြောဆို ကြ၏။  9  ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ကမ္ဘာ  အဆက်ဆက် အသက် ရှင်တော်မူသောသူ ၏ ဘုန်း အသရေ ၊ ဂုဏ် ကျေးဇူးတော်ကို ထို  သတ္တဝါ တို့သည်ချီးမွမ်း ကြသောအခါ ၊  10  အသက်ကြီး သူနှစ်ဆယ် လေး ပါးတို့သည် ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောသူ ရှေ့ ၌ ပြပ်ဝပ် လျက် ၊ ကမ္ဘာ  အဆက်ဆက် အသက် ရှင် တော်မူသော သူ  ကို ကိုးကွယ် လျက် ၊  11  အိုထာဝရ ဘုရား၊ ကိုယ်တော် သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူပြီ။ ထိုအရာတို့သည် အလို  တော်ကြောင့် ဖြစ်၍ ဖန်ဆင်း လျက်ရှိ ကြပါ၏။ ထိုကြောင့်  ၊ ကိုယ်တော် သည်ဘုန်း အသရေ  တန်ခိုး တော် ကို ခံစား  ထိုက် တော်မူ၏ဟုလျှောက်ဆို ၍၊ ပလ္လင် တော် ရှေ့ ၌ မိမိ  တို့သရဖူ များကိုချထား ကြ၏။