141
 1  အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် အော်ဟစ် ပါ၏။ အလျင်အမြန်ကြွလာ တော်မူပါ။ ကိုယ်တော်  ကို  အော်ဟစ် သောအခါ ၊ အကျွန်ုပ် ၏ စကား  သံကို နားထောင် တော်မူပါ။  2  အကျွန်ုပ် ၏ ပဌနာ  သည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့၎င်း၊ လက် ကိုချီ ခြင်းသည် ညဦးယံ  ပူဇော် သက္ကာ ကဲ့သို့၎င်း၊ ရှေ့ တော်၌ပြင်ဆင် လျက် ရှိပါစေသော။  3  အိုထာဝရဘုရား ၊ အကျွန်ုပ် ၏နှုတ် ရှေ့ မှာ ကင်း  ကို ထား  တော်မူပါ။ အကျွန်ုပ် ၏နှုတ်ခမ်း တံခါး ကို စောင့်  တော်မူပါ။  4  ဒုစရိုက် ကိုပြု သောသူ တို့နှင့်အတူ အကျွန်ုပ်ပါ၍၊ မ  တရားသောအမှု ၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်းငှါ၊ အကျွန်ုပ် ၏စိတ် နှလုံးကို မ  ကောင်းသောအမှု အရာသို့  သွေးဆောင် တော်မ မူပါနှင့်။ ထိုသူ  တို့၏ ခဲဘွယ် စားဘွယ်တို့ကို အကျွန်ုပ်မ စား ပါစေနှင့်။  5  ဖြောင့်မတ် သောသူသည် အကျွန်ုပ် ကို ဒဏ်ခတ် ပါစေသော၊ ကျေးဇူး ရှိပါလိမ့်မည်။ ဆုံးမ  ပါစေသော၊ အကျွန်ုပ် ဦးခေါင်း ကိုလိမ်းသောဆီ ဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ် မ ငြင်း ပါ။ ယခု  မူကား၊ သူတပါး  ပြုသောအဓမ္မ အမှုတဘက် ၌ ဆုတောင်း ရပါ၏။  6  သူ တို့၏အကဲ အမှုးတို့သည် ကျောက် တွင်း နားမှ  လွတ် ၍ ၊ အကျွန်ုပ် ၏စကား ကို ကြား ရကြပါ၏။ ထို  စကား လည်း ချို ပါ၏။  7  မြေ ပေါ် မှာထင်းကိုခုတ် ၍ ခွဲ သကဲ့သို့ ၊ မရဏာ  နိုင်ငံတံခါး ဝမှာ  အကျွန်ုပ် တို့၏ အရိုး  များတို့သည် ကွဲပြား  လျက်ရှိကြပါ၏။  8  အိုဘုရား ရှင်ထာဝရဘုရား ၊ ကိုယ်တော် ကို  အကျွန်ုပ် မျှော်ကြည့် ပါ၏။ ကိုယ်တော်၌ခိုလှုံ ပါ၏။ အကျွန်ုပ် ၏အသက် ကို သွန်ပစ် စေတော်မ မူပါနှင့်။  9  အကျွန်ုပ် ဘို့  ထောင် ထားကြသောကျော့ကွင်း မှ  ၎င်း၊ ဒုစရိုက် ကို ပြု သောသူတို့၏ညွှတ် မှ၎င်း  ၊ အကျွန်ုပ် ကို လွတ် စေတော်မူပါ။  10  ထိုသို့အကျွန်ုပ် သည်လွန် သွားသောအခါ ၊ မ တရားသော သူအပေါင်း တို့သည် မိမိ  တို့ကျော့ကွင်း ထဲသို့  ကျ ကြပါစေသော။