130
 1  အိုထာဝရဘုရား ၊ နက်နဲ ရာထဲက  ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။  2  အို ထာဝရ  ဘုရား၊ အကျွန်ုပ် ၏ စကား  သံကို  ကြား ၍၊ အကျွန်ုပ် ဆုတောင်း ပဌနာပြုသံ ကို  နားညောင်း တော်မူပါ။  3  အို ဘုရား  ရှင်ထာဝရ ဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ် များကို မှတ် တော်မူလျှင်  အဘယ်သူ သည် ခံရပ် နိုင်ပါမည်နည်း။  4  ကိုယ်တော် ကို  ကြောက်ရွံ့ စရာအကြောင်း ရှိစေခြင်းငှါ၊ အပြစ် လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။  5  ထာဝရဘုရား ကို ငါစောင့် လျက်နေ၏။ ငါ့ ဝိညာဉ်  သည် စောင့် လျက်နေ၏။ နှုတ်ကပတ် တော်ကို  ငါမြော်လင့်  ၏။  6  နံနက် ကို မြော်လင့် သောသူတို့ ထက်မက ၊ ငါ့ ဝိညာဉ် သည် ဘုရား  ရှင်ကို မြော်လင့် လျက်နေ၏။  7  ဣသရေလ အမျိုးသည် ထာဝရဘုရား  ကို  မြော်လင့်  ပါစေ။ အကြောင်း မူကား၊ ထာဝရဘုရား  ၌  ကရုဏာ  ရှိ၏။ များစွာ သော ရွေးနှုတ် ခြင်းကျေးဇူးရှိ၏။  8  ဣသရေလ အမျိုးကို  ခပ်သိမ်း သောဒုစရိုက် အပြစ်တို့အထဲက  ရွေးနှုတ် တော်မူလိမ့်မည်။