126
 1  ဘမ်း သွားချုပ်ထားသော ဇိအုန် သားတို့ကို ထာဝရဘုရား  ပြန်လာ စေတော်မူသောအခါ ၊ ငါတို့သည် အိပ်မက် သောသူကဲ့သို့ ဖြစ် ကြ၏။  2  ထိုအခါ  ငါ တို့နှုတ် သည် ရယ် ခြင်းနှင့်၎င်း၊ ငါ တို့ လျှာ သည် သီချင်း ဆိုခြင်းနှင့်၎င်း ပြည့်ဝ ၏။ တပါးအမျိုးသား  တို့ကလည်း၊ ထာဝရဘုရား  သည် သူတို့အဘို့  ကြီး သောအမှုကို ပြုတော်မူပြီဟု ဆို  ကြ၏။  3  ထာဝရဘုရား သည် ငါ တို့အဘို့  ကြီး သောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက် လျက် နေ  ကြ ၏။  4  အိုထာဝရဘုရား ၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော  အကျွန်ုပ် တို့ကို  တောင် မျက်နှာချောင်း ရေကဲ့သို့ တဖန်ပြန်လာ စေတော်မူပါ။  5  မျက်ရည် ကျလျက်  မျိုးစေ့ကြဲ သောသူတို့သည် ရွှင်လန်း လျက်  စပါး ရိတ်ကြလိမ့်မည်။  6  မျက်ရည် ကျလျက် ကြဲ ရန် မျိုးစေ့ ကို ဆောင် ၍ ထွက်သွား သောသူသည်၊ ကောက်လှိုင်း များကို ဆောင်  လျက် ရွှင်လန်း သောစိတ်နှင့်  အမှန်ပြန်လာ လိမ့်မည်။