120
 1  အကျွန်ုပ် သည် ဆင်းရဲ ခံရသောအခါ  ထာဝရဘုရား  ကို  အော်ဟစ် ၍ ၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။  2  အိုထာဝရဘုရား ၊ အကျွန်ုပ် အသက် ကို သစ္စာ  မရှိသော နှုတ် မှ ၎င်း၊ လှည့်စား တတ်သော လျှာ မှ ၎င်း ကယ်နှုတ် တော်မူပါ။  3  အိုလှည့်စား တတ်သောလျှာ ၊ သင် သည်အဘယ်  ကျေးဇူး ရှိ သနည်း။ အဘယ် အကျိုး ကိုခံရသနည်း။  4  အားကြီး သောသူ ၏ ထက် သောမြှား ကဲ့သို့ ၎င်း၊ ရသမ် သစ်သားမီးခဲ ကဲ့သို့၎င်း ဖြစ်၏။  5  ငါသည် မေရှက် ပြည်၌  တည်းခို ၍ ၊ ကေဒါ တဲ ၌  နေရ သည် အရာမှာ အ  မင်္ဂလာရှိ၏။  6  ငြိမ်သက် ခြင်းကို မုန်း သောသူတို့ နှင့်အတူ ၊ ငါ့ ဝိညာဉ် သည် ကြာမြင့် စွာနေ ရပါသည်တကား။  7  ငါ သည် ငြိမ်သက် ခြင်းဘက်မှာနေ၏။ ငါပြော လျှင်  မူကား ၊ သူ တို့သည် စစ်တိုက် ခြင်းငှါ အလိုရှိကြ၏။