118
 1  ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည် သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။  2  ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု ဣသရေလ  အမျိုး ဝန်ခံ စေ။  3  ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု အာရုန်  အနွှယ်  ဝန်ခံ စေ။  4  ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု ထာဝရဘုရား  ကို ကြောက်ရွံ့ သောသူတို့ သည် ဝန်ခံ ကြစေ။  5  ငါသည် ကျဉ်းမြောင်း ရာထဲက  ထာဝရ ဘုရားကို ခေါ် ၍၊ ထာဝရ  ဘုရားသည် ကျယ်ဝန်း သော အရပ်ထဲသို့ သွင်း တော်မူ၏။  6  ထာဝရဘုရား သည် ငါ့ ဘက် မှာ ရှိတော်မူသည် ဖြစ်၍ကြောက် စရာမ ရှိ။ လူ  သည် ငါ ၌  အဘယ်သို့ ပြု နိုင်သနည်း။  7  ထာဝရဘုရား သည် ငါ့ ဘက် ၌ မစ  တော်မူသည် ဖြစ်၍ ၊ ငါ့ ကို မုန်း သောသူတို့၌  ငါ့ အလို ပြည့်စုံလိမ့်မည်။  8  ထာဝရဘုရား ၌  ခိုလှုံ ခြင်းသည်၊ လူ  ကို ကိုးစား  ခြင်းထက်  သာ၍ကောင်း ၏။  9  ထာဝရဘုရား ၌  ခိုလှုံ ခြင်းသည် မင်း ကို  ကိုးစား ခြင်းထက်  သာ၍ကောင်း ၏။  10  လူမျိုး အပေါင်း တို့သည် ငါ့ ကိုဝိုင်း ကြသော်လည်း၊ ထာဝရဘုရား  ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ် ရ၏။  11  ငါ့ ကိုဝိုင်း ကြ၏။ ဝိုင်း ကြသော်လည်း ၊ ထာဝရဘုရား  ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ်ရ၏။  12  ပျား များကဲ့သို့ ငါ့ ကိုဝိုင်း ၍ အုံကြသော်လည်း၊ ဆူး  ပင်ကို လောင်သော မီး  ကဲ့သို့ ငြိမ်း ကြ၏။ ထာဝရဘုရား  ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ်ရ၏။  13  သင်သည် ငါ့ ကိုလှဲ ခြင်းငှါ ပြင်းထန်စွာ တွန်း  သော်လည်း ၊ ထာဝရဘုရား သည် ငါ့ ကိုမစ တော်မူ၏။  14  ထာဝရ ဘုရားသည် ငါ ၏အစွမ်း သတ္တိ၊ ငါသီချင်း  ဆိုရာအကြောင်း ၊ ငါ့ ကို  ကယ်တင် ခြင်းအကြောင်း ဖြစ် တော်မူ၏။  15  ဖြောင့်မတ် သောသူတို့ ၏ နေရာ  ၌  ဝမ်းမြောက် ခြင်းအသံနှင့်  ကယ်တင် ခြင်းအသံ ရှိ၏။ ထာဝရဘုရား  ၏ လက်ျာ လက်တော်သည် ကြီး သောအမှုကိုပြု ၏။  16  ထာဝရဘုရား ၏ လက်ျာ လက်တော်သည် ချီးမြှင့် လျက်ရှိ၏။ ထာဝရဘုရား  ၏ လက်ျာ လက်တော် သည် ကြီး သောအမှုကိုပြု ၏။  17  ငါမ သေ ရသေး။ အသက်ရှင် ၍  ထာဝရ ဘုရား ၏ အမှုတော် တို့ကို ကြား ပြောရဦးမည်။  18  ထာဝရ ဘုရားသည် ငါ့ ကိုကျပ်တည်းစွာ ဆုံးမ  သော်လည်း ၊ သေ ခြင်း၌  အပ် တော်မ မူသေး။  19  ဖြောင့်မတ် ခြင်းတံခါး တို့ကို ငါ့ အား ဖွင့် ကြ။ ငါဝင် ၍ ထာဝရ ဘုရား၏ဂုဏ်တော်ကို ချီးမွမ်း ရမည်။  20  ဤ တံခါးသည် ထာဝရဘုရား  ၏  တံခါး ဖြစ်၏။ ဖြောင့်မတ် သောသူတို့ သည် ဝင် ရကြ၏။  21  ကိုယ်တော် ကို အကျွန်ုပ် ချီးမွမ်း ပါမည်။ အကြောင်း မူကား၊ ကိုယ်တော်သည် အကျွန်ုပ် ၏ စကား ကို နားထောင် ၍ ၊ အကျွန်ုပ် ကို  ကယ်တင် တော်မူ၏။  22  တိုက်ကို တည်လုပ် သော သူများပယ် ထားသော ကျောက် သည် နောက်တဖန် တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။  23  ထို အမှုသည် ထာဝရဘုရား  ပြုတော်မူသောအမှုဖြစ် ၏။ ငါ တို့ မျက်မှောက် ၌ လည်း အံ့ဩ  ဘွယ်ဖြစ်၏။  24  ဤ နေ့ရက် သည် ထာဝရဘုရား  စီရင် တော်မူသော နေ့ရက်ဖြစ်၍၊ ယနေ့ဝမ်းမြောက် ရွှင်လန်း ကြကုန် အံ့။  25  အို  ထာဝရဘုရား ၊ ကယ်တင် တော်မူပါဟု  တောင်းပန်ပါ၏။ အို  ထာဝရဘုရား ၊ ကောင်းကြီး မင်္ဂလာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။  26  ထာဝရဘုရား ၏အခွင့် နှင့်  ကြွလာ သောသူသည် မင်္ဂလာ ရှိစေသတည်း။ ထာဝရဘုရား  ၏ အိမ် တော် ထဲက  အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကောင်းကြီး ပေးကြပါ၏။  27  ထာဝရဘုရား သည် ဘုရား  သခင်ဖြစ်၍ ၊ ငါ တို့၌  ရောင်ခြည် တော်ကို လွှတ်တော်မူ၏။ ယဇ် တင်ရန် အကောင်ကို ယဇ် ပလ္လင်ဦးချို ၌  ကြိုး နှင့်  ချည် ကြလော့။  28  ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား  ဖြစ်တော်မူ၍ ၊ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ အကျွန်ုပ် ၏ဘုရား  ဖြစ်တော်မူ၍၊ ကိုယ်တော် ကို ချီးမြှောက် ပါမည်။  29  ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို  ချီးမွမ်း ကြလော့။