113
 1  ထာဝရဘုရား ၏ ကျွန် တော်တို့၊ ထာဝရဘုရား  ၏နာမတော် ကို ချီးမွမ်း ကြလော့။ ချီးမွမ်း ကြလော့။  2  ထာဝရဘုရား ၏ နာမတော် သည် ယခု  မှစ၍ ၊ အစဉ် အဆက် မင်္ဂလာ ရှိစေသတည်း။  3  နေ ထွက် ရာမှ သည် နေ  ဝင် ရာတိုင်အောင် ၊ ထာဝရဘုရား ၏နာမတော် သည် ချီးမွမ်းဘွယ်ဖြစ်၏။  4  ထာဝရဘုရား သည် လူမျိုး တကာ တို့ အပေါ် ၌၎င်း၊ ဘုန်း တော်သည် ကောင်းကင် အပေါ် ၌၎င်း မြင့် တော်မူ၏။  5  ကိုယ်ကို ချီးမြှင့် ၍  ကျိန်းဝပ် တော်မူသော်လည်း၊ကိုယ်ကိုနှိမ့်ချ ၍  6  ကောင်းကင် အရာနှင့် မြေကြီး အရာတို့ကိုကြည့်ရှု တော်မူသော ငါ တို့၏ဘုရားသခင် ထာဝရဘုရား နှင့် အဘယ်သူ တူ သနည်း။  7  ဆင်းရဲ သောသူကို မြေမှုန့် ထဲ ကကြွ လျက်၊ ငတ်မွတ် သောသူကို နောက်ချေး ပုံထဲ က ချီးမြှောက် လျက်၊  8  မင်းသား တို့တွင် ၎င်း၊ မိမိ  လူ တို့ကို အုပ်စိုး သော မင်းတို့တွင် ၎င်း နေရာ  ပေးတော်မူ၏။  9  မြုံ သောမိန်းမသည် အိမ် ၌နေ ၍၊ ဝမ်းမြောက် သောစိတ်နှင့် သားဘွား ရသောအခွင့်ကိုပေး တော်မူ၏။ ဟာလေလုယ။” ဟာလေလုယ=ဘုရားသခင် ဘုန်းကြီး ပါပေ ၏