40
 1  ငါသည် ထာဝရဘုရား  ကို စေ့စေ့မြော်လင့် သည် ကာလ၊ ငါ့ ကို  မျက်နှာ ပြု၍  ငါ အော်ဟစ် သောအသံကို ကြား တော်မူ၏။  2  ပျက်စီး ရာတွင်း နှင့်  အလွန် ဆိုးသောရွှံ့ ထဲ ကငါ့ ကို ဆယ် နှုတ်ပြီးလျှင် ငါ့ ခြေ တို့ကို ကျောက် ပေါ် မှာတင် ၍  ငါ ခြေ ရာတို့ကို တည် စေတော်မူ၏။  3  ထိုသို့ငါ တို့ဘုရား သခင်ကို  ချီးမွမ်း ရာသီချင်း  သစ် ကို ငါ မြွက်ဆို စေ ခြင်းငှါ အခွင့်ပေး တော်မူ၏။ လူများ  တို့သည် သိမြင် ၍  ကြောက်ရွံ့ သောစိတ် နှင့် ထာဝရဘုရား  ကို  ကိုးစား ကြလိမ့်မည်။  4  မာန ထောင်လွှားသောသူနှင့်  မိစ္ဆာတရား လမ်း သို့  လွှဲ သွားသောသူတို့ ကိုမ  မှီ ဝဲ၊ ထာဝရဘုရား  ကို ကိုးစား  သောသူ သည် မင်္ဂလာ ရှိ၏။  5  အကျွန်ုပ် ၏ ဘုရား  သခင်ထာဝရဘုရား ၊ အကျွန်ုပ် တို့အဘို့  ပြု တော်မူသောအံ့ဩ ဘွယ်အမှုတို့နှင့်  ကြံစည်တော်မူသောအကြံ အစည်တို့သည် များ လှပါ၏။ ရှေ့ တော်၌ အစဉ်အတိုင်းလျှောက် ၍ မ  ကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဘော် ကြားပြောမည်ဟုဆိုသော် ၊ ရေတွက်  ၍  မကုန်နိုင်အောင် များ လှပါ၏။  6  ကိုယ်တော်သည် ယဇ် နှင့် ပူဇော် သက္ကာကို အလို  တော် မ  ရှိသည် ဖြစ်၍ ၊ အကျွန်ုပ် နား ကို ဖွင့် တော်မူပြီ။ မီးရှို့ ရာယဇ်နှင့်  အပြစ် ဖြေရာယဇ်များကို တောင်း တော် မ  မူသောအခါ၊  7  ကျမ်းစာ လိပ် ၌  အကျွန်ုပ် ကို အမှတ်ပြု၍ ရေး  ထား သည်နှင့်အညီ ၊ အကျွန်ုပ်သည် သွား ပါမည်ဟု ဝန်ခံ ပါ၏။  8  အကျွန်ုပ် ၏ ဘုရား  သခင်၊ ကိုယ်တော် ၏အလို ကို ဆောင် ရာ၌  အကျွန်ုပ်သည် အား  ရဝမ်းမြောက်ပါ၏။ ကိုယ်တော် ၏တရား သည်လည်း  အကျွန်ုပ် နှလုံး ထဲ မှာ ရှိပါ၏။  9  ဖြောင့်မတ် ခြင်းတရားကို ပရိသတ် ကြီး အလယ်  မှာ အကျွန်ုပ် ဟော  ပါပြီ။ အိုထာဝရဘုရား  ၊ အကျွန်ုပ် သည် ကိုယ်နှုတ် ကိုပိတ် ၍ မ  နေကြောင်းကို ကိုယ်တော် သိ တော်မူ ၏။  10  ဖြောင့်မတ် စွာ စီရင်တော်မူခြင်းတရားကို အကျွန်ုပ် သည် ကိုယ်နှလုံး ထဲ မှာ ဝှက် ၍မ ထားပါနှင့်။ သစ္စာ  စောင့်တော်မူခြင်းတရားနှင့်  ကယ်တင် တော်မူခြင်းတရားကို ဟောပြော ပါပြီ။ ကရုဏာ  တော်နှင့်  သစ္စာ တော်ကို ပရိသတ် ကြီး  အလယ်မှာ  မ ထိမ် မဝှက်ပါ။  11  အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ သနား  စုံမက်တော်မူခြင်းစိတ်ကို မ  ချုပ်တည်း ပါနှင့်။ ကရုဏာ  တော်နှင့်  သစ္စာ တော်သည် အကျွန်ုပ် ကို အစဉ် စောင့် မပါစေသော။  12  အကြောင်း မူကား၊ အတိုင်း မ သိများစွာသော ဘေး  ဥပဒ်တို့သည် အကျွန်ုပ် ကို  ဝိုင်း ကြပါပြီ။ အကျွန်ုပ်မျှော် ၍ မ  ကြည့် နိုင် အောင်ခံရသောအပြစ် တို့သည် အကျွန်ုပ်  ကို မှီ ကြပါပြီ။ အကျွန်ုပ် ဆံပင် ထက် များပြား သည် ဖြစ်၍၊ အကျွန်ုပ် နှလုံး သည် အားလျော့ ပါပြီ။  13  အိုထာဝရဘုရား ၊ အကျွန်ုပ် ကို နှုတ်ယူ ခြင်းငှါ  အလိုရှိ တော်မူပါ။ အိုထာဝရဘုရား  ၊ အကျွန်ုပ် ကိုမစ ခြင်းငှါ အလျင် အမြန်ပြုတော်မူပါ။  14  အကျွန်ုပ် အသက် ကို သတ် ခြင်းငှါ ရှာ ကြံသော သူအပေါင်း တို့သည် အရှက်ကွဲ ၍  မျက်နှာ ပျက်ကြပါစေ သော။ အကျွန်ုပ် ၌ အန္တရာယ် ပြု ချင်သောသူတို့သည် လှန် ခြင်းကိုခံရ၍  ရှက်ကြောက် ခြင်းသို့ရောက်ကြပါစေ သော။  15  အကျွန်ုပ် ကို  အေ့ဟေ ၊ အေ့ဟေ ဟုဆို သောသူတို့ သည် အရှက်ကွဲ ခြင်းအားဖြင့် မှိုင် တွေကြပါစေ သော။  16  ကိုယ်တော် ကိုရှာ သော သူအပေါင်း တို့သည် ကိုယ်တော် ၌  ဝမ်းမြောက် ရွင်လန်း ကြပါစေသော။ ကယ်တင် တော်မူခြင်းကျေးဇူးကို နှစ်သက် သောသူတို့ သည် ထာဝရဘုရား  ဘုန်းကြီး တော်မူစေသတည်းဟု အစဉ် မပြတ်ပြော ကြပါစေသော။  17  အကျွန်ုပ် မူကား ၊ ဆင်းရဲ ငတ်မွတ် သော်လည်း ၊ ထာဝရ ဘုရား သည် အကျွန်ုပ် ကို  အောက်မေ့ တော်မူ၏။ ကိုယ်တော် သည် အကျွန်ုပ် ကို မစ  သောသူ၊ ကယ်တင် သောသူဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုရား  သခင်၊ ဆိုင်းလင့် တော်မ မူပါနှင့်။