20
 1  ဘေး အန္တရာယ်ရောက်သောကာလ ၌ ၊ ထာဝရဘုရား  သည် ကိုယ်တော် စကားကို နားထောင် ၍၊ ယာကုပ် ၏ဘုရား သခင်နာမ တော်သည် ချီးမြှောက် တော်မူပါစေသော။  2  သန့်ရှင်း ရာဌာနတော်ထဲ က ကူညီ  ၍၊ ဇိအုန်  တောင်ပေါ်က  ထောက် ပင့်တော်မူပါစေသော။  3  ကိုယ်တော် ၏ ပူဇော် သက္ကာအလုံးစုံ တို့ကို အောက်မေ့ ၍ ၊ မီးရှို့ သောယဇ်ကို လက်ခံ တော်မူပါစေသော။  4  ကိုယ်တော် ၏ စိတ် အလိုရှိသည်အတိုင်း  ပေး  သနား၍ ၊ အကြံ အစည်တော်ရှိသမျှ တို့ကို ပြည့်စုံ စေခြင်းငှါ ပြုတော်မူပါစေသော။  5  ကိုယ်တော် ၏ကယ်တင် ခြင်းကြောင့်  အကျွန်ုပ်တို့သည် ဝမ်းမြောက် ၍၊ အကျွန်ုပ်တို့ ဘုရား  သခင်၏ အခွင့် နှင့်  အလံ ကို ထူကြလိမ့်မည်။ ထာဝရဘုရား  သည် ကိုယ်တော် ဆုတောင်း သမျှအတိုင်း ကျေးဇူး ပြုတော်မူပါစေသော။  6  ထာဝရဘုရား ပေးတော်မူ၍ ဘိသိက် ခံသောသူအား၊ ကယ်တင် တော်မူကြောင်း ကို၎င်း၊ လက်ျာ လက်တော်ကယ်တင် ခြင်းအစွမ်း နှင့်  ထိုသူ ၏စကားကိုသန့်ရှင်း သော ကောင်းကင် ပေါ် မှာ နားထောင် တော်မူကြောင်းကို၎င်း ယခု  ငါသိ ၏။  7  အချို့သောသူတို့သည် ရထား  ကို ၎င်း ၊ အချို့တို့သည် မြင်း ကို ၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါ တို့မူကား ၊ ငါ တို့ဘုရား သခင်တည်းဟူသောထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြလိမ့်မည်။  8  သူ တို့သည်နှိမ့်ချ ၍  လဲ လျက်ရှိကြ၏။ ငါ တို့မူကား ၊ ထ ၍  မတ်တတ် နေကြ၏။ အိုထာဝရ ဘုရား  ၊ မင်းကြီး ကို ကယ်တင် တော်မူပါ။  9  အကျွန်ုပ် တို့ခေါ် သောအခါ  နားထောင် တော်မူပါ။