11
 1  မတရား သောသူတို့သည် သဘော  ဖြောင့် သောသူတို့ကို  မ ထင်မရှားပစ် အံ့သောငှါ  လေး ကိုတင် ၍၊ လေးညှို့ ပေါ်မှာ  မြှား ကိုပြင် ကြ၏။  2  အမှီတကဲ တို့သည်ပျက် လျှင်  ဖြောင့်မတ် သောသူသည် အဘယ်သို့ ပြု နိုင်သနည်း။  3  ငါ့ ဝိညာဉ် အား  သင် သည် ငှက် ကဲ့သို့ ကိုယ်နေရာတောင် ပေါ်သို့ပြေး ချေဟု အဘယ်ကြောင့် ပြော ကြသနည်း။ ထာဝရဘုရား  သည် ငါခိုလှုံရာ ဖြစ်တော်မူ၏။  4  ထာဝရဘုရား သည် သန့်ရှင်း သော ဗိမာန်  တော်၌  ရှိတော်မူ၏။ ထာဝရ  ဘုရား၏ ပလ္လင် တော်သည် ကောင်းကင် ပေါ် မှာတည်၏။ မျက်စိ တော်သည် ကြည့်ရှု ၍ မျက်ခမ်း တော်သည် လူ  သား တို့ကို စစ် တော်မူ၏။  5  ထာဝရဘုရား သည် ဖြောင့်မတ် သောသူကို စုံစမ်း တော်မူ၏။ မတရား  သောသူနှင့်  လုယူ ဖျက်ဆီးလို  သော သူကိုဝိညာဉ် တော်သည် မုန်း တော်မူ၏။  6  မတရား သောသူတို့အပေါ် မှာ တောက်သော မီးခဲ၊ ကန့် နှင့် ရောသောမီးလျှံ ၊ ပူလောင် သော မုန်တိုင်း ကို သက်ရောက် စေ၍ ၊ သူ တို့သောက် စရာဘို့ စီရင်တော်မူ မည်။  7  တရား သဖြင့် ပြုတော်မူသောထာဝရဘုရား  သည် တရား  သောအမှုကို နှစ်သက် ၍  သဘော ဖြောင့် သောသူ  ကို မျက်နှာ ပြု တော်မူ၏။