8
 1  သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသောဣသရေလအမျိုးသား လူ အပေါင်း တို့သည် လာ၍ ရေ  တံခါး လမ်း တွင်  စည်းဝေး ကြ၏။ ဣသရေလ  အမျိုး၌ ထာဝရဘုရား  ထား တော်မူသော မောရှေ ပညတ္တိ ကျမ်းစာ ကို ဆောင် ခဲ့ပါဟု ကျမ်းတတ် ဆရာ ဧဇရ  ကို  တောင်း  သည်အတိုင်း၊  2  နားထောင် နားလည် နိုင်သမျှ သောပရိသတ်  ယောက်ျား  မိန်းမ တို့ ရှေ့ သို့  သတ္တမ လ  ပဌမ နေ့ ရက်တွင် ၊ ပညတ္တိ ကျမ်းစာကို ယဇ်ပုရောဟိတ် ဧဇရ သည် ဆောင် ခဲ့ ၍ ၊  3  နားလည် နိုင်သောသူ၊ ယောက်ျား မိန်းမ တို့ ရှေ့ မှာ နံနက် အချိန်မှစ၍ မွန်းတည့် အချိန်တိုင်အောင် ရေ တံခါး လမ်း တွင် ဘတ်ရွတ် လေ၏။ လူ  အပေါင်း တို့သည် ပညတ္တိ  ကျမ်း စကားကို စေ့စေ့နားထောင် ကြ၏။  4  သူတို့လုပ် ကြသော  တရား ဟောရာသစ်သား ပလ္လင် ပေါ် မှာ၊ ကျမ်းတတ် ဆရာဧဇရ သည် ရပ် ၍  မတ္တိသိ ၊ ရှေမ ၊ အနာယ ၊ ဥရိယ ၊ ဟိလခိ ၊ မာသေယ တို့သည် လက်ျာ ဘက်၌ ၎င်း၊ ပေဒါယ ၊ မိရှေလ ၊ မာလခိ ၊ ဟာရှုံ ၊ ဟာရှဗဒါန ၊ ဇာခရိ ၊ မေရှုလံ တို့သည် လက်ဝဲ ဘက်၌ ၎င်း  ရပ် နေကြ၏။  5  ထိုသို့  ဧဇရ သည် လူ  အပေါင်း တို့ထက် သာ၍မြင့်လျက်၊ လူ  အပေါင်း တို့ရှေ့ မှာ ကျမ်းစာ ကို ဖွင့် သောအခါ၊ လူ  အပေါင်း တို့သည် ထ  ကြ၏။  6  ဧဇရ သည် မြတ် စွာဘုရား သခင် ထာဝရဘုရား  ကို ကောင်းကြီး ပေး၏။ လူ  အပေါင်း တို့က အာမင် ၊ အာမင် ဟု လက် တို့ကို ချီ လျက်၊ ဝန်ခံ ၍ ဦးချ ပြပ်ဝပ်လျက်  ထာဝရဘုရား ကို  ကိုးကွယ် ကြ၏။  7  ယောရှု ၊ ဗာနိ ၊ ရှေရဘိ ၊ ယာမိန် ၊ အက္ကုပ် ၊ ရှဗ္ဗေသဲ ၊ ဟောဒိယ ၊ မာသေယ ၊ ကေလိတ ၊ အာဇရိ ၊ ယောဇဗဒ် ၊ ဟာနန် ၊ ပေလာယ အစ ရှိသောလေဝိ သားတို့သည်လည်း လူ  များတို့အား ပညတ္တိ  ကျမ်းစာအနက်ကို ပြန်ကြား ကြ၏။ လူ  များတို့သည်လည်း  မိမိ တို့နေရာ ၌  နေကြ၏။  8  ထိုသို့ ဘုရား သခင်၏ ပညတ္တိ  ကျမ်းစာ ကို သေချာ စွာ ဘတ်ရွတ် ၍  အနက် ကိုပြန်သဖြင့် ၊ လူများ နားလည် စေခြင်းငှါ  ပြုကြ၏။  9  လူ အပေါင်း တို့သည် ပညတ္တိ  ကျမ်းစကား ကို ကြား သောအခါ  ငိုကြွေး ကြသည်ဖြစ်၍ ၊ ပြည်အုပ် မင်း နေဟမိ  ၊ ကျမ်းတတ် ဆရာ ယဇ်ပုရောဟိတ် ဧဇရ ၊ လူ များ တို့အား သွန်သင် သော လေဝိ  သားတို့က၊ ဤ  သည်နေ့ ရက်သည် သင် တို့၏ ဘုရား  သခင်ထာဝရဘုရား အဘို့  သန့်ရှင်း သောနေ့ ဖြစ်၏။ ငိုကြွေး မြည်တမ်းခြင်းကို မ  ပြုကြနှင့်။  10  သွား ကြလော့၊ မြိန် စွာသော အစာကိုစား  ကြလော့။ ချို သော အရည်ကိုသောက် ကြလော့။ ဆင်းရဲ သောသူတို့ အား  ဝေမျှ ကြလော့။ ဤသည်နေ့ရက်သည် ငါ တို့ ဘုရား  ရှင်အဘို့  သန့်ရှင်း ၏။ ဝမ်း မ နည်းကြနှင့်၊ ထာဝရဘုရား  ပေးတော်မူသောအခွင့်နှင့် အားယူ  ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား  ဆို ကြ၏။  11  ထိုသို့  လေဝိ သားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်း သောနေ့ ဖြစ်သောကြောင့် တိတ်ဆိတ် စွာ နေကြလော့။ ဝမ်း မ နည်းကြနှင့်ဟု ဆို၍ လူ  အပေါင်း တို့ကို  ငြိမ်း စေကြ၏။  12  လူ အပေါင်း တို့သည် ဟောပြောသော စကား  များကို  နားလည် သောကြောင့် ၊ စား သောက် ခြင်း၊ သူတပါး တို့အား ဝေမျှ ခြင်း၊ အလွန် ပျော်မွေ့ ခြင်းကို ပြု အံ့သောငှါ သွား ကြ၏။  13  ဒုတိယ နေ့ ရက်တွင် ၊ အဆွေအမျိုးသူကြီး များတို့ နှင့်တကွယဇ်ပုရောဟိတ် လေဝိ သားတို့သည် ပညတ္တိ  ကျမ်း စကား  ကို  နားလည် အံ့သောငှါ ၊ ကျမ်းတတ် ဆရာ ဧဇရ  ထံ ၌ စည်းဝေး ကြ၏။  14  သတ္တမ လ ပွဲ ကိုခံကြစဉ် ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ ၌  နေ ရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရား ထား တော်မူသော ပညတ္တိ  ကျမ်းစာ၌  ရေးထား ကြောင်းကို တွေ့ ကြ၏။  15  ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ ၌ ပါသည်အတိုင်း  သစ်ခက် တဲတို့ကိုလုပ် ခြင်းငှါ တောင် သို့ သွား ကြ။ သံလွင် ခက် ၊ ထင်းရူး ခက် ၊ မုရတု ခက် ၊ စွန်ပလွံ ခက်  အစရှိသော ထူထပ် သောအခက်  အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင် မြို့မှစ၍ခပ်သိမ်း သော မြို့ ရွာတို့၌ ကြော်ငြာ ကြ၏။  16  လူ များတို့သည် ထွက်သွား ၍ ၊ သစ်ခက်တို့ကို ဆောင် ခဲ့ပြီးလျှင် အိမ်မိုး ပေါ် မှာ၎င်း  ၊ မိမိ ဝင်း ထဲ ၊ ဗိမာန်  တော်တန်တိုင်း ထဲ မှာ၎င်း  ၊ ရေ တံခါး လမ်း နှင့်  ဧဖရိမ် တံခါး လမ်း မှာ ၎င်း သစ်ခက်တဲ များကို  လုပ် ကြ၏။  17  ထိုသို့ သိမ်း သွားခြင်းကိုခံရရာထဲက ထွက်လာ သော ပရိသတ် အပေါင်း တို့သည် သစ်ခက်တဲ တို့ကို လုပ် ၍  ထိုင် နေကြ၏။ နုန် သား  ယောရှု လက်ထက် မှစ၍ ဣသရေလ  အမျိုးသားတို့သည် တခါမျှ ထိုသို့မ  ပြု ကြ။ အလွန်  ဝမ်းမြောက် လျက်နေ ကြ၏။  18  ပဌမ နေ့ မှစ၍ နောက်ဆုံး သောနေ့ တိုင်အောင် ၊ နေ့ရက် အစဉ်အတိုင်းဘုရား သခင်၏ ပညတ္တိ  ကျမ်းစာ ကို ဘတ်ရွတ် ကြ၏။ ထိုပွဲ ကို ခုနစ် ရက် ပတ်လုံးခံ ကြ၏။ ရှစ် ရက်မြောက်သောနေ့ ၌  တရား တော်အတိုင်း  ဓမ္မ ပွဲကိုလည်းခံကြ၏။