22
 1  တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊  2  အာရုန် နှင့် သူ ၏သား တို့သည် ငါ့ အဘို့ သန့်ရှင်း စေသောအရာအားဖြင့်၊ သန့်ရှင်း သော ငါ ၏ နာမ  တော်ကို မ  ရှုတ် မချဘဲ၊ ဣသရေလ  အမျိုးသား တို့၏ သန့်ရှင်း သော အရာများနှင့် ကိုယ်ကိုကိုယ်ကွာ စေရမည် အကြောင်း ဆင့်ဆို လော့။ ငါ သည် ထာဝရဘုရား  ဖြစ်၏။  3  ထာဝရဘုရား အဘို့ ဣသရေလ အမျိုးသား သန့်ရှင်း စေသဖြင့် ၊ သန့်ရှင်း ခြင်းရှိသောအရာတို့ကို ၊ ကိုယ် မ စင်ကြယ်လျက် နှင့် ချဉ်းကပ် သော ယဇ်ပုရောဟိတ်အမျိုးသား မည်သည်ကား၊ ငါ့ ထံ မှ ပယ်ရှင်း ခြင်းကိုခံရမည်။ ငါ သည် ထာဝရဘုရား  ဖြစ်၏။  4  နူနာ ၊ ရိနာ စွဲသော အာရုန် ၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ် မှီတိုင်အောင် သန့်ရှင်း သော အရာကို မ  စား ရ။ အသေ  ကောင်နှင့်ဆိုင်၍ မ  သန့်ရှင်းသောအရာကို ထိ  သောသူ၊ သုတ် ရည်ထွက် သော သူ၊  5  ညစ်ညူး စေ၍ တွား တတ်သော တိရစ္ဆာန်ကိုထိ သော သူ ၊ ညစ်ညူး ခြင်းတစုံ တခုစွဲ၍ ညစ်ညူး သော သူ ၊ ထိုသို့သောသူ ကို ထိ သမျှသော သူ တို့သည်၊  6  ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ် ကို ရေ  မချိုးဘဲနေလျှင် ၊ သန့်ရှင်း သောအရာကို မ  စား ရ။  7  နေ ဝင် သောနောက်မှသန့်ရှင်း ခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်း သောအရာသည် သူ  တို့ စားစရာ  ဖြစ်သောကြောင့် ၊ ထို နောက်မှစား ရကြမည်။  8  အလိုလို သေသောအကောင်၊ သားရဲ  ကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူး စေ၍ မ စား ရ။ ငါ သည် ထာဝရဘုရား  ဖြစ်၏။  9  ယဇ်ပုရောဟိတ်တို့သည် ငါ့ ပညတ် တော်ကို ဖျက် သဖြင့် ၊ ကိုယ် အပြစ် ကိုခံ လျက် မ  သေ ရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက် ရကြမည်။ ငါ ထာဝရဘုရား သည် သူ  တို့ကို သန့်ရှင်း စေ၏။  10  တပါး အမျိုးသားသည် သန့်ရှင်း သောအရာကို မ  စား ရ။ ယဇ်ပုရောဟိတ် ၌ တည်းနေသောဧည့်သည် မစားရ။ သူငှါး လည်း မ စား ရ။  11  ယဇ် ပုရောဟိတ်သည် ကိုယ် ငွေ နှင့် ဝယ် သောသူ၊ သူ  ၏ အိမ် ၌မွေး သောသူသည် သူ  ၏အစာ ကို စား ရမည်။  12  ယဇ်ပုရောဟိတ် သမီး သည် တပါး အမျိုးသား၏ မယားဖြစ် လျှင် ၊ သန့်ရှင်း သော ပူဇော် သက္ကာအရာကို မ စား ရ။  13  သို့ရာတွင် လင် သေသော်၎င်း ၊ လင်နှင့်ကွာ သော်၎င်း၊ သား  မ ရှိဘဲ မိမိ  အဘ အိမ် သို့ ပြန် ၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ  ၏အစာ ကို စား  ရမည်။ တပါး အမျိုးသားမ စား ရ။  14  လူ သည် သန့်ရှင်း သောအရာကို မ  သိဘဲ စား  မိလျှင် ၊ စားမိသောအရာ၏ အဘိုးနှင့်တကွငါး စုတစု ကိုထပ် ၍ ယဇ်ပုရောဟိတ် အား ပေး ရမည်။  15  ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား  အား ပူဇော် ၍ ၊ သန့်ရှင်း သောအရာတို့ကို မ  ရှုတ် မချရ။  16  ထိုအရာတို့ကို စား  မိ၍ ပြစ်မှားသောအပြစ် ကို မခံ  စေရ။ ငါ ထာဝရဘုရား သည် သူ  တို့ကို သန့်ရှင်း စေ သည်ဟု မိန့်တော်မူ၏။  17  တဖန် မောရှေ အား ထာဝရဘုရား က သင်သည် အာရုန် နှင့် သူ ၏သား ဣသရေလ အမျိုးသား အပေါင်း တို့အား ဆင့်ဆို ရမည်မှာ၊  18  ဣသရေလ အမျိုးသားဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်းနေသောတပါး အမျိုးသားဖြစ်စေ၊ သစ္စာ  ဂတိ ရှိ၍ ပြုသောပူဇော် သက္ကာ၊ အလိုလို  ပြုသော ပူဇော်သက္ကာတည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော် လိုလျှင်၊  19  စိတ် တော်နှင့်တွေ့ခြင်းငှါ ၊ အပြစ် မပါသောသိုး ၊ ဆိတ် ၊ နွား အထီး ကို ပူဇော် ရမည်။  20  အပြစ် ပါသောအကောင်ကို မ  ပူဇော် ရ။ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။  21  သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို  ပြုသော ပူဇော်သက္ကာ သိုး  ၊ ဆိတ်၊ နွား ကို ထာဝရဘုရား  အား ယဇ် ပူဇော် လိုလျှင် ၊ စိတ် တော်နှင့် တွေ့ခြင်းငှါ စုံလင် ရမည်။ အပြစ်တစုံတခုမျှ မရှိရ။  22  မျက်စိ ကန်းသောအပြစ်၊ အရိုးကျိုး သောအပြစ်၊ အင်္ဂါချို့တဲ့ သောအပြစ်၊ မြင်းဖု ရှိသောအပြစ်၊ ဝဲနာ  ၊ ယားနာ စွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရား  အား မ ပူဇော် ရ။ ယဇ် ပလ္လင်ပေါ် မှာ ထာဝရဘုရား  အား မီး ဖြင့် ပူဇော်သက္ကာမ ပြု ရ။  23  သို့ရာတွင် အင်္ဂါ ပိုခြင်း၊ ချို့တဲ့ ခြင်း အပြစ်ရှိသောသိုး ၊ ဆိတ်၊ နွား ကို အလိုလို  ပူဇော်သက္ကာဘို့ ပူဇော် ရမည်။ သစ္စာ  ဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။  24  ကြိတ် နယ် စုတ် ပြတ် ရာ အနာရှိသော အထီးကို ထာဝရဘုရား  အား မ ပူဇော် ရ။ သင် တို့ပြည် ၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမ ပြု ရ။  25  ထိုသို့သောအကောင်ကို တပါး အမျိုးသားဆက် သော်လည်း ပျက် သောအပြစ် ပါသောကြောင့် ၊ သင် တို့၏ ဘုရား  သခင့်ပွဲတော် ဘို့ မ  ပူဇော် ရ။ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့ဟု မိန့် တော်မူ၏။  26  တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊  27  သိုး ၊ ဆိတ် ၊ နွား တို့သည် မွေးဘွား သောအခါ ခုနစ် ရက် အတွင်းတွင် သားငယ်ကို အမိ  နှင့် မကွာစေရ။ အဋ္ဌမ  နေ့ မှစ၍ ထာဝရဘုရား အား မီး ဖြင့် ပူဇော် သက္ကာဘို့ တော်သင့် ၏။  28  နွား ဖြစ်စေ ၊ သိုး ဆိတ်ဖြစ်စေ၊ သား  အမိနှစ်ကောင်ကို တ  နေ့ခြင်းတွင် မ သတ် ရ။  29  ကျေးဇူး တော်ဝန်ခံရာယဇ် ကို ထာဝရဘုရား  အား ပူဇော် လိုလျှင် ၊ စိတ် တော်နှင့်တွေ့ခြင်းငှါ ပူဇော် လော့။  30  တနေ့ ခြင်းတွင် စား ရမည်။ နက်ဖြန်နေ့ တိုင်အောင် မ ကြွင်း စေရ။ ငါ သည်ထာဝရဘုရား ဖြစ်၏။  31  သင်တို့သည် ငါ့ ပညတ် တို့ကိုကျင့်စောင့် ရကြမည်။ ငါ သည်ထာဝရဘုရား ဖြစ်၏။  32  သန့်ရှင်း သောငါ ၏နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရားသန့်ရှင်း တော်မူသည်ဟု ဣသရေလ  အမျိုးသား တို့သည် ထင်မှတ်ရကြမည်။  33  ငါ သည် သင် တို့၏ ဘုရားသခင် ဖြစ် ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍၊ သန့်ရှင်း စေသောထာဝရဘုရား ဖြစ်၏။ ငါ သည်ထာဝရဘုရား ဖြစ်သည်ဟုမိန့် တော်မူ၏။