25
 1  တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊  2  အချင်းလူသား ၊ သင်သည် အမ္မုန် အမျိုးသား တို့ တဘက် ၌မျက်နှာ ထား ၍  ပရောဖက်ပြု လျက်၊  3  ဆင့်ဆို ရမည်မှာ၊ အရှင် ထာဝရဘုရား ၏ အမိန့်  တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား  မိန့် တော်မူသည်ကား၊ ရှုတ်ချ လျက်ရှိသောငါ ၏ သန့်ရှင်း ရာဌာနကို၎င်း ၊ လူဆိတ်ညံ ခြင်းသို့ရောက်သော ဣသရေလ  ပြည် ကို၎င်း၊ သိမ်း သွားခြင်းကို ခံရ သော ယုဒ အမျိုး ကို ၎င်း ၊ အေ့ဟေ  ဟု သင် ဆို မိသောကြောင့် ၊  4  သင့် ကိုအရှေ့ ပြည်သားတို့အား  ငါ အပိုင်  ပေး မည်။ သူတို့သည် သင် ၏အထဲ၌ ဘုံဗိမာန် တို့ကို တည်ဆောက်၍ နေရာကျ ကြလိမ့်မည်။ သင် ၏အသီးအနှံ  ကိုစား ၍  သင် ၏နို့ ကို သောက် ကြလိမ့်မည်။  5  ရဗ္ဗာ မြို့ကို ကုလားအုပ် တင်းကုပ် ၊ အမ္မုန် ပြည်ကို သိုး  ကျက်စား ရာ ငါဖြစ် စေမည်။ ငါ သည်ထာဝရဘုရား  ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။  6  သင်သည် ဣသရေလ  ပြည် ကို  မနာလို သောစိတ်  အားကြီး လျက် လက်ခုပ်တီး ခြင်း၊ ခြေ နှင့်ဆောင့် ခြင်း ကို ဝမ်းမြောက် စွာ ပြုသောကြောင့် ၊  7  ငါ သည် သင့် ကို တိုက် ၍၊ လူ  အမျိုးမျိုးလုယူ ဘို့ရာ အပ် မည်။ လူ  နေရာအတိုင်းတိုင်း အပြည်ပြည်ထဲက  သင့် ကို သုတ်သင် ပယ်ရှင်း မည်။ ငါ သည်ထာဝရဘုရား  ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား  မိန့် တော်မူ၏။  8  တဖန်မောဘ ပြည်နှင့်  စိရ မြို့က၊ ယုဒ  အမျိုး  သည် တပါးအမျိုးသား အပေါင်း တို့နှင့်  တူသည်ဟု ဆို  သောကြောင့် ၊  9  အရှင် ထာဝရဘုရား  မိန့် တော်မူသည်ကား၊ မောဘ  နံပါး ၊ ပြည်စွန်း နားမှာ နိုင်ငံ ၏ဘုန်း ဖြစ်သော ဗက်ယေရှိမုတ် မြို့၊ ဗာလမောင် မြို့၊ ကိရယသိမ် မြို့တို့ကို ငါ လှန် ထားမည်။  10  ထိုမြို့တို့ကို အမ္မုန် အမျိုးသား တို့နှင့်တကွ အရှေ့ ပြည်သားတို့အား  အပိုင် ပေး မည်။ အမ္မုန် ပြည်သား တို့ကို တိုင်း နိုင်ငံစုတွင် မ မှတ် ရ။  11  မောဘ ပြည်ကို လည်း  ငါသည် အပြစ်ဒဏ် စီရင်  ၍ ၊ ငါ သည် ထာဝရဘုရား  ဖြစ်ကြောင်း ကို သူတို့သိ  ကြရလိမ့်မည်ဟု အရှင် ထာဝရဘုရား  မိန့် တော်မူ၏။  12  တဖန်ဧဒုံ ပြည်သည် ချင်ရဲပြေ စေခြင်းငှါ၊ ယုဒ  အမျိုး တဘက် ၌နေ၍ အလွန်ပြစ်မှား သဖြင့် ၊ အပြစ်ဒဏ် စီရင်သောကြောင့် ၊  13  အရှင် ထာဝရဘုရား  မိန့် တော်မူသည်ကား၊ ဧဒုံ  ပြည်ကို ငါတိုက် ၍  လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် မည်။ တေမန် မြို့မှစ၍ လူဆိတ်ညံ စေမည်။ ဒေဒန် မြို့တိုင်အောင်  ထား ဖြင့်  ဆုံး ရကြလိမ့်မည်။  14  ငါ ၏လူ ဣသရေလ  အမျိုးသားများအားဖြင့် ၊ ဧဒုံ  ပြည်ကိုငါ ၏ ချင်ရဲပြေစေခြင်းငှါဒဏ် ပေး မည်။ သူတို့သည် ငါ၏အမျက် အရှိန်အားကြီးသည့်အတိုင်း  ဧဒုံ ပြည် ကို ပြု ကြလိမ့်မည်။ ငါ ပေးသော အပြစ်ဒဏ် ကို သိ  ရ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။  15  တဖန် ဖိလိတ္တိ  လူတို့သည် အငြိုးထား ၍ မနာလို  သောစိတ် အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာ ပြု၍၊ ရှင်းရှင်း ဖျက်ဆီး ခြင်းငှါအပြစ်ဒဏ် ပေးသောကြောင့်  ၊  16  အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဖိလိတ္တိ  လူတို့ကို ငါ တိုက် ၍ ခေရသိ  လူတို့ကို ပယ်ဖြတ် မည်။ ပင်လယ် ကမ်းနား ၌ ကျန်ကြွင်း သောသူတို့ကို ဖျက်ဆီး မည်။  17  ပြင်းစွာ သော ဆုံးမ  ခြင်းနှင့်တကွကြီးစွာသော အပြစ်ဒဏ် ကိုပေး  မည်။ ထိုသို့ငါ ၏ချင်ရဲပြေ စေခြင်းငှါဒဏ်ပေးသောအခါ ၊ ငါ သည် ထာဝရဘုရား  ဖြစ်ကြောင်း ကို သူတို့သိ  ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား  မိန့် တော်မူ၏။