15
 1  တဖန်  ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့  ရောက် လာ၍၊  2  အချင်းလူသား ၊ သစ်တော ၌  သစ်ခက် သာမညဖြစ် သော စပျစ် နွယ်သား သည် အခြားသောသစ်သား ထက် မြတ်သောအရာ တစုံ  တခုရှိ သလော ။  3  တစုံ တခုကို လုပ် အံ့သောငှါ စပျစ်နွယ်သား ကို ယူ  တတ်သလော ။ တစုံတခု  ကို  ဆွဲထား စရာ တံစို့ ကို  စပျစ် နွယ်သားဖြင့် လုပ်တတ်သလော။  4  ထင်း ဘို့ မီး ထဲသို့  ချ တတ်၏။ မီး  သည်လည်း  အရင်း အဖျားအလယ် ကို လောင် တတ်၏။ အသုံး  ဝင် တတ်သလော ။  5  မီး မလောင်မှီအသုံး မ ဝင်လျှင်၊ မီး  လောင် ၍  ကျွမ်း ပြီးမှအသုံးမဝင်ဟု သာ၍ဆိုဘွယ်ရှိသည် မဟုတ် လော။  6  ဤ အမှု၌ အရှင် ထာဝရဘုရား  မိန့် တော်မူသည် ကား  ၊ တော  သစ်ပင် တွင်  မီး မွေးစရာ ထင်း ဘို့ ငါ အပ် သော  စပျစ် နွယ်သား ကဲ့သို့ ၊ ယေရုရှလင် မြို့ သားတို့ကို ငါအပ်  မည်။  7  သူ တို့တဘက် ၌ ငါ သည် မျက်နှာ ကိုထား မည်။ သူ  တို့သည် မီး  တပုံမှ ထွက် ၍  တပုံ ၌လောင် လိမ့်မည်။ သူ  တို့တဘက် ၌ ငါ သည် မျက်နှာ ကို ထား  သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြ လိမ့်မည်။  8  သူတို့သည် ငါ့ကို အထပ်ထပ် ပြစ်မှားသောကြောင့်  ၊ ငါသည်သူတို့ ပြည်ကို လူဆိတ်ညံ ရာအရပ်  ဖြစ် စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။