13
 1  တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့  ရောက် လာ၍၊  2  အချင်းလူသား ၊ ကိုယ်အလိုအလျောက်ပရောဖက် ပြု၍ ဟောပြောတတ်သော ဣသရေလ  အမျိုး ပရောဖက် တို့တဘက် ၌ ဟောပြော လော့။ ထာဝရဘုရား  ၏ အမိန့် တော်ကိုနားထောင် ကြဟု သူ  တို့အား ပြော လော့။  3  အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အဘယ်အရာကိုမျှ မ  မြင် ဘဲ၊ ကိုယ် စိတ် အလိုသို့  လိုက်  တတ်သော  ပရောဖက် မိုက် တို့သည် အမင်္ဂလာ ရှိကြ၏။  4  အိုဣသရေလ အမျိုး၊ သင် ၏ပရောဖက် တို့သည် တော  ၌ နေ သောမြေခွေး နှင့် တူ  ကြ၏။  5  ဣသရေလ အမျိုး သည် ထာဝရဘုရား  ၏ နေ့  ရောက်မှစစ်တိုက် ၍  ခံ နိုင်မည်အကြောင်း ၊ သူတို့သည် မြို့ရိုး ပျက်  အပေါ် သို့တက် ၍၊ ပြုပြင် ခြင်းအမှုကို မ  ပြုဘဲ နေကြ၏။  6  အချည်းနှီး သောအရာကို မြင် ကြပြီ။ ထာဝရဘုရား  စေလွှတ် တော်မ မူဘဲ၊ ထာဝရဘုရား  မိန့် တော်မူသည် ဟုဆို  လျက်၊ လှည့်စား ၍ ပရောဖက် ပြုကြပြီ။ ကိုယ်စကား  ပြည့်စုံ မည်ဟု သူတပါးယုံစေခြင်းငှါပြုကြပြီ။  7  ငါ မ ပြော ဘဲ ထာဝရဘုရား  မိန့် တော်မူသည်ဟု သင်တို့ဆို လျက် ၊ အချည်းနှီး သော အရာကိုမြင် ကြပြီ မ  ဟုတ်လော ။ လှည့်စား ၍  ပရောဖက် ပြုကြပြီ မဟုတ် လော။  8  ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား  ၊ သင် တို့သည် အချည်းနှီး သော စကားကို ပြော ၍  မုသာ ရူပါရုံကိုမြင် သောကြောင့် ငါ သည် သင် တို့တဘက် ၌ နေ၏။  9  အချည်းနှီး သော အရာကိုမြင် ၍  မုသာ စကားကို ဟောပြော တတ်သော ပရောဖက် တို့ကို ငါ ဆီးတားသဖြင့်၊ သူတို့သည် ငါ ၏ပရိသတ် စည်းဝေး ရာသို့  မ ဝင် ရကြ။ ဣသရေလ  အမျိုး ၏ စာရင်း ၌  သူတို့အမည် ကို မ  သွင်းရ။ ဣသရေလ  ပြည် ၌ နေရာ မ ချရ။ ငါ သည် ထာဝရဘုရား  ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။  10  ငြိမ်သက် ခြင်းမ ရှိသော်လည်း ၊ ငြိမ်သက် ခြင်း ရှိသည်ဟု သင်တို့ဆို လျက် ၊ ငါ ၏လူ တို့ကို လှည့်စား သောကြောင့်  ၎င်း ၊ တယောက်ကား အုတ်ရိုး ကိုတည် လျက် ၊ တယောက်ကားအင်္ဂတေ နှင့်မွမ်းမံ လျက်ပြုသောကြောင့်၎င်း ၊  11  ထိုအုတ်ရိုးသည်ပြိုလဲ မည်ဟု အင်္ဂတေ နှင့်မွမ်းမံ သောသူတို့အား  ပြော လော့။ မိုဃ်းရေ လွှမ်းမိုး လိမ့်မည်။ ကြီးစွာသော မိုဃ်းသီး ကျ လိမ့်မည်။ မိုဃ်းသက် မုန်တိုင်းတိုက်ဖျက် လိမ့်မည်။  12  ထိုအုတ်ရိုး သည်ပြိုလဲ ပြီးမှ ၊ သင်တို့မွမ်းမံ သော  အင်္ဂတေ သည် အဘယ် မှာရှိသနည်းဟု သင် တို့အား  သူတပါးမေး လိမ့်မည်မ ဟုတ်လော ။  13  ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား  ၊ ငါ သည် အမျက် ထွက်၍ ၊ သင်တို့အုတ်ရိုးကို မိုဃ်းသက် မုန်တိုင်းအားဖြင့်တိုက်၍ ဖျက် မည်။ ငါ ၏ ဒေါသ အရှိန်ကြောင့်  မိုဃ်းရေ လွှမ်းမိုး ၍ ၊ ကြီးစွာသော မိုဃ်းသီး နှင့် ဆုံး စေမည်။  14  ထိုသို့သင်တို့သည် အင်္ဂတေ နှင့်  မွမ်းမံ သော  အုတ်ရိုး ကို မြေ တိုင်အောင် ငါဖြိုချ ၍  အမြစ် ကိုလှန် သဖြင့် ၊ အုတ်ရိုးသည်လဲ ၍  ဖိမိလျက်၊ သင်တို့သည် အသက် ဆုံးကြ လိမ့်မည်။ ငါ သည် ထာဝရဘုရား  ဖြစ်ကြောင်း ကို ထိုအခါ  သိရ ကြလိမ့်မည်။  15  ထိုသို့ အုတ်ရိုး ၌ ၎င်း  ၊ အင်္ဂတေ နှင့်  မွမ်းမံ သောသူတို့ ၌  ၎င်း ၊ ငါ သည်ကိုယ်အမျက် ကို ဖြေ မည်။ အုတ်ရိုး မ ရှိဟူ၍၎င်း ၊ အင်္ဂတေ နှင့် မွမ်းမံသောသူတည်းဟူသော၊  16  ငြိမ်သက် ခြင်းမ ရှိသောအခါ  ယေရုရှလင် မြို့ အဘို့  ငြိမ်သက် ခြင်း ရူပါရုံ ကို မြင် ၍  ဟောပြော သော ဣသရေလ  ပရောဖက် များမရှိကြဟူ၍၎င်း ၊ သူတို့အား ငါပြောမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။  17  ထိုမှတပါး၊ အချင်းလူသား ၊ ကိုယ် အလို  အလျောက်ပရောဖက် ပြုသောသင် ၏ အမျိုးသမီး တို့ တဘက် ၌ မျက်နှာ ပြု ၍၊  18  အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဟောပြော ဆင့်ဆိုရမည်မှာ၊ အသက် ဝိညာဉ်တို့ကို ဘမ်း ခြင်းငှါ ခပ်သိမ်း သောသူတို့ ၏နံပါး၌ ခေါင်းအုံး ကိုထည့် ၍ ၊ လူအကြီးအငယ်တို့ခေါင်း ပေါ် မှာ ဦးထုပ် တို့ကို တင်ထား သောမိန်းမတို့သည် အမင်္ဂလာ ရှိကြ၏။ ငါ့ လူ တို့၏ အသက် ဝိညာဉ်ကို ဘမ်း ၍ ၊ ကိုယ်အသက် ဝိညာဉ်ကို  သေ ခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။  19  မုယော ဆန်တလက် ဆွန်းနှင့် မုန့် တဖဲ့ ကို ရ အံ့သောငှါ ၊ ငါ ၏လူ တို့တွင်  ငါ့ ကိုရှုတ်ချ ကြလိမ့်မည်လော။ မုသာ  စကားကို နားထောင် တတ်သော ငါ ၏လူ တို့အား  မုသာ စကားကို ပြောသောအားဖြင့် ၊ မ  သေ အပ်သောသူ တို့ ၏ အသက် ကိုသတ် ၍ ၊ မ  ရှင် အပ်သောသူ တို့ကို အသက် ချမ်းသာ ပေးကြလိမ့်မည်လော။  20  ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား  ၊ သင် တို့သည် အသက် ဝိညာဉ်တို့ကို ရအောင် ဘမ်း လျက် ၊ သုံးတတ်သောခေါင်းအုံး တို့ကို ငါ သည် ရန်ဘက် ပြု၍ သင် တို့နံပါး မှ ဆွဲနှုတ် ပြီးလျှင် ၊ သင် တို့ရအောင် ဘမ်း သော အသက် ဝိညာဉ်တို့ကို ငါလွှတ် လိုက်မည်။  21  သင် တို့ဦးထုပ် တို့ကိုလည်း  ငါဆုတ် ၍ ၊ ငါ ၏ လူ  တို့ကို သင် တို့လက် မှ  ကယ်နှုတ် မည်။ နောက် တဖန် သူတို့သည် အဘမ်း ခံ၍၊ သင် တို့လက် သို့  မ ရောက် ရကြ။ ငါ သည် ထာဝရဘုရား  ဖြစ်ကြောင်း ကို သင်တို့သိရ ကြ လိမ့်မည်။  22  ငါ မ ညှိုးငယ် စေသော လူကောင်း တို့ကို သင်တို့သည် မုသာ  စကားအားဖြင့် ညှိုးငယ် စေသောကြောင့် ၎င်း ၊ လူဆိုး  တို့သည် ဆိုး  သောလမ်း ကို မ  ရှောင် စေခြင်းငှါအသက် ချမ်းသာပေး၍၊ သူတို့ကိုခိုင်မာ စေသောကြောင့် ၎င်း ၊  23  နောက် တဖန်သင်တို့သည် အချည်းနှီး သော အရာကိုမ  မြင် ရကြ။ ပရောဖက် ပြု၍ မ ဟော ရကြ။ ငါ ၏ လူ  တို့ကိုသင် တို့လက် မှ ငါကယ်နှုတ် မည်။ ငါ သည် ထာဝရဘုရား  ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။