23
 1  သင်သည် မှား သော သိတင်း စကားကို မ  ကြား မပြောရ။ မတရား  သောသူတို့နှင့် ဝိုင်းညီ၍ မ  မှန်သော သက်သေ ကို မ  ခံ ရ။  2  လူများ နောက် သို့ လိုက် ၍ မတရား  သဖြင့် မ ပြုရ။ တရား  တွေ့သည်အမှုမှာ ကြီး သောသူဘက် ၌ နေ၍၊ တရားလမ်းမှ လွဲ စေခြင်းငှါ မ ပြော ရ။  3  ဆင်းရဲ သောသူဘက်၌လည်း မ  ငဲ့ကွက် ရ။  4  သင် သည် ရန်သူ ၏မြင်း နွား လမ်း လွဲသည်ကို တွေ့မြင် လျှင် ၊ အမှန်ပြန်ပို့ ရမည်။  5  သင့် ကို မုန်း သောသူ ၏မြည်း သည်၊ မိမိ  ဆောင်ရွက်သော ဝန် အောက် မှာ လဲ  နေသည်ကို တွေ့မြင် လျှင် ၊ မ မစဘဲ နေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစ  ရမည်။  6  သင် ၌ ဆင်းရဲ သောသူသည် တရား  တွေ့သောအခါ ၊ သူ့ကို မတရား  သဖြင့် မ  စီရင် ရ။  7  မ ဟုတ်မမှန်သော အမှု ကို ရှောင် ရမည်။ အပြစ် မရှိသောသူ၊ ဖြောင့်မတ် သောသူကို မ  ကွပ်မျက် ရ။ အကြောင်း မူကား၊ ငါသည် မတရား  သောသူကို အပြစ်မ လွှတ်။  8  သင်သည် တံစိုး  မ စား ရ။ တံစိုး  သည် ပညာရှိ တို့၏မျက်စိကို ကွယ် စေ၍ ၊ ဖြောင့်မတ် သောသူတို့၏ စကား  ကို လွဲ စေတတ်၏။  9  တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည် ကို မ  ညှဉ်းဆဲ ရ။ သင်တို့သည် အဲဂုတ္တု  ပြည် ၌ ဧည့်သည် ဖြစ် ခဲ့ ဘူးသောကြောင့် ၊ ဧည့်သည် ၏စိတ် သဘောကို သိ  ကြ၏။  10  ခြောက် နှစ် ပတ်လုံးလယ် လုပ် ၍ အသီး ကို သိမ်း ရမည်။  11  သတ္တမ နှစ်တွင် လယ် ကို မလုပ် ဘဲ အလွတ် ထားရမည်။ သို့ပြုလျှင် ဆင်းရဲ သောအမျိုးသား ချင်းတို့သည်၊ စား  ရသောအခွင့် ရှိလိမ့်မည်။ ကြွင်း သောအရာကိုလည်း ၊ မြေ တိရစ္ဆာန် တို့သည် စား  ရကြလိမ့်မည်။ ထိုနည်းတူ ၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်ကိုလည်း ပြု ရမည်။  12  ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ  နေ့ ရက်၌ ငြိမ်ဝပ် စွာနေရမည်။ သို့ပြုလျှင် သင် ၏နွား မြည်း တို့သည် ငြိမ်ဝပ် စွာ နေရသောအခွင့် ရှိလိမ့်မည်။ သင် ၏ ငယ်သား များ၊ ဧည့်သည် များတို့လည်း သက်သာ ရ ကြလိမ့်မည်။  13  ငါပညတ် သမျှ တို့၌ သတိပြု ကြလော့။ အခြား သောဘုရား ၏ နာမ  ကို မ  မြွက် မဆိုနှင့်။ သင် ၏နှုတ် ထဲက မြွက်သံကို သူတပါးမ ကြား စေနှင့်။  14  တနှစ် တွင် သုံး ကြိမ် ငါ့ အဘို့ ပွဲခံ ရမည်။  15  ငါမှာ ထားခဲ့ပြီးသည်အတိုင်း ၊ အဗိဗ လ ချိန်းချက် သော နေ့ရက်အချိန်၌ အဇုမ ပွဲကိုခံ ၍၊ ခုနစ် ရက် ပတ်လုံးတဆေး မဲ့သော မုန့်ကို စား  ရမည်။ အကြောင်း မူကား၊ ထို  လတွင် သင်သည် အဲဂုတ္တု  ပြည်က ထွက် လာသတည်း။ ထိုပွဲကို ခံစဉ် ငါ့ ထံသို့ အဘယ်သူမျှလက်ချည်း မ ပေါ် မလာရ။  16  လယ်လုပ်၍ အသီးအနှံ ကို သိမ်းစရှိသည်ကာလ၊ သိမ်း ပွဲ ကို၎င်း၊ လယ် လုပ် ၍ အသီးအနှံ ကို သိုထား  သည်ကာလ၊ နှစ် လဲ သောအခါ ၊ သိုထား ပွဲ ကို၎င်း ခံရမည်။  17  သင် တို့တွင် ယောက်ျား အပေါင်း တို့သည်၊ တနှစ် လျှင် သုံး ကြိမ် ထာဝရ အရှင်ဘုရားသခင့် ရှေ့ တော်၌ မျက်နှာ ပြရကြမည်။  18  ငါ့ ယဇ်ကောင် ၏ အသွေး ကို၊ တဆေး  ပါသောမုန့်နှင့် ရော၍ မ ပူဇော် ရ။ ငါ့ ယဇ်ကောင် ဆီဥ ကို နံနက် တိုင်အောင် မ ကြွင်း စေရ။  19  သင် ၏မြေ ၌ အဦး  သီးသော အသီးအနှံအကောင်း ဆုံးကို၊ သင် ၏ဘုရား သခင်ထာဝရ ဘုရား၏ အိမ် တော်ထဲသို့ ဆောင် သွင်းရမည်။ ဆိတ် သငယ်ကို အမိ  နို့ ရည်နှင့် မ ချက် မပြုတ်ရ။  20  ကြည့်ရှု လော့။ လမ်း ခရီး၌ သင့် ကို စောင့်ရှောက် ၍ ၊ ငါပြင်ဆင် နှင့်သော အရပ် သို့ ပို့ စေခြင်းငှာ ၊ ကောင်းကင်တမန် ကို သင့် ရှေ့ ၌ ငါ စေလွှတ် ၏။  21  ထိုတမန် ကို ရိုသေ စွာပြုလော့။ စကား  တော်ကို နားထောင် လော့။ အာဏာတော်ကို မ  ဆန် နှင့်။ သင် တို့ပြစ်မှားသောအပြစ် ကို သူသည် မ  လွှတ်။ ငါ့ နာမ သည် သူ  ၌ တည်ရှိ၏။  22  အကယ်စင်စစ်သင်သည် သူ့  စကား ကို နားထောင် ၍ ငါပညတ် သမျှ အတိုင်း ပြု လျှင် ၊ သင် ၏ ရန်သူ တို့ကို ငါသည် ရန်ဘက် ပြုမည်။ သင့် ကို ဆီးတား  သောသူတို့ကိုလည်း ငါဆီးတား မည်။  23  ငါ့ တမန် သည် သင့် ရှေ့ ၌သွား ၍ သင့် ကို အာမောရိ  လူ၊ ဟိတ္တိ  လူ၊ ဖေရဇိ  လူ၊ ခါနနိ လူ၊ ဂိရဂါရှိလူ၊ ဟိဝိ  လူ၊ ယေဗုသိ  လူတို့ရှိရာသို့ ဆောင် သွင်း၍ ၊ သူ တို့ကို ပယ်ရှင်း မည်။  24  သူ တို့ဘုရား များကို ဦး  မ ချဝတ် မ ပြုရ။ သူ  တို့ဘာသာ အတိုင်း မ ကျင့် ရ။ သူ  တို့ကို အကုန်အစင်မှောက် လှဲ၍ ၊ ရုပ်တု ဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက် ရမည်။  25  သင် တို့၏ဘုရား သခင်ထာဝရဘုရား ကို ဝတ်ပြု ရမည်။ သင် ၏မုန့် ကို၎င်း ၊ ရေ ကို၎င်း၊ ကောင်းကြီး ပေး တော်မူမည်။ အနာရောဂါ ကိုလည်း သင် ၏အထဲ က နှုတ်ယူ ပယ်ရှားတော်မူမည်။  26  သင် ၏ပြည် တွင် ကိုယ်ဝန် ပျက်သော သတ္တဝါ၊ မြုံ သောသတ္တဝါနှင့် ကင်းလွတ် လိမ့်မည်။ သင် ၏အသက် တန်း ကို ငါစုံလင် စေမည်။  27  ငါ့ ကိုကြောက် တတ်သော သဘောကို သင့် ရှေ့ သို့ ငါစေလွှတ် ၍ ၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်း သောလူမျိုး ကို ငါဖျက်ဆီး မည်။ သင် ၏ရန်သူ အပေါင်း တို့ကို နောက် သို့ လှည့်စေ မည်။  28  ပျားတူ များကိုလည်း သင့် ရှေ့ သို့ ငါစေလွှတ် ၍ ၊ သူတို့သည် ဟိဝိ  လူ၊ ခါနနိ လူ၊ ဟိတ္တိ  လူတို့ကို သင့် ရှေ့ မှာ နှင်ထုတ် ကြလိမ့်မည်။  29  ထိုလူများကို တ  နှစ်ခြင်းတွင် သင့် ရှေ့ မှာ ငါမ နှင်ထုတ်။ သို့ပြုလျှင်ပြည် သည် လူဆိတ်ညံ ၍ သားရဲ သည် သင့် တဘက်၌ များပြား လိမ့်မည်။  30  သင်သည် တိုးပွား ၍ တပြည် လုံးကို ဝင်စား သည်တိုင်အောင် ၊ သူ တို့ကို သင့် ရှေ့ မှာ ဖြည်းဖြည်း ငါနှင်ထုတ် မည်။  31  သင့် နေရာ နယ် အပိုင်းအခြားကို၊ ဧဒုံ  ပင်လယ် မှ သည် ဖိလိတ္တိ  ပင်လယ် တိုင်အောင် ၎င်း ၊ တော မှ သည် မြစ် တိုင်အောင် ၎င်း ငါမှတ်သား မည်။ ထိုအရပ် သား များကို သင့် လက် သို့ ငါအပ် ၍၊ သင်သည် နှင်ထုတ် ရ လိမ့်မည်။  32  သူ တို့နှင့် ၎င်း၊ သူ  တို့ဘုရား များနှင့်၎င်း၊ သင် သည် မိဿဟာယ မ ဖွဲ့ ရ။  33  သင် သည် ငါ့ ကို ပြစ်မှား စေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့် ပြည် ၌ မ နေ ရကြ။ သင်သည် သူ  တို့ဘုရား ကို ဝတ်ပြု လျှင် ၊ ထိမိ ၍ လဲစရာအကြောင်းအမှန် ဖြစ် လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။