2
 1  တဖန် ရှင်ဘုရင် အာရွှေရု သည် စိတ် တော်ပြေ  သောအခါ ၊ ဝါရှိတိ ကို၎င်း  ၊ သူပြု သောအမှုနှင့်  သူ့ တစ်ဘက်  ၌စီရင်သော အမှု ကို၎င်း အောက်မေ့ တော်မူ၏။  2  အထံတော်၌ ခစား  သော ကျွန် တော်တို့ကလည်း ၊ အဆင်း လှ သော သမီးကညာ  တို့ကို အရှင်မင်းကြီး အဘို့  ရှာ ရပါမည်အကြောင်းအခွင့်ပေးတော်မူပါ။  3  အဆင်း လှ သော သမီးကညာ  အပေါင်း တို့ကို ရှုရှန် နန်းတော် တွင်  အပျို တော်နေရာသို့  စုဝေး စေ၍ ၊ နန်းတော်မိန်းမစိုး ၊ အပျိုတော်အုပ်ဟေဂဲ ၌ အပ်စေခြင်းငှါ၊ နိုင်ငံ တော်အတိုင်း တိုင်း အပြည်ပြည် မင်း အရာရှိ တို့ကို ခန့် ထားတော်မူပါ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ။  4  နှစ်သက် တော်မူသောသမီးကညာ ကို မိဖုရား ဝါရှတိ အရာ ၌ ခန့် ထားတော်မူပါဟု လျှောက်သော စကား  ကို ရှင်ဘုရင် နှစ်သက် ၍ ထိုသို့  စီရင် တော်မူ၏။  5  ထိုကာလတွင် ရှုရှန် မြို့တော်၌ ၊ ဗင်္ယာမိန် အမျိုး ကိရှ ၊ ရှိမိ ၊ ယာဣရ တို့မှ ဆင်းသက်သော မော်ဒကဲ အမည်  ရှိသောယုဒ လူ တယောက်ရှိ ၏။  6  ထိုသူသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်း သွားသော ယုဒ  ရှင်ဘုရင် ယေခေါနိ မှစ၍ ၊ ဘမ်းဆီး သိမ်း သွားခြင်းကို ခံရသောလူစု၌  ပါသတည်း။  7  ထိုသူသည် အထွေးသမီး ဟဒဿ တည်းဟူသော ဧသတာ  ကို မွေးမြူ ၏။ ထိုသတို့သမီးသည် မိဘ  မ ရှိ၊ ပုံပြင်ယဉ်ကျေး ၍ အသွေး အဆင်းလည်း လှ ၏။ မိဘ  သေ သောအခါ ၊ မော်ဒကဲ သည် ယူ  ၍ ကိုယ် သမီး ကဲ့သို့ မှတ်သတည်း။  8  ရှင်ဘုရင် အမိန့် တော်ကိုထုတ်၍ ကျော်သောအခါ  ၊ အပျို များတို့ကို ရှုရှန် နန်းတော် သို့  စုဝေး စေ၍ ၊ မိန်းမစိုးဟေဂဲ ၌ အပ်ရာတွင်၊ ဧသတာ  ကိုလည်း  နန်းတော်  သို့  ခေါ် ဆောင်၍ ဟေဂဲ  ၌  အပ်ကြ၏။  9  ဧသတာသည် ဟေဂဲ  စိတ် နှင့်တွေ့၍ မျက်နှာ ရသဖြင့် ၊ ဟေဂဲသည် စင်ကြယ် စေသော ဆေးမျိုးနှင့် ပေး  ရသောအဝတ် အစားကို အလျင် အမြန်ပေး၏။ နန်းတော် ၌  ရွေး ကောက်သော ကျွန် မခုနစ် ယောက် တို့ကိုလည်းပေး ၍ ၊ ဧသတာ နှင့်  သူ ၏ကျွန် မတို့ကို အပျိုတော်နန်း တွင် အမြတ် ဆုံးသောနေရာ၌  ချီးမြှောက်လေ၏။  10  ဧသတာ သည် မိမိ  အမျိုး နှင့်  မိမိ ဆွေညာ တကာကို မ  ဘော် မပြမည်အကြောင်း၊ မော်ဒကဲ သတိပေး သည်အတိုင်း မ  ဘော် မပြဘဲ နေ၏။  11  ဧသတာ သည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ  ၌  အဘယ်သို့ ပြု ကြလိမ့်မည်ကို၎င်း၊ မော်ဒကဲ သည် သိ  ခြင်းငှါ အပျိုတော်နန်း ဝင်း ရှေ့ မှာ  နေ့ တိုင်းသွား လာ၏။  12  ထိုအပျိုတော်တို့ ထုံးစံ  အတိုင်း ၊ တနှစ် စေ့ သောအခါ  တယောက်နောက်တယောက် အလှည့် သင့်သည် အတိုင်း ၊ ရှင်ဘုရင် အာရွှေရု ထံ သို့ ဝင် ရ၏။ ခြောက် လ  ပတ်လုံးမုရန် ဆီ ၊ ခြောက် လ ပတ်လုံးနံ့သာ မျိုးအစရှိ သော စင်ကြယ် စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ် ခြင်းအမှုသည် ပြီး သည် တိုင်အောင် ထိုမျှကာလ ကိုလွန် စေရ၏။  13  ထိုနောက်မှအပျို တော်သည် ရှင်ဘုရင် ထံ သို့ဝင် ချိန်ရောက်သောအခါ ၊ အလို ရှိသမျှ တို့ကို တောင်း၍၊ အပျိုတော်နန်း မှ  ရှင်ဘုရင် နန်းတော် သို့  ယူ သွားရ၏။  14  ည ဦးအချိန်၌ ဝင် ၍  နံနက် အချိန်၌  နန်းတော်မိန်းမစိုး ၊ မောင်းမမိဿံ အုပ် ၊ ရှာရှဂါဇ စောင့် ဒုတိယ မိန်းမနန်း သို့ ပြန် ရ၏။ ရှင်ဘုရင် ချစ် ၍  နာမည် အားဖြင့် ခေါ် တော်မမူလျှင်  နောက် တဖန် အထံတော်သို့ မ ဝင် ရ။  15  မိမိ သမီး ကဲ့သို့ မော်ဒကဲ မွေးမြူ သော ဘထွေး အဘိဟဲလ သမီး  ဧသတာ သည် အလှည့် သင့်၍၊ ရှင်ဘုရင် ထံ သို့ဝင် ရသောအခါ ၊ နန်းတော်မိန်းမစိုး ၊ အပျို တော်အုပ်  ဟေဂဲ စီရင် သော အရာမှတပါး အဘယ် အရာကိုမျှ မ  တောင်း ၊ ဧသတာ ကို တွေ့မြင် သမျှ သောသူတို့ သည် ချစ် တတ်ကြ၏။  16  ထိုသို့  ရှင်ဘုရင် အာရွှေရု သည် နန်းစံ ခုနစ် နှစ် ၊ တေဗက် အမည်ရှိသောဒသမ လ တွင် ၊ ဧသတာ ကို နန်းတော် ၌  သိမ်း တော်မူပြီးလျှင်၊  17  အခြားသော သမီး  ကညာအပေါင်း တို့ထက်  ဧသတာ သည် စိတ်တော်ကိုနူးညွတ် စေ၍ ၊ အထံ တော်၌ မျက်နှာ ရသဖြင့် ၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာ တို့ကို ချစ်သည်ထက်  ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့  ခေါင်း ပေါ် မှာ ရာဇ  သရဖူ ကိုတင် ၍ မိဖုရား ဝါရှတိ အရာ ၌ ချီးမြှောက် တော်မူ၏။  18  ထိုအခါ  ရှင် ဘုရင်သည် ဧသတာ  ပွဲ ဟူ၍ကြီး  သောပွဲ ကို မှူး တော်မတ်တော်ကျွန် တော်တို့အဘို့  လုပ် သဖြင့် ၊ နိုင်ငံ တော်တိုင်းပြည်တို့ကို မင်းမှုလွှတ် ၍ ၊ စည်းစိမ်တော်နှင့် လျော်စွာ ဆု  ချတော်မူ၏။  19  သမီး ကညာတို့သည် ဒုတိယ  အချိန်၌ စုဝေး  သောအခါ ၊ မော်ဒကဲ သည် နန်းတော်၌  တံခါးမှူး ဖြစ် ၏။  20  ဧသတာ သည် မော်ဒကဲထံမွေးမြူ ခြင်းကိုခံ ၍ နေစဉ် အခါ၊ သူ  ၏စကား ကို နားထောင်သည်နည်းတူ နားထောင် သေးသည်ဖြစ်၍၊ မော်ဒကဲ သတိ ပေးသည်အတိုင်း ၊ မိမိ အမျိုး ၊ မိမိ ဆွေညာ တကာတို့ကို မ  ဘော် မပြဘဲနေ သတည်း။  21  ထို ကာလ တွင် ၊ မော်ဒကဲ သည် နန်းတော်၌  တံခါးမှူး ဖြစ် စဉ် ၊ ဗိဂသန် နှင့်  တေရက် တည်းဟူသောနန်းတော်မိန်းမစိုး ၊ တံခါး စောင့်  နှစ် ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရု ကို လုပ်ကြံ မည်ဟု အားထုတ် ကြ၏။  22  ထိုအမှုကို မော်ဒကဲ သိ ၍  မိဖုရား ဧသတာ အား  ဘော်ပြ ၏။ ထိုသို့ မော်ဒကဲ ဘော်ပြကြောင်းကို ဧသတာ  သည် ရှင်ဘုရင် အား  လျှောက် လေ၏။  23  ထိုအမှု ကို စစ်ကြော ၍  အမှန် သိသောအခါ ၊ ထိုသူ နှစ် ယောက်တို့ကို သစ်ပင် ၌  လည်ဆွဲ ချပြီးမှ ၊ ရှင်ဘုရင် ရှေ့ ၊ နန်းတော်မှတ် စာ၌  ရေး မှတ်သတည်း။