9
 1  တဖန် ငါကြည့်ရှု ၍ ဘုရား  ရှင်သည် ယဇ် ပလ္လင်ပေါ် မှာ ရပ် လျက် မိန့် တော်မူသည်ကား၊ ရှိသမျှ သောသူ တို့ ၏ ခေါင်း ပေါ် သို့ တံခါး တိုင်လှုပ် ၍  ပြို ကျစေခြင်းငှါ တံခါး ထုပ်ကို ရိုက် လော့။ သူတို့သားမြေးများကိုလည်း ထား  နှင့်  ငါကွပ်မျက် မည်။ ပြေး သောသူသည် မ  လွတ် ရ။ လွတ် သောသူသည်လည်း  ချမ်းသာ ကို မ  တွေ့ရ။  2  မရဏာ နိုင်ငံတိုင်အောင် တွင်း တူးသော်လည်း ငါ နှုတ်ယူ မည်။ မိုဃ်း ကောင်းကင်သို့ တက် သော်လည်း ငါချ မည်။  3  ကရမေလ တောင်ထိပ် ၌  ပုန်းရှောင် သော်လည်း ၊ ငါရှာ ၍ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါသမုဒ္ဒရာ အောက်  ၌  ပုန်းရှောင် သော်လည်း ၊ ငါသည် နဂါး ကို မှာ လိုက်၍  ကိုက် စေမည်။  4  ရန်သူ တို့သည် သိမ်းသွား သော်လည်း ၊ အခြား သောအရပ်၌  ငါသည် ထား  ကို မှာ လိုက်၍  သတ် စေမည်။ ကျေးဇူး မ ပြု၊ အပြစ် ပြုခြင်းငှါ သာ ငါ ကြည့်ရှု မည်။  5  ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား သည် မြေ ကို ထိ တော်မူလျှင် ၊ မြေသည် အရည် ဖြစ်၍ မြေသား အပေါင်း တို့သည် ညည်းတွား ကြလိမ့်မည်။ မြစ် ကဲ့သို့ တပြည်လုံး ထ ပြီးလျှင် ၊ တဖန်  အဲဂုတ္တု မြစ် ၌ မြုပ်သကဲ့သို့ မြုပ် လိမ့်မည်။  6  အထက်အခန်းတော်တို့ကို ကောင်းကင် ၌ ဆောက် ၍ ၊ အောက်တိုက်တော်ကို မြေကြီး ပေါ် မှာ တည် တော်မူ၏။ သမုဒ္ဒရာ  ရေ ကိုခေါ် ၍ မြေကြီး ပြင် ၌  သွန်းလောင်း တော်မူ၏။ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား တည်းဟူသော ဘွဲ့နာမ ရှိတော်မူ ၏။  7  အို ဣသရေလ  အမျိုးသား တို့၊ သင် တို့သည် ငါ ၌  ကုရှ အမျိုးသား ကဲ့သို့ ဖြစ်ကြသည်မ ဟုတ်လော ။ ဣသရေလ  အမျိုးကို အဲဂုတ္တု  ပြည် မှ  ငါနှုတ်ဆောင် သကဲ့သို့၊ ဖိလိတ္တိ  လူတို့ကို ကတ္တောရ  ပြည်မှ ၎င်း  ၊ ရှုရိ လူတို့ကို ကိရ  ပြည်မှ ၎င်း ငါနှုတ်ဆောင်ပြီ မ  ဟုတ်လော ဟု ထာဝရဘုရား  မိန့် တော်မူ၏။  8  အရှင် ထာဝရဘုရား သည် အပြစ် ရှိသောတိုင်း နိုင်ငံကို  ကြည့်ရှု လျက် ၊ ထို  တိုင်းနိုင်ငံကို မြေကြီး ပြင် မှ  ငါသုတ်သင် ပယ်ရှင်းမည်။ သို့သော်လည်း ၊ ယာကုပ် အမျိုး ကို ရှင်းရှင်းမ ဖျက်ဆီး ဟု မိန့် တော်မူ၏။  9  တဖန် ငါ အမိန့် တော်ရှိသဖြင့်  ဆန်ကို ဆန်ခါနှင့် ချ သကဲ့သို့ ၊ ဣသရေလ  အမျိုး ကို ခပ်သိမ်း သော အမျိုး တို့တွင်  ဆန်ခါ နှင့်ငါချ မည်။ ဆန် တစေ့မျှ မြေ သို့မ ကျ ရ။  10  ဘေးဥပဒ် သည် ငါ တို့ကို မ  မှီ နိုင်၊ မဆီးတား  နိုင်ဟု ဆို  လျက်၊ အပြစ် များသော ငါ ၏လူ အပေါင်း တို့သည် ထား  ဖြင့်  သေ ရကြလိမ့်မည်။  11  ကျန်ကြွင်းရစ် သောဧဒုံ အမျိုးသားမှစ၍ ငါ ၏နာမ ဖြင့် သမုတ် သော တပါးအမျိုးသား အပေါင်း တို့ကိုသိမ်းယူ စေခြင်းငှါ ၊ လဲ  လျက်ရှိသောဒါဝိဒ် ၏တဲ ကိုထို ကာလ ၌  ငါဆောက်တည် ပြန်မည်။ အက်ကွဲရာ များကိုစေ့စပ် မည်။  12  ပြိုပျက်ရာ များကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ  ကိုရှေး ကာလ ၌ရှိသကဲ့သို့ မတ်စေ ပြန်မည်ဟု၊ ဤ  အမှုအရာကိုစီရင် တော်မူသောထာဝရဘုရား ၏ဗျာဒိတ် တော်ရှိ၏။  13  ထာဝရဘုရား  မိန့် တော်မူသည်ကား၊ လယ်ထွန် သောသူသည် စပါးရိတ် သောသူကို၎င်း ၊ စပျစ်သီး နယ်  သောသူသည် မျိုးစေ့ ကြဲ သောသူကို၎င်း မှီ လျက်၊ တောင် တို့မှ ချိုသောစပျစ်ရည် ယို ၍ ၊ ကုန်း ရှိသမျှ တို့လည်း  အရည် ဖြစ်ရသောကာလရောက်လိမ့်မည်။  14  သိမ်းသွား ခြင်းကို ခံရသောငါ ၏လူ  ဣသရေလ အမျိုးသားတို့ကို တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့သည် ပျက်စီး သောမြို့ များကို ပြုပြင် ၍ နေကြလိမ့်မည်။ စပျစ် ဥယျာဉ်များကို စိုက် ၍  စပျစ်ရည်ကို သောက် ကြလိမ့်မည်။ လယ်ယာ များကို ပြုစု ၍  အသီး တို့ကို စား  ကြလိမ့်မည်။  15  သူ တို့နေရင်းအရပ် ၌  ငါစိုက် ထားမည်။ ငါ ပေး  သော ပြည် မှ  နောက် တဖန် အဘယ်သူမျှမ နှုတ် ရဟု၊ သင် ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။