2
 1  ညီအစ်ကို တို့၊ ငါ တို့ သခင် ယေရှု ခရစ် ကြွလာ တော်မူ၍ ၊ ငါ တို့သည်အထံ တော်၌  စည်းဝေး ခြင်းအရာမှာ၊ သခင် ဘုရား၏ နေ့ရက် သည် ချက်ခြင်းရောက် မည်ဟူ၍စိတ်ဝိညာဉ် အားဖြင့် ဖြစ်စေ၊ နှုတ်ထွက်စကား အားဖြင့် ဖြစ်စေ၊ ငါ တို့စာ ကဲ့သို့သော စာအားဖြင့် ဖြစ်စေ၊  2  သင် တို့သည် စိတ် ရွေ့လျော့ ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း၊ အလျင်တဆော မ ရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။  3  အဘယ်သူ မျှသင် တို့ကို အဘယ်သို့ သောအားဖြင့် မ လှည့်ဖြား စေနှင့်၊ ထိုနေ့ရက်မ ရောက် မှီ ဖောက်ပြန် သင်းခွဲသည့်အရင် ဖြစ်၍၊ ဒုစရိုက် လူ တည်းဟူသောပျက်စီး ခြင်း၏ သား  သည်ပေါ်လာ ရလိမ့်မည်။  4  ထိုသူ သည် ဘုရားသခင်ဟူ၍၎င်း ၊ ဘုရား  ဟူ၍၎င်း၊ ခေါ်ဝေါ် သမျှ သောအရာတို့ကို ရန်ဘက် ပြု၍၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင် ၏ ဗိမာန် တော်၌  ဘုရားသခင် ကဲ့သို့ ထိုင် ၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ် ကိုပြ သောသူဖြစ် သတည်း။  5  ငါသည် သင် တို့နှင့်အတူ ရှိ စဉ်အခါ ၊ ထို  အကြောင်းအရာများကို ပြော ပြီဟုသင် တို့သည် သတိ  မ ရ ကြသလော။  6  ထိုသူ သည် မိမိ  ကာလ အချိန်၌  ထင်ရှား စေခြင်းငှာ၊ ယခု  ဆီးတား သောအကြောင်း ကိုလည်း  သင်တို့ သိ  ကြ၏။  7  အဘယ်သို့ နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မ  အရာသည် ယခုပင် ပြုပြင် ဆဲရှိ၏။ သို့သော်လည်းဆီးတားသောသူ သည် ပယ်ရှင်းခြင်းသို့ မ  ရောက်မှီတိုင်အောင်ဆီးတား လိမ့်မည်။  8  ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထို  အဓမ္မ လူသည် ထင်ရှား လိမ့်မည်။ ထိုအဓမ္မ  လူကို သခင် ယေရှု သည် နှုတ်ထွက် ဝိညာဉ် တော်အားဖြင့် ဖျက်ဆီး ၍၊ ကြွလာ တော်မူခြင်း၏  ရောင်ခြည် အားဖြင့် ပယ်ရှား တော်မူလိမ့်မည်။  9  ထိုအဓမ္မ လူ၏ လာ  ခြင်းအကြောင်း ဟူမူကား၊ စာတန် ပြုပြင် သောအားဖြင့် မုသာ နှင့်  စပ်ဆိုင်သော ထူးဆန်း သောတန်ခိုး ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုအမျိုးမျိုး နှင့် ၎င်း ၊  10  ပျက်စီး ခြင်းသို့ရောက်သော သူ  တို့တွင်၊ မတရား  သော လှည့်ဖြား ခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား ၊ ထိုသူ  တို့သည် ကယ်တင် ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား ၌ မွေ့လျော် သော စိတ်ကို မ  ခံ မယူကြ။  11  ထိုကြောင့် ၊ သမ္မာတရား  ကို မ  ယုံ ဘဲ၊ မတရား  သောအမှု၌ မွေ့လျော် သောသူ အပေါင်း တို့သည်။  12  တရား ရှုံးခြင်းသို့ရောက်မည်အကြောင်း ၊ မုသာ  စကားကို ယုံ  စိမ့်သောငှာ၊ မိစ္ဆာဒိဌိ  ပြုပြင်အားထုတ်ခြင်းအခွင့်ကိုသူ တို့၌ ဘုရားသခင် လွှတ် တော်မူလိမ့်မည်။  13  သို့သော်လည်း ၊ သခင် ဘုရား ချစ် တော်မူသော ညီအစ်ကို တို့၊ သင်တို့သည် စိတ် သန့်ရှင်း ခြင်း၊ သမ္မာတရား  ကို ယုံကြည် ခြင်းအားဖြင့် ကယ်တင် ခြင်းသို့ရောက်စိမ့်သောငှာ ၊ ဘုရားသခင် သည် ရှေ့ဦးစွာ ပင်သင် တို့ကို ရွေးကောက် တော်မူသည်ဖြစ်၍ ၊ ငါ တို့သည် သင် တို့ကြောင့်  ဘုရားသခင် ၏ ကျေးဇူး တော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။  14  ထိုသို့အလိုငှာ  ငါ တို့ဧဝံဂေလိ တရားအားဖြင့် သင် တို့ကိုခေါ် တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏  ဘုန်း ကို ပိုင်ရ မည်အကြောင်း တည်း။  15  ထိုကြောင့် ၊ ညီအစ်ကို တို့၊ ငါ တို့နှုတ်ထွက်စကား  အားဖြင့် ဖြစ်စေ ၊ စာ  အားဖြင့် ဖြစ်စေ ၊ သင်တို့သည် သင် ခဲ့ပြီးသော နည်း ဥပဒေသများကို တည်ကြည် လျက်  ကိုင်ယူ စွဲလမ်းကြလော့။  16  ငါ တို့ကိုချစ် တော်မူ၍ ၊ ထာဝရ  သက်သာ ခြင်းအကြောင်းကို၎င်း ၊  17  ကျေးဇူး တော်အားဖြင့် ကောင်း သော မြော်လင့် ခြင်းအကြောင်းကို၎င်း ပေး  တော်မူသောငါ တို့အဘ တည်းဟူသောဘုရားသခင် နှင့်၊ ငါ တို့သခင်  ယေရှု  ခရစ် သည် ကိုယ်တော် တိုင်၊ သင် တို့စိတ် နှလုံးကို သက်သာ စေ၍ ၊ ကောင်း သောစကား ၊ ကောင်းသောအမှု  အမျိုးမျိုး ၌  သင်တို့ကို မြဲမြံ စေတော်မူပါစေသော။