4
 1  ဝိညာဉ် တော်သည် အတည့်အလင်း ဗျာဒိတ် ထားတော်မူသည်ကား ၊ နောင် ကာလ ၌  ဩတ္တပ္ပ စိတ်တွင် သံ  ပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာ  စကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက် ခြင်းအားဖြင့် ၊ လူအချို့ တို့သည် ယုံကြည် ခြင်းကို စွန့်ပယ် ၍  2  လှည့်ဖြား တတ်သော စိတ် ဝိညာဉ်တို့၌၎င်း၊ နတ် ဘုရားတို့နှင့် စပ်ဆိုင်သော ဩဝါဒ တို့၌၎င်း မှီဝဲ ဆည်းကပ်ကြလိမ့်မည်။  3  မင်္ဂလာဆောင် ခြင်းအမှုကို မ  ပြုရဟူ၍၎င်း၊ ယုံကြည် ၍  သမ္မာတရား ကို သိ  သောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော အစာ  မျိုးကိုရှောင် ရမည် ဟူ၍၎င်း ပညတ်ထားကြလိမ့်မည်။  4  ဘုရားသခင် ဖန်ဆင်း တော်မူသမျှ သည် သုံးစရာကောင်း ၏။  5  ကျေးဇူး တော်ကို သိသောစိတ်နှင့် ခံယူ လျှင် ၊ အဘယ် အရာကိုမျှ မပယ် မရှောင်ရ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်အားဖြင့် ၎င်း၊ ဆုတောင်း ခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ် လျက်ရှိကြ၏။  6  ဤ စကားများကို သင်သည် ညီအစ်ကို တို့အား  ကြားပြောလျှင်၊ ယုံကြည်ချက် စကား ၊ ကိုယ်တိုင်ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒ စကားနှင့်  မွေးပြုခြင်းကို ခံသောယေရှု ခရစ် ၏ ဓမ္မဆရာ  ကောင်း  ဖြစ် လိမ့်မည်။  7  မိန်းမ အိုပြော တတ်သော တရားမဲ့  ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရား  ဝတ်၌ မွေ့လျော်ခြင်း အားဖြင့်ကိုယ်ကိုကိုယ် ဆုံးမ လော့။  8  ကိုယ် ကာယကိုဆုံးမ ခြင်းသည် များစွာ သော အကျိုး ကို မပေးတတ်။ ဘုရား  ဝတ်၌ မွေ့လျော်ခြင်း မူကား  ၊ ယခု  ဘဝ၊ နောင် ဘဝနှင့်  စပ်ဆိုင်သော ဂတိ  တော်ကို ရ  သည်ဖြစ် ၍  9  အရာရာ ၌  အကျိုး ကိုပေးတတ်သည်ဟူသော စကားသည် သစ္စာ  စကားဖြစ်၏။ အကြွင်းမဲ့ခံယူ အပ်  သော စကား  လည်း ဖြစ် ၏။  10  ထိုကြောင့်၊ အသက် ရှင်တော်မူသော၊ လူ  အပေါင်း တို့ကို အထူးသဖြင့် ကယ်မ တော်မူသော ဘုရားသခင် ၌  ငါတို့သည်ကိုးစား သည်နှင့်အညီ၊ ပင်ပန်း စွာ အမှုဆောင်ရွက် ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ၏။  11  ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ် ထားခြင်း၊ ဆုံးမ  ဩဝါဒပေးခြင်းကို ပြုလော့။  12  သင် ၏ အသက် အရွယ်နုပျိုသည်ကို အဘယ်သူ မျှမထီမဲ့မြင် မပြုစေနှင့်။ စကား  ပြောခြင်း၊ ကျင့်ကြံ ပြုမူ ခြင်း၊ သူတစ်ပါးကိုချစ် ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့် ခြင်း၊ စင်ကြယ် ခြင်းအရာမှာ၊ ယုံကြည် သောသူတို့အား  ပုံ သက်သေကို ပြ လော့။  13  ငါ မ လာမှီတိုင်အောင်၊ ကျမ်းစာကိုဖတ် ခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ ဆုံးမ  ဩဝါဒပေးခြင်းကို ကြိုးစား၍ ပြုလော့။  14  ဗျာဒိတ် တော်ကို ခံ၍၊ သင်းအုပ် များတို့သည် လက် တင် ခြင်းနှင့်တကွ ၊ သင် ၌ အပ်ပေးသော ဆု  ကျေးဇူးကို မ  ပြုစု ဘဲမနေနှင့်။  15  သင် ၏တိုးပွား ခြင်းကို လူအပေါင်း တို့အား ထင်ရှား စေခြင်းငှာ ။ ဤအရာ  များကို စိတ်စွဲလမ်း၍ ကြိုးစား အားထုတ်လော့။  16  ကိုယ် ကို၎င်း ၊ ကိုယ် ဆုံးမ ဩဝါဒကို၎င်း သတိပြု ၍ အမြဲတည်နေ လော့။ ထိုသို့  ပြု လျှင်၊ ကိုယ် ကို၎င်း ၊ နားထောင် သောသူ တို့ကို၎င်းကယ်တင် လိမ့်မည်။