6
 1  လေဝိ သား ကားဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တည်း။  2  ကောဟတ် သား ကား အာမရံ  ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။  3  အာမရံ သား ကားအာရုန် ၊ မောရှေ ၊ မိရိအံ တည်း။ အာရုန် သား ကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။  4  ဧလာဇာ သား ကား ဖိနဟတ် ၊ ဖိနဟတ် သား အဘိရွှ၊  5  အဘိရွှ သား ဗုက္ကိ ၊ ဗုက္ကိ သား ဩဇိ၊  6  ဩဇိ သား ဇေရဟိ ၊ ဇေရဟိ သား မေရာယုတ်၊  7  မေရာယတ် သား အာမရိ ၊ အာမရိ သား အဟိတုပ်၊  8  အဟိတုပ် သား ဇာဒုတ် ၊ ဇာဒုတ် သား အဟိမတ်၊  9  အဟိမတ် သား အာဇရိ ၊ အာဇရိ သား ယောဟန် တည်း။  10  ယောဟန် သား ကား၊ ယေရုရှလင် မြို့မှာ ရှောလမုန် တည် သော ဗိမာန် တော်၌ ယဇ် ပုရောဟိတ်ပြုသော အာဇရိ တည်း။  11  အာဇရိ သား ကား အာမရိ  ၊ အာမရိ သား အဟိတုပ်၊  12  အဟိတုပ် သား ဇာဒုတ် ၊ ဇာဒုတ် သား ရှလ္လုံ၊  13  ရှလ္လုံ သား ဟိလခိ ၊ ဟိလခိ သား အာဇရိ၊  14  အာဇရိ သား စရာယ ၊ စရာယ သား ယောဇဒက် တည်း။  15  ယောဇဒက် သည် နေဗုခဒ်နေဇာ လက် ဖြင့် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို ထာဝရဘုရား  သိမ်း သွားစေတော်မူသောအခါ ပါသွား သတည်း။  16  လေဝိ သား ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တို့တွင်၊  17  ဂေရရှုံ သား ကား လိဗနိ  နှင့် ရှိမိ တည်း။  18  ကောဟတ် သား ကားအာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။  19  မေရာရိ သား ကား မဟာလိ  နှင့် မုရှိ တည်းဟူသော လေဝိ အဆွေအမျိုးအသီးအသီးဖြစ်သတည်း။  20  ဂေရရှုံ သားကားလိဗနိ ၊ လိဗနိသား ယာဟတ် ၊ ယာဟတ်သား ဇိမ္မ၊  21  ဇိမ္မသား ယောအာ ၊ ယောအာသား ဣဒ္ဒေါ ၊ ဣဒေါသား ဇေရ ၊ ဇေရသား ယာတရဲ တည်း။  22  ကောဟတ် သား ကား ဣဇဟာတည်းဟူသောအမိနဒပ် ၊ အမိနဒပ်သား ကောရ ၊ ကောရသား အဿိရ၊  23  အဿိရသား ဧလကာန ၊ ဧလကာနသား ဧဗျာသပ် ၊ ဧဗျာသပ် သား  အဿိရ၊  24  အဿိရသား တာဟတ် ၊ တာဟတ်သား ဥရေလ ၊ ဥရေလသား ဩဇိ ၊ ဩဇိသား ရှောလ၊  25  ရှောလသား ဧလကာန၊ ဧလကာန  သား အာမသဲ နှင့် အဟိမုတ်၊  26  အာမသဲသား ဇောဖဲ  ၊ ဇောဖဲသား နာဟတ်၊  27  နာဟတ်သား ဧလျာဘ ၊ ဧလျာဘသား ယေရောဟံ ၊ ယေရောဟံသား ဧလကာန ၊ ဧလကာနသား ရှမွေလ တည်း။  28  ရှမွေလသားဦး ကား ယောလ၊ ဒုတိယ  သား အဘိယ  တည်း။  29  မေရာရိ သား ကားမဟာလိ ၊ မဟာလိသား လိဗနိ ၊ လိဗနိသား ရှိမိ ၊ ရှိမိသား ဩဇ၊  30  ဩဇသား ရှိမာ ၊ ရှိမာသား ဟဂ္ဂျာ ၊ ဟဂ္ဂျာသား အသာယ တည်း။  31  ထာဝရဘုရား ၏ သေတ္တာ  တော်သည် ငြိမ်ဝပ် သောအခါ ၊ အိမ် တော်၌ သီချင်း ဆိုရာ အမှုတော်ကို စောင့်စေခြင်းငှါ၊ ဒါဝိဒ် မင်းခန့်ထား သော သူ တို့သည်၊  32  ယေရုရှလင် မြို့၌ ဗိမာန် တော်ကို ရှောလမုန် မ တည် မှီ ကာလပတ်လုံး၊ ပရိသတ်စည်းဝေး ရာ တဲ  တော် တည်ရာအရပ်၌ သီချင်း ဆိုလျက် အမှု တော်ကို စောင့်ကြ ၏။ ဗိမာန်တော်ကို တည်ပြီးသောနောက်၊ မိမိ  တို့ အလှည့် အတိုင်း စောင့် ရသောအမှုကို စောင့် လျက်နေကြ၏။  33 -  34 -  35 -  36 -  37 -  38  ထို အမှု တော်ကို စောင့်သောသူတို့နှင့် သားစဉ် မြေးဆက်ဟူမူကား ၊ ဣသရေလ ၊ လေဝိ ၊ ကောဟတ် ၊ ဣဇဟာ ၊ ကောရ ၊ ဧဗျာသပ် ၊ အဿိရ ၊ တာဟတ် ၊ ဇေဖနိ ၊ အာဇရိ ၊ ယောလ ၊ ဧလကာန ၊ အမာသဲ ၊ မာဟတ် ၊ ဧလကာန ၊ ဇောဖဲ ၊ တောအာ ၊ ဧလျာဘ ၊ ယေရောဟံ ၊ ဧလကာန ၊ ရှမွေလ ၊ ယောလ တို့မှ ဆင်းသက်သော ကောဟတ် အမျိုး၊ သီချင်း သည် ဟေမန် တပါး၊  39 -  40 -  41 -  42 -  43  လေဝိ ၊ ဂေရရှုံ ၊ ယာဟတ် ၊ ရှိမိ ၊ ဇိမ္မ ၊ ဧသန် ၊ အဒါယ ၊ ဇေရ ၊ ဧသနိ ၊ မာလခိ ၊ ဗာသေယ ၊ မိက္ခေလ ၊ ရှိမာ ၊ ဗေရခိ တို့မှ ဆင်းသက်သော အာသပ် ၊ ဟေမန် လက်ျာ ဘက်မှာ နေရာရှိသော အပေါင်းအဘော် အာသပ် တပါး၊  44 -  45 -  46 -  47  လေဝိ ၊ မေရာရိ ၊ မုရှိ ၊ မဟာလိ ၊ ရှမေရ ၊ ဗာနိ ၊ အံဇိ ၊ ဟိလခိ ၊ အာမဇိ ၊ ဟာရှဗိ ၊ မလ္လုတ် ၊ အာဖဒိ ၊ ကိရှိ တို့မှ ဆင်းသက်သော ဧသန် တပါးမှစ၍လက်ဝဲ ဘက်မှာ နေရာရှိသော အပေါင်းအဘော် ၊ မေရာရိ အမျိုးသား များတည်း။  48  သူ တို့၏ညီအစ်ကို ဖြစ်သော လေဝိ  သားတို့သည်၊ ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲ  တော်အမှု အမျိုးမျိုး စောင့်သောအရာ၌ ခန့်ထား ခြင်းကိုခံ ကြ၏။  49  အာရုန် နှင့် သူ ၏ သားစဉ် မြေးဆက်မူကား ၊ ယဇ်ကောင်ကို မီး  ရှို့ရာပလ္လင် နှင့် ၊ နံ့သာပေါင်း ကို မီးရှို့ရာ ပလ္လင် ပေါ် မှာပူဇော် လျက် ၊ အလွန် သန့်ရှင်းရာဌာနတော် အမှု အလုံးစုံ ကိုစောင့်လျက်၊ ဘုရားသခင် ၏ ကျွန် မောရှေ မှာထား သမျှ အတိုင်း ၊ ဣသရေလ အမျိုး၏ အပြစ် ကို ဖြေရသောသူဖြစ် ကြ၏။  50  အာရုန် ၏ သားမြေးမှာ၊ အာရုန်သား ကား ဧလာဇာ  ၊ ဧလာဇာ သား ဖိနဟတ် ၊ ဖိနဟတ်သား အဘိရွှ၊  51  အဘိရွှသား ဗုက္ကိ ၊ ဗုက္ကိသား ဩဇိ ၊ ဩဇိသား ဇေရဟိ၊  52  ဇေရဟိသား မရာယုတ် ၊ မရာယုတ်သား အာမရိ ၊ အာမရိသား အဟိတုပ်၊  53  အဟိတုပ်သား ဇာဒုတ် ၊ ဇာဒုတ်သား အဟိမတ် တည်း။  54  အာရုန် ၏ သားမြေးဖြစ်သော ကောဟတ် အဆွေအမျိုး တို့သည်၊ စာရေးတံ  ပြု သောအားဖြင့် ရ၍ နေရသောမြို့ နှင့် မြို့နယ် များဟူမူကား၊  55  ယုဒ ခရိုင် ၌ ဟေဗြုန် မြို့နှင့် မြို့နယ် ကိုရကြ၏။  56  သို့ရာတွင် မြို့ နှင့်ဆိုင်သောလယ် များ၊ ရွာ များတို့ကို ယေဖုန္န  သား ကာလက် သည်ရ၏။  57  ပြေး၍မှီခို ရာဟေဗြုန် မြို့မှတပါး၊ ယုဒခရိုင်ထဲက လိဗန  မြို့နှင့် မြို့နယ် ၊ ယတ္တိရ မြို့နှင့် မြို့နယ်၊ ဧရှတမော မြို့ နှင့် မြို့နယ်၊  58  ဟောလုန် မြို့နှင့် မြို့နယ် ၊ ဒေဗိရ မြို့နှင့် မြို့နယ်၊  59  အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့်မြို့နယ်၊ ဗက်ရှေမက် မြို့နှင့် မြို့နယ် တို့ကို၎င်း၊  60  ဗင်္ယာမိန် ခရိုင် ထဲက ဂိဗောင်မြို့နှင့်မြို့နယ်၊ ဂေဗ  မြို့နှင့် မြို့နယ် ၊ အာလမက် မြို့နှင့် မြို့နယ် ၊ အာနသုတ် မြို့နှင့် မြို့နယ် တို့ကို၎င်း၊ အာရုန်၏သားမြေးတို့သည် အဆွေအမျိုး အလိုက်ရ၍၊ မြို့ ပေါင်း ကား တဆယ် သုံး မြို့ တည်း။  61  ကြွင်း သော ကောဟတ် သား အဆွေအမျိုး တို့ သည် စာရေးတံ  အားဖြင့် ၊ မနာရှေ ခရိုင် ဝက် ထဲက မြို့ဆယ် မြို့ တို့ကို ရကြ၏။  62  ဂေရရှုံ သား အဆွေအမျိုး တို့သည် ဣသခါ ခရိုင် ၊ အာရှာ ခရိုင် ၊ နဿလိ ခရိုင် ၊ ဗာရှန် ပြည်မနာရှေ ခရိုင် ထဲက မြို့တဆယ် သုံး မြို့ တို့ကို ရကြ၏။  63  မေရာရိ သား အဆွေအမျိုး တို့သည် ရုဗင် ခရိုင် ၊ ဂဒ် ခရိုင် ၊ ဇာဗုလုန် ခရိုင် ထဲက မြို့တဆယ် နှစ် မြို့ တို့ကို ရကြ၏။  64  ဤမည်သော မြို့ တို့ကို မြို့နယ် နှင့်တကွ၊ ဣသရေလ  အမျိုးသားတို့သည် လေဝိ  သားတို့အား ပေး ကြ၏။  65  အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံ  ပြု၍၊ ယုဒ  အမျိုးသား ခရိုင် ၊ ရှိမောင် အမျိုးသား ခရိုင် ၊ ဗင်္ယာမိန် အမျိုးသား ခရိုင် ထဲက ပေး ကြ၏။  66  ကြွင်းသော ကောဟတ် သား အဆွေအမျိုး တို့ သည် ဧဖရိမ် ခရိုင် ထဲက ရ သည်အတိုင်း၊  67  ပြေး၍ခို နေရာ ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ ကို မြို့နယ် နှင့်တကွပေး ကြ၏။  68  ထိုမှတပါး၊ ဂေဇာ  မြို့နှင့် မြို့နယ် ၊ ယောကမံ မြို့ နှင့် မြို့နယ် ၊ ဗက်ဟောရုန် မြို့နှင့် မြို့နယ် တို့ကို၎င်း၊  69  ဒန်ခရိုင်ထဲကဧလတေကမြို့နှင့်မြို့နယ်၊ ဂိဗ္ဗသုန် မြို့နှင့်မြို့နယ်၊ အာဇလုန် မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တို့ကို၎င်း၊  70  မနာရှေ ခရိုင် ဝက် ထဲက အနေရ မြို့နှင့် မြို့နယ် ၊ ဗိလံ မြို့နှင့် မြို့နယ် တို့ကို၎င်း၊ ကြွင်း သောကောဟတ် သား အဆွေအမျိုး တို့အား ပေး ကြ၏။  71  ဂေရရှုံ သား တို့အား လည်း၊ မနာရှေ ခရိုင် ဝက် ထဲက ဗာရှန် ပြည် ဂေါလန် မြို့နှင့် မြို့နယ် ၊ အာရှတရုတ် မြို့နှင့် မြို့နယ် တို့ကို၎င်း၊  72  ဣသခါ ခရိုင် ထဲက ကေဒေရှ မြို့နှင့် မြို့နယ် ၊ ဒါဗရတ် မြို့နှင့် မြို့နယ်၊  73  ရာမုတ် မြို့နှင့် မြို့နယ် ၊ အာနင် မြို့နှင့် မြို့နယ် တို့ကို၎င်း၊  74  အာရှာ ခရိုင် ထဲက မိရှလ မြို့နှင့် မြို့နယ် ၊ အာဗဒုန် မြို့နှင့် မြို့နယ်၊  75  ဟုကုတ် မြို့နှင့် မြို့နယ် ၊ ရဟောဘ မြို့နှင့် မြို့နယ် တို့ကို၎င်း၊  76  နဿလိ ခရိုင် ထဲက ဂါလိလဲ ပြည်ကေဒေရှ မြို့နှင့် မြို့နယ် ၊ ဟမ္မုန် မြို့နှင့် မြို့နယ် ၊ ကိရယသိမ် မြို့နှင့် မြို့နယ် တို့ကို၎င်းပေးကြ၏။  77  ကြွင်း သောမေရာရိ သား တို့အား လည်း၊ ဇာဗုလုန် ခရိုင် ထဲက ရိမ္မုန် မြို့နှင့် မြို့နယ် ၊ တာဗော် မြို့နှင့် မြို့နယ် တို့ကို၎င်း၊  78  ယေရိခေါ မြို့အရှေ့ ၊ ယော်ဒန် မြစ်တဘက် ၊ ရုဗင် ခရိုင် ထဲက တော ၌ ဗေဇာ မြို့နှင့် မြို့နယ် ၊ ယာဇ မြို့နှင့် မြို့နယ်၊  79  ကေဒမုတ် မြို့နှင့် မြို့နယ် ၊ မေဖတ် မြို့နှင့် မြို့နယ် တို့ကို၎င်း၊  80  ဂဒ် ခရိုင် ထဲက ဂိလဒ် ပြည်၌ ရာမုတ် မြို့နှင့် မြို့နယ် ၊ မဟာနိမ် မြို့နှင့် မြို့နယ်၊  81  ဟေရှဘုန် မြို့နှင့် မြို့နယ် ၊ ယာဇာ မြို့နှင့် မြို့နယ် တို့ကို၎င်းပေးကြ၏။