10
 1  တဖန်  ငါကြည့်ရှု ၍ ၊ ခေရုဗိမ် ၏ခေါင်း တို့ အထက် မိုဃ်း မျက်နှာကြက်၌ နီလာ ကျောက် ကဲ့သို့ ၊ ရာဇ  ပလ္လင် ၏ သဏ္ဌာန် အရောင် သည် ထင်ရှား ၏။  2  ပိတ် အဝတ်ကိုဝတ် သောသူ အား  လည်း ၊ ရထား ဘီး  တို့အကြား မှာ ခေရုဗိမ် အောက် သို့ ဝင် လော့။ ခေရုဗိမ်  အကြား မှာရှိသော မီးခဲ  တို့ကို လက် နှစ်ဘက်နှင့်  ကျုံးပြီးလျှင် ၊ မြို့ အပေါ် မှာ ဖြန့်ကြဲ လော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့ မျက်မှောက် ၌ သွား ၏။  3  ဝင် သောအခါ  ခေရုဗိမ် တို့သည် အိမ် တော် လက်ျာ ဘက်မှာ ရပ် ၍ ၊ အတွင်း တန်တိုင်း သည် မိုဃ်းတိမ် နှင့် ပြည့် ၏။  4  ထာဝရဘုရား ၏ ဘုန်း တော်သည် ခေရုဗိမ်  အပေါ် က  အိမ် တော်တံခါး ခုံအထက်သို့  တက် ရွှေ့၍ ၊ အိမ် တော်သည် မိုဃ်းတိမ် နှင့် ပြည့် ၏။ တန်တိုင်း သည် လည်း ၊ ထာဝရဘုရား  ၏ ဘုန်း တော်အရောင် နှင့်ပြည့် ၏။  5  အနန္တ တန်ခိုးရှင်ဘုရားသခင် မိန့် မြွက်တော်မူသော  အသံ ကဲ့သို့ ခေရုဗိမ် အတောင် တို့၏ အသံ  ကို ကြား  ရ၏။  6  ပိတ် အဝတ်ကိုဝတ် သောသူ အားလည်း၊ ရထား ဘီး  အကြား ထဲက  မီး ကိုယူ လော့ဟု မိန့် တော်မူသောအခါ ၊ ထိုသူသည်ဝင် ၍  ဘီး တို့အနား ၌ ရပ် နေ၏။  7  ခေရုဗိမ် တပါးသည် ခေရုဗိမ် စုထဲက  လက် ကို ဆန့် ၍ ၊ ခေရုဗိမ် အကြား မှာရှိသော  မီး ကိုယူ ပြီးလျှင် ၊ ပိတ် အဝတ်ကို ဝတ် သောသူလက် ၌  ထည့် ၏။ ထိုသူလည်း  ခံယူ ၍ ထွက်သွား ၏။  8  ခေရုဗိမ် အတောင် အောက် ၌ လူ  လက် ကိုလည်း  ငါမြင် ၏။  9  ငါကြည့်ရှု ၍ ၊ ခေရုဗိမ် တို့အနား မှာ ရထားဘီး  တခု စီရှိ၏။ ဘီး  တို့သည် ကျောက် မျက်ရွဲ၏ အဆင်း  အရောင် ရှိ၏။  10  ဘီး လေး ခုတို့သည်ပုံသဏ္ဌာန် တညီ တည်းရှိ၍၊ ဘီး  တခုထဲ ၌  ဘီး တခုတပ်သကဲ့သို့ ရှိ ကြ၏။  11  သွား သောအခါ  ဘီး လေး မျက်နှာ တညီတည်း နေ၍၊ မ  လှည့် ဘဲ သွား တတ်ကြ၏။ ခေါင်း မျက်နှာ ပြုသော  ဘက် သို့လိုက် ၍  မ လှည့် ဘဲ သွား ကြ၏။  12  ဘီး လေး ခုနှင့်တကွခေရုဗိမ်လေးပါးတို့သည် ကျော ၊ လက် ၊ အတောင် မှစ၍ တကိုယ်လုံး ၌ မျက်စိ နှင့်ပြည့် ကြ၏။  13  ထို ဘီး တို့ကို စကြာ ဟူသောအမည်ဖြင့်  သမုတ်  သည်ကို ငါ ကြား ၏။  14  ခေရုဗိမ် တို့သည် မျက်နှာ လေး ခုစီရှိ၍၊ ပဌမ  မျက်နှာ သည်ခေရုဗိမ်မျက်နှာ ၊ ဒုတိယ  မျက်နှာ သည် လူ  မျက်နှာ ၊ တတိယ  မျက်နှာသည် ခြင်္သေ့ မျက်နှာ ၊ စတုတ္ထ  မျက်နှာသည် ရွှေလင်းတ မျက်နှာ ဖြစ်၏။  15  ထိုခေရုဗိမ် တို့သည် ချီကြွ လျက် ရှိကြ၏။ ဤ  သည်ကား၊ ခေဗာ  မြစ် နား မှာ ငါမြင် ဘူးသော  သတ္တဝါ  ပေတည်း။  16  ခေရုဗိမ် တို့သည် သွား သောအခါ  ဘီး တို့သည် ထက်ကြပ်လိုက် ကြ၏။ ခေရုဗိမ် တို့သည် မြေကြီး မှ  တက် အံ့သောငှါ အတောင် တို့ကို ဖြန့် သောအခါ ၊ ဘီး  တို့ သည် မ  ကွာ ဘဲလိုက်ကြ၏။  17  သူ တို့ရပ် သောအခါ  ဘီးတို့သည်ရပ် ကြ၏။ သူ  တို့သည် မြေကြီး နှင့် ကွာ ၍  တက် သောအခါ ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက် ကြ၏။ အကြောင်း မူကား၊ သတ္တဝါ ၏ ဝိညာဉ် သည် ဘီးတို့၌ရှိ၏။  18  ထိုအခါ  ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်တံခါး ခုံမှ  ရွှေ့ ၍ ခေရုဗိမ် အပေါ် မှာ တည် လေ ၏။  19  ထိုခေရုဗိမ် တို့သည် ငါ့ မျက်မှောက် ၌  အတောင် တို့ကို ဖြန့် ပြီးလျှင် ၊ မြေကြီး နှင့် ကွာ၍  တက် ကြ၏။ ပြင်သို့ ထွက် သောအခါ  ဘီး တို့သည် လိုက်ကြ၏။ ထာဝရဘုရား  ၏ အိမ် တော်ရှေ့ တံခါးဝမှာ ရပ် ၍ ၊ ဣသရေလ  အမျိုး၏ ဘုရားသခင် ဘုန်း တော်သည် သူ  တို့အပေါ် မှာ တည်လျက် ရှိ၏။  20  ဤ သည်ကား၊ ခေဗာ  မြစ် နား မှာ ဣသရေလ  အမျိုး၏ ဘုရားသခင့် အောက် ၌ ငါမြင် ဘူးသော  သတ္တဝါ  ပေတည်း။ ခေရုဗိမ် ဖြစ်သည်ကို လည်း  ငါသိ ၏။  21  သူ တို့သည် မျက်နှာ လေး ခုစီ ၊ အတောင် လေး လုံး စီ  ရှိ၍၊ အတောင် အောက် ၌ လူ  လက် သဏ္ဌာန် ရှိ၏။  22  မျက်နှာ ပုံ ကား ၊ ခေဗာ  မြစ် နား မှာ ငါမြင် ဘူး သော  မျက်နှာ နှင့်တူ၏။ ကိုယ် အဆင်း အရောင်လည်း  တူ၏။ ထို  သူလေးပါးတို့သည် တည့်တည့် သွား တတ်ကြ၏။