7
 1  ဒါရိ မင်းကြီး နန်းစံလေး နှစ် ၊ ခိသလု  မည် သော နဝမ  လ လေး ရက်နေ့တွင် ၊  2  ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ ၎င်း ၊  3  နှစ် ပေါင်းများစွာ ပြု သကဲ့သို့ ပဉ္စမ လ တွင်  ငိုကြွေး ၍  ခြိုးခြံစွာကျင့် ရပါမည်လောဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ အိမ် တော်၌ ရှိသောယဇ် ပုရောဟိတ် နှင့်  ပရောဖက် တို့အား  မေးလျှောက် ခြင်းငှါ ၎င်း ၊ ရှရေဇာ ၊ ရေဂင်္မေလက် နှင့်  သူ တို့လူ များကို ဘုရားသခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊  4  ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  ၏ နှုတ်ကပတ် တော်သည် ငါဇာခရိ သို့  ရောက် လာ၍ ၊  5  ယဇ်ပုရောဟိတ် တို့နှင့်  ပြည်သူ ပြည်သားအပေါင်း တို့အား  သင်ဆင့်ဆို ရမည်မှာ၊ အနှစ် ခုနစ် ဆယ် ပတ်လုံးသင်တို့သည် ပဉ္စမ  လနှင့်  သတ္တမ လတွင်  အစာရှောင်  ၍  ငိုကြွေး မြည်တမ်းသောအခါ ၊ အကယ် စင်စစ်ငါ့ အလိုရှိသည်အတိုင်း ငါ့ အားအစာ ရှောင်ကြသလော ။  6  စား သောက် သောအခါ ၌လည်း  ကိုယ် အလို အလျောက်စား သောက် ကြသည်မ ဟုတ်လော ။  7  ယေရုရှလင် မြို့မပျက်၊ စည်ပင်၍ ပတ်လည် ၌ ရှိသောမြို့ ရွာ၊ တောင် မျက်နှာအရပ်နှင့်  မြေညီ သော အရပ်၌ လူများသေးသောအခါ၊ ရှေး ပရောဖက် တို့ဖြင့်  ထာဝရဘုရား ကြွေးကြော် တော်မူသော အမိန့် တော် ပြည့်စုံ ပြီမ ဟုတ်လော ဟု မိန့်တော်မူ၏။  8  ထိုအခါ  ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ဇာခရိ  သို့  ရောက် လာသည်ကား၊  9  တရား အမှုကို တရား  သဖြင့် စီရင် ကြလော့။ သနားခြင်းကရုဏာ စိတ်နှင့်  တယောက် ကို တယောက်ကျေးဇူး ပြု ကြလော့။  10  မိဘ မရှိသောသူ၊ မုတ်ဆိုးမ ၊ တကျွန်း တနိုင်ငံသား၊ ဆင်းရဲသား ကို မ  ညှဉ်းဆဲ ကြနှင့်။ တယောက် ကို တယောက်မ ကောင်းသောအကြံကို မ  ကြံ ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  မိန့် တော်မူသော်လည်း  ၊  11  သူတို့သည်  နားမထောင်ဘဲလွတ် အောင် ရုန်းကြ ၏။ မကြား စေခြင်းငှါ နား  ကို ပိတ် ကြ၏။  12  တရား စကားကို၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  ၏ဝိညာဉ် တော်သည် ရှေး ပရောဖက် တို့ဖြင့်  ထား တော်မူသောစကား ကို၎င်းသူတို့သည် မကြား စေ ခြင်းငှါ၊ မိမိ  တို့နှလုံး ကို စိန် ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား  သည် အလွန် အမျက် ထွက်တော်မူ၏။  13  ငါဟစ်ခေါ် ၍  သူတို့သည် နား  မ ထောင်သကဲ့သို့ ၊ တဖန်  သူတို့သည် ဟစ်ခေါ် ၍  ငါလည်း နား  မ ထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား  မိန့်  တော်မူ၏။  14  သူတို့မ သိ သော လူမျိုး အပေါင်း တို့တွင်  လေဘွေ တိုက်၍ ငါလွှင့်ပြီ။ ထိုကြောင့် ၊ သူ  တို့ ပြည် သည် လူ ဆိတ်ညံ လျက် ရှိ၍ အဘယ်သူမျှမသွား မလာ ။ သာယာ  သော ပြည် သည် သုတ်သင် ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့် တော်မူ၏။