30
 1  တဖန် ထာဝရဘုရား မိန့် တော်မူသော စကား ကို မောရှေ သည်၊ ဣသရေလ  အမျိုးသား တို့တွင် အမျိုးအနွယ် တို့၌ မင်း ဖြစ်သောသူတို့အား ဆင့်ဆို သည်ကား၊  2  လူ ယောက်ျားသည် ထာဝရဘုရား  အား သစ္စာ ဂတိပြုသော်၎င်း ၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ၍ ကျိန်ဆို ခြင်းကို ပြုသော်၎င်း၊ မိမိ  ပြောသောစကား ကို မ  ဖျက် ဘဲ၊ မိမိ  နှုတ် ထွက် ရှိသည်အတိုင်း ပြု ရမည်။  3  မိန်းမ သည် အဘ  အိမ် ၌ အသက် ငယ်စဉ်အခါ၊ ထာဝရဘုရား  အား သစ္စာ ဂတိပြုသော်၎င်း၊  4  ထိုသစ္စာ စကား၊ ကိုယ် စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားကို အဘ  သည် ကြား လျက် တိတ်ဆိတ် စွာ နေလျှင် ထိုသစ္စာ  စကားရှိသမျှ တို့နှင့် ကိုယ် စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားဟူသမျှ တို့သည် တည် ရကြမည်။  5  သို့မဟုတ် အဘ သည် ကြား သောနေ့ ၌ မြစ်တား လျှင်၊ ထိုသစ္စာ  စကားမည်မျှ၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကား မည်မျှမ တည် ရ။ အဘ  မြစ်တား သောကြောင့် ၊ ထာဝရဘုရား လွှတ် တော်မူမည်။  6  မိန်းမသည် လင် ရှိ လျက်၊ သစ္စာဂတိ  ပြု၍ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းငှာနှုတ် မြွက် သောအခါ၊  7  လင် သည် ကြား လျှင် ၎င်း၊ ကြား သောနေ့ ၌ တိတ်ဆိတ် စွာနေလျှင်၎င်း၊ ထိုသစ္စာ  စကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကား တည် ရမည်။  8  သို့မဟုတ် လင် သည် ကြား သောနေ့ ၌ မြစ်တား လျှင် ၊ ထိုသစ္စာ စကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားကို လင်သည်ပယ် ၍ ၊ ထာဝရဘုရား လည်း လွှတ် တော်မူမည်။  9  လင် သေသောမိန်းမ၊ လင်နှင့်ကွာ သော မိန်းမသည် ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော သစ္စာ  ဂတိ အလုံးစုံ  တို့သည် တည် ရကြမည်။  10  လင် အိမ် ၌ ရှိစဉ်အခါ၊ သစ္စာ  ဂတိပြုသော်၎င်း ၊ ကျိန်ဆို ခြင်းအားဖြင့် ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော်၎င်း၊  11  လင် သည် ကြား သော်လည်း မ မြစ်တား တိတ်ဆိတ် စွာနေလျှင် ၊ ထိုသစ္စာ ဂတိရှိသမျှ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းရှိသမျှ တို့သည် တည် ရကြမည်။  12  သို့မဟုတ် လင် သည် ကြား သောနေ့ ၌ ရှင်းရှင်းပယ် ဘူးလျှင် ၊ သစ္စာ ဂတိနှင့်၎င်း ၊ စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းနှင့်၎င်း ဆိုင်သော စကား  မည်မျှမ တည် ရ။ လင် သည် ပယ် သောကြောင့် ၊ ထာဝရဘုရား လည်း လွှတ် တော်မူမည်။  13  ခပ်သိမ်း သောသစ္စာ ဂတိ၊ ခြိုးခြံ စွာကျင့် ခြင်းနှင့် ဆိုင်သမျှ သောအချည်အနှောင် ကျိန်ဆို ခြင်းတို့ကို၊ လင် သည် တည် စေပိုင်သောအခွင့်၊ ပယ် ပိုင်သော အခွင့်ရှိ၏။  14  လင် သည် တနေ့  ထက်တနေ့တိတ်ဆိတ် စွာနေ လျှင် ၊ မယား ပြုသောသစ္စာ ဂတိရှိသမျှ တို့နှင့် မယား  ၌ ချည်နှောင် ခြင်း ရှိသမျှ တို့ကို တည် စေ၏။ ကြား သောနေ့ ၌ တိတ်ဆိတ် စွာ နေသောကြောင့် တည် စေပြီ။  15  ထိုစကားကို ကြား သောနေ့နောက်မှ ၊ လင်သည် ပယ် အံ့သောငှါပြုလျှင် ၊ မယား အပြစ် ကို ကိုယ်တိုင်ခံရ မည်။  16  ဤရွေ့ကား ၊ မယား နှင့်လင် စပ်ကြား ၌၎င်း၊ အဘ  အိမ် မှာ အသက် နုငယ်သောသမီး နှင့် အဘ  စပ်ကြား ၌၎င်း၊ မောရှေ အားဖြင့်ထာဝရဘုရား ထား တော်မူသော ပညတ် တရားဖြစ်သတည်း။