6
 1  တဖန် မောရှေ အား ထာဝရဘုရား က၊  2  သင်သည် ဣသရေလ  အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ထာဝရဘုရား  အဘို့ မိမိကိုခြားနား စေ၍ နာဇရိ  သစ္စာ ပြုခြင်းငှါ ၊ မိမိကို မိမိခွဲထားသောအခါ၊  3  စပျစ်ရည် နှင့် ယစ် မျိုးကို ရှောင် ရမည်။ စပျစ်ရည် ချဉ် နှင့် ယစ် မျိုးချဉ် ကိုလည်း မ  သောက် ရ။ စပျစ်သီး ဖြင့် လုပ်သောအရည် ကိုအလျှင်း မ  သောက် ရ။ စပျစ်သီး အစိမ်း အခြောက် ကိုလည်း မ စား ရ။  4  ခြားနား လျက်နေသောကာလ ပတ်လုံး ၊ စပျစ်သီးအဆန် ၊ စပျစ်သီးအခွံ မှစ၍စပျစ်ပင် က ဖြစ် သမျှ ကို မ  စား ရ။  5  ခြားနား ခြင်းသစ္စာ စောင့်သော ကာလ  ပတ်လုံး ဦးဆံ ကို မ  ရိတ် ရ။ ထာဝရဘုရား  အဘို့ မိမိကို ခြားနား စေ သော  ကာလ မ စေ့ မှီတိုင်အောင်၊ သူသည် သန့်ရှင်း ရ သဖြင့်၊ မိမိ  ဆံပင် ကို အလိုအလျောက်တိုးပွား စေမည်။  6  ထာဝရဘုရား အဘို့ မိမိ ကိုခြားနား စေသော ကာလ  ပတ်လုံး ၊ အသေကောင် ကို မ  ချဉ်း မကပ်ရ။  7  သူ ၏ဘုရားသခင် အဘို့ သူ  ၏ခေါင်း ကို ခြားနား စေသောကြောင့် ၊ မိ ဘ ၊ ညီအစ်ကို ၊ နှမ သေ သော်လည်း ၊ ညစ်ညူး ခြင်းကိုမ ခံရ။  8  ခြားနား လျက်နေသောကာလ ပတ်လုံး ၊ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။  9  သူ့ အနား မှာ တစုံတယောက်သောသူသည် ချက်ခြင်း သေ ၍ ၊ သူသည် ခြားနား စေသောခေါင်း ကို ညစ်ညူး စေလျှင် ၊ စင်ကြယ် စေသောနေ့ တည်းဟူသောသတ္တမ နေ့ ၌ ဦးဆံ ကိုရိတ် ရမည်။  10  အဌမ နေ့ ၌ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေး ရာ တဲ  တော်တံခါး ရှေ့ ၊ ယဇ်ပုရောဟိတ် ထံသို့ ဆောင် ခဲ့ရမည်။  11  ယဇ်ပုရောဟိတ် သည်လည်း ၊ အပြစ် ဖြေရာယဇ် ဘို့  တ ကောင်၊ မီးရှို့ ရာယဇ်ဘို့ တ ကောင်ကို ပူဇော် ၍ ၊ ထိုသူ ၌ အသေကောင် အားဖြင့် ရောက်သော အပြစ် ဖြေခြင်းကို ပြုပြီးမှ ၊ ထိုနေ့ခြင်း တွင် သူ ၏ခေါင်း ကို သန့်ရှင်း စေ ရမည်။  12  အရင်ခြားနား စေသော ကာလ  ကို ထာဝရဘုရား  အဘို့ တဖန် ခြားနား စေ၍၊ အခါမလည် သော သိုးသငယ် တကောင်ကို ဒုစရိုက် ဖြေရာ ယဇ်ပြု၍ ပူဇော် ရမည်။ အရင်ခြားနား ခြင်းပျက် သောကြောင့် ၊ လွန် သောကာလ ပျောက် ရမည်။  13  ခြားနား ၍ နေသောကာလ  စေ့ ပြီးမှ၊ နာဇရိ  လူ စောင့်ရသောတရား ဟူမူကား ၊ သူသည် ပရိသတ်စည်းဝေး ရာ တဲ  တော်တံခါး ရှေ့သို့ လာ ၍ ၊  14  မီးရှို့ ရာယဇ်ဘို့ အခါမလည် ၊ အပြစ် မပါသော သိုးသငယ် အထီးတ ကောင်၊ အပြစ် ဖြေရာယဇ်ဘို့ အခါမလည် ၊ အပြစ် မပါသော သိုးသငယ် အမတ ကောင်၊ မိဿဟာယ ယဇ်ဘို့ အပြစ် မပါသောဆိတ် တ ကောင်၊  15  ဆီ ရော သောမုန့်ညက် နှင့်လုပ်သော မုန့်ပြား ၊ ဆီ လူး သော တဆေးမဲ့  မုန့်ကြွပ် တည်းဟူသောတဆေးမဲ့ မုန့်တတောင်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ထာဝရဘုရား  အား ဆက် ရမည်။  16  ထိုပူဇော်သက္ကာများကို၊ ယဇ်ပုရောဟိတ် သည် ထာဝရဘုရား  ထံ တော်သို့သွင်း ၍ ၊ အပြစ် ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်ကို ပူဇော် ရမည်။  17  တဆေးမဲ့ မုန့်တတောင်း နှင့်တကွ ၊ မိဿဟာယ ယဇ်ဆိတ် ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရား  အား ပူဇော် ရမည်။  18  နာဇရိ လူသည်၊ ပရိသတ်စည်းဝေး ရာ တဲ  တော် တံခါး နားမှာ၊ မိမိ  ခြားနား သော ဦးဆံ  ကိုရိတ် ၍ ၊ ထိုဆံ ကို မိဿဟာယ ယဇ်အောက် ၌ရှိသောမီး ထဲမှာ ထည့် ရမည်။  19  ခြားနား သော ဦးဆံကိုရိတ် ပြီးမှ ၊ ယဇ်ပုရောဟိတ် သည် ပြုတ် သော ဆိတ် ပခုံး တဘက်၊ တောင်း ထဲက တဆေးမဲ့ မုန့်ပြား တ ပြား၊ တဆေးမဲ့  မုန့်ကြွပ် တ ချပ်ကို ယူ  ၍၊ နာဇရိ  လူလက် ၌ ထည့် ပြီးလျှင် ၊  20  ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာပူဇော်သက္ကာဘို့ ချီလွှဲ ရမည်။ ထိုအရာတို့သည်၊ ချီလွှဲ ရာရင်ပတ် ၊ ချီလွှဲရာ ပခုံး  နှင့်တကွ၊ ယဇ်ပုရောဟိတ် အဘို့ သန့်ရှင်း ရမည်။ ထိုနောက်မှ ၊ နာဇရိ လူသည် စပျစ်ရည် ကို သောက် ရသောအခွင့်ရှိ၏။  21  ဤရွေ့ကား ၊ သစ္စာ ပြုသော နာဇရိ လူသည်၊ အလိုအလျောက်တတ်နိုင် သမျှ မှတပါး၊ မိမိ  ခြားနား ခြင်းအတွက် ၊ ထာဝရဘုရား အား ဆက်ရသောပူဇော်သက္ကာ နှင့် ဆိုင် သော တရား  ပေတည်း။ သစ္စာ  ပြုသည်အတိုင်း ၊ ခြားနား ခြင်းတရား နှင့်အညီ ပြု ရမည်ဟု မိန့်တော်မူ၏။  22  တဖန် မောရှေ အား ထာဝရဘုရား က၊  23  သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည်၊ ဣသရေလ  အမျိုးသား တို့အား ကောင်းကြီး ပေး၍ မြွက် ရသောစကားဟူမူကား ၊  24  ထာဝရဘုရား သည်၊ သင့် ကို ကောင်းကြီး ပေး၍ စောင့်မ တော်မူပါစေသော။  25  ထာဝရဘုရား သည်သင် ၌ မျက်နှာ တော်အလင်း ကို လွှတ်၍ ကရုဏာ ကျေးဇူးပြုတော်မူပါစေသော၊  26  ထာဝရဘုရား သည် သင့် ကို မြော်ကြည့် ၍ ချမ်းသာ ပေး တော်မူပါစေသောဟု၊  27  ဣသရေလ အမျိုးသား တို့ အပေါ် မှာ ငါ့ နာမ ကို မြွက်ဆို၍ တင် လျှင် ၊ ငါ သည်ထိုသူ တို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့် တော်မူ၏။