12
 1  ဧဖရိမ် အမျိုးသား တို့သည် စည်းဝေး ၍ မြောက် သို့ ချီ သွားလျှင် ၊ ယေဖသ အား သင်သည် ငါ တို့ကို မ  ခေါ် ဘဲ၊ အမ္မုန် အမျိုးသား တို့ကို အဘယ်ကြောင့် တိုက် ခြင်းငှါ သွား သနည်း။ သင့် အိမ် ကို သင့် အပေါ် မှာ မီးရှို့ မည်ဟု ဆို  ကြသော်၊  2  ယေဖသ က၊ ငါ နှင့် ငါ ၏လူ တို့သည် အမ္မုန် အမျိုးသား တို့နှင့် ကြီး သောအမှု ရှိ စဉ်အခါ၊ သင် တို့ကို ငါခေါ် သော်လည်း ၊ သင်တို့သည် အမ္မုန် လူတို့လက် မှ ငါ့ ကို မ ကယ် မနှုတ်ဘဲ နေကြ၏။  3  မ ကယ် မနှုတ်ကြောင်း ကို ငါသည် သိမြင် သောအခါ ၊ ကိုယ် အသက် ကို စွန့်စား လျက် အမ္မုန် အမျိုးသား တို့ကို တိုက်ခြင်းငှါသွား ၍ ထာဝရဘုရား သည် သူ  တို့ကို ငါ့ လက် ၌ အပ် တော်မူ၏။ သင်တို့သည် ငါ့ ကို တိုက် ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာ ကြသနည်းဟု ပြောဆို ပြီးလျှင်၊  4  ဂိလဒ် ပြည်သား အပေါင်း တို့ကို စုဝေး  စေ၍ ဧဖရိမ် အမျိုးကို တိုက် ကြ၏။ ဧဖရိမ် လူတို့က၊ သင် တို့သည် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးထဲက ထွက်ပြေး ၍ အမျိုးမစစ်သောသူဖြစ်သည်ဟု ဂိလဒ် ပြည်သားတို့ကို ကဲ့ရဲ့  ဘူးသောကြောင့် ၊ ဧဖရိမ် လူတို့ကို လုပ်ကြံ ကြ၏။  5  ဂိလဒ် လူတို့သည် ဧဖရိမ် လူတို့ရှေ့မှာ ယော်ဒန် မြစ်ကူး ရာအရပ်တို့ကို ဆီးတား  ၍ ပြေးလွတ် သော ဧဖရိမ် လူက၊ ကူး  ပါရစေဟု အခွင့်တောင်း သောအခါ ၊ ဂိလဒ် လူ တို့က၊ သင် သည် ဧဖရိမ် အမျိုးသားဖြစ်သလော ဟုမေး  စစ်သော် ၊ သူက မဟုတ် ပါဟု ဆို  လျှင်၊  6  သူတို့က၊ ရှိဗောလက် ဟူသောစကားကို ပြော တော့ဟုဆို သော် ၊ ဧဖရိမ်လူသည် ထိုစကားကို ပြီ အောင် မ  ပြော တတ် ဘဲ သိဗောလက် ဟု ပြော ၏။ ထိုသို့ပြောသောသူ ကို ဘမ်းဆီး ၍ ယော်ဒန် မြစ်ကူး ရာအရပ်၌ သတ် ကြ၏။ ထိုအခါ ဧဖရိမ် အမျိုးသားလေးသောင်း နှစ်ထောင်သေ ကြ၏။  7  ဂိလဒ် ပြည်သားယေဖသ သည် ဣသရေလ  အမျိုးကို ခြောက် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဂိလဒ် မြို့တမြို့ ၌ သင်္ဂြိုဟ် လေ၏။  8  ယေဖသ နောက်မှ ဗက်လင် မြို့သားဣဗဇန် သည်၊ ဣသရေလ  အမျိုးကို အုပ်စိုး ၏။  9  ထိုမင်း သည် သား  သုံးဆယ် ၊ သမီး သုံးဆယ် ရှိ ၏။ သမီးများကို အခြား တပါးသို့ စေလွှတ် ၍ ချွေးမ သုံးဆယ် ကို သိမ်း ထား၏။  10  ဣဗဇန် သည် ဣသရေလ  အမျိုးကို ခုနစ် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဗက်လင် မြို့၌ သင်္ဂြိုဟ် လေ၏။  11  ဣဗဇန် နောက်မှ ဇာဗုလုန် အမျိုးသားဧလုန် သည်၊ ဣသရေလ  အမျိုးကို ဆယ် နှစ် အုပ်စိုး ၏။  12  ထိုမင်း သေ ၍ ဇာဗုလုန် ခရိုင် ၊ အာဇလုန် မြို့၌ သင်္ဂြိုဟ် လေ၏။  13  ဧလုန် နောက်မှ ပိရသုန် မြို့နေ ဟိလေလ  ၏သား အာဗဒုန် သည်၊ ဣသရေလ  အမျိုးကို အုပ်စိုး ၏။  14  ထိုမင်း သည် သား  လေးဆယ် ၊ မြေး သုံးဆယ် ရှိ ၍ သားမြေးတို့သည် ခုနစ်ဆယ် သော မြည်း သငယ်တို့ကို စီး  ကြ၏။  15  ပိရသုန် မြို့နေဟိလေလ သား အာဗဒုန် သည်၊ ဣသရေလ  အမျိုးကို ရှစ် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဧဖရိမ် ခရိုင် ၊ ပိရသုန် မြို့၊ အာမလက် တောင် ပေါ် မှာ သင်္ဂြိုဟ် လေ၏။