6
 1  လာ ကြ။ ထာဝရဘုရား  ထံ တော်သို့ ပြန် ကြကုန်အံ့။ ကိုယ်တော် သည် ကိုက်ဖြတ် သော်လည်း ပကတိ  ဖြစ်စေတော်မူမည်။ ဒဏ်ခတ် သော်လည်း အနာကို စည်း တော်မူမည်။  2  နှစ် ရက်လွန်ပြီးမှ ငါ တို့ကို အသက်ရှင် စေ၍၊ သုံး  ရက်မြောက်သောနေ့ ၌  ထမြောက် စေတော်မူသဖြင့် ၊ အထံ  တော်၌  ငါတို့သည် အသက်ရှင် ကြလိမ့်မည်။  3  ပညာ ကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရား  ကို သိ  ခြင်းငှါ လိုက် ရှာကြလိမ့်မည်။ ထွက် တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ် လိမ့်မည်။ ရွာသောမိုဃ်း နှင့် မြေ အပေါ်သို့ ရွာ သော နောက် မိုဃ်းကဲ့သို့  သက်ရောက် တော်မူလိမ့်မည်။  4  အိုဧဖရိမ် ၊ သင် ၌  အဘယ် သို့ငါပြု ရမည်နည်း။ အိုယုဒ  ၊ သင် ၌  အဘယ် သို့ငါပြု ရမည်နည်း။ သင် တို့ကြည်ညို သောစိတ် သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း  ၊ စောစော  ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ဖြစ်၏။  5  ထိုကြောင့် သူတို့ကို ပရောဖက် များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ် ရပြီ။ ငါ့ နှုတ်ထွက် စကား  အားဖြင့် သတ် ရပြီ။ ငါ့စီရင် ချက်တို့သည်လည်း  ထွန်းလင်းသော အလင်း ကဲ့သို့ဖြစ် ကြပြီ။  6  ယဇ် ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာ အကျင့်ကို၎င်း၊ မီးရှို့ ရာယဇ်ပူဇော်ခြင်းထက်  ဘုရား သခင်နှင့် ကျွမ်းဝင် ခြင်းကို၎င်းငါနှစ်သက် ၏။  7  သူ တို့သည် အာဒံ  ကဲ့သို့ ပဋိညာဉ် ကို လွန်ကျူး ကြပြီ။ နေရင်း အရပ်၌ ငါ့ သစ္စာ ကို ဖျက်ကြပြီ။  8  ဂိလဒ် မြို့ သည် အဓမ္မ  ပြု သောသူတို့ နေရာ ဖြစ်၍၊ လူအသွေး နှင့်  စွန်း သော ခြေရာများ၏။  9  ထားပြ အလုံးအရင်းသည် ခရီးသွားသောသူ ကို ချောင်း ၍ ကြည့်သကဲ့သို့ ၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင် မြို့သို့ သွားသော လမ်း ၌ ပင် အသက် ကိုသတ်  တတ်ကြ၏။  10  အကယ်စင်စစ်အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက် ဘွယ်သောအမှုကို ဣသရေလ  အမျိုး ၌  ငါမြင် ပြီ။ ထို  အမျိုး၌ ဧဖရိမ် သည် မှားယွင်း တတ်၏။ ဣသရေလ  သည် ညစ်ညူး ခြင်းရှိ၏။  11  ထို မှတပါး၊ အိုယုဒ  အမျိုး၊ သိမ်း သွားသော ငါ ၏လူ တို့ကို ငါ ဆောင်ခဲ့ ပြန်သောအခါ ၊ စပါး  ရိတ်ရာကာလသည် သင့် အဖို့  ခန့်ထား လျက်ရှိ၏။